ကျမတို.လို နိုင်ငံရပ်ခြား ရောက်နေတဲ့ ဆရာဝန်တွေ အတွက် “ဘာကြောင့် ကိုယ့်နိုင်ငံတော်ကို အလုပ်အကျွေးမပြုဘဲ နိုင်ငံရပ်ခြား ရောက်နေရလဲ” ပြောတဲ့သူကလဲ ပြောကြပါလိမ့်မယ်။ အပြစ်တင် ဝေဖန်သူတွေကလဲ ဝေဖန်ကြပါလိမ့်မယ်။ ဘယ်သူကတော့ သူတပါး တိုင်းပြည်မှာ နေချင်ပါ့မလဲလေ။ အကြောင်း အမျိုးမျိုးကြောင့် ရေခြားမြေခြားမှာ အဆင်ပြေသလို နေထို်င်နေကြပေမယ့် အားလုံးက ကိုယ့်ရဲ့ မွေးရပ် အမိပြည်ကိုတော့ မကြာခဏ လွမ်းမိကြ ပြန်လာချင်ကြ တာပါဘဲ။ ကဲ အဲဒီ နိုင်ငံဗျူဟာ နည်းပညာတွေ ကျမလဲ မပြောတတ် မပြောချင်တော့၊ အသာဘေးမှာ ခဏထား လိုက်ပါမယ်။ ဒီစာ ရေးဖြစ်ရတဲ့ အကြောင်းက အငယ်တန်းက အသိ သူငယ်ချင်း ဆရာဝန်လေးတွေ မကြာခဏ အီးမေး ပို.ပြီး ဒီနိုင်ငံ အကြောင်းမေးတုန်းက တတ်နိင်သလောက် တယောက်ချင်းဆီ ပြန်ပေမယ့် အသေးစိတ်တော့ မရေးနိုင်ခဲ့ပါဘူး။ ဒီတခါတော့ ဒီမှာ ကျမတို.လဲ အောင်မြင်မှု မရခင် ဘယ်လောက် အခက်အခဲတွေနဲ. ရုန်းကန်ရတယ် ဆိုတာ မြန်မာလို ရေးချင်လာလို.ပါ။ မြန်မာလို စာရိုက်တာလဲ နဲနဲ မြန်လာပြီဆိုတော့ ... အဟဲ
ကျမ ဘွဲ.ရပြီး ဒီအင်္ဂလန်ကို ထွက်လာတော့ အင်္ဂလန်မှာ အလုပ်တွေက အရမ်းခက်နေတဲ့ အချိန်။ ဒီမှာ အစိုးရရဲ. (EU) European နိုင်ငံတွေနဲ. စပေါင်းစီးပြီး "equal opportunity" အလုပ်ခန်.ရာမှာ အားလုံးတန်းတူ အခွင့်အရေးတူ ရစေရမယ် ဆိုတဲ့ ဥပဒေကို မြောင်းထဲ လွှတ်ပစ်လိုက်တဲ့ အချိန်၊ သူတို.ရဲ. စည်းမျဉ်းအသစ်အရ ဗြိတိန်လူမျိုးနဲ. ယူရိုပီယန် (ဥရောပ)လူမျိုးကိုပဲ ဦးစားပေး ခန်.ရမယ်။ တခြား နိုင်ငံသား Foreigner တွေကို အလုပ်ခန်.ချင်ရင် အလုပ်နဲ. သင့်တော်တဲ့ ဗြိတိန်လူမျိုး၊ ဥရောပ လူမျိုးတွေ လုံးဝ မရှိမှ ခန်.ရမယ် ဆိုတဲ့ ဥပဒေ စပြဌာန်းတဲ့ အချိန်ပါ။ စဉ်းစားကြည့်ရင် အတော် စိတ်ဓါတ် ကျစရာ ကောင်းတဲ့ အချိန်ပေါ့။ ကျမရဲ.ရှေ. ၆လ၊ ၁နှစ် (တချို.များဆို ၂နှစ် ၃နှစ် ရှိမယ်) စောရောက်နေတဲ့ သူတွေတောင် အလုပ်မရကြသေးတဲ့ အချိန်ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့။
ဒါပေမယ့် ရောက်လာပြီ ဆိုတော့လဲ ကျမတို. အနေနဲ. ဖြေရမယ့် စာမေးပွဲတွေ အောင်အောင် ဖြေရပါတယ်။ နောင်ခါလာ နောင်ခါဈေး။ တခြားကျို မတွေးလေနဲ. ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်နဲ.ကို ကျိုးစားရပါတယ်။ ဒီစာဖတ်မိတဲ့ ဆရာဝန်တွေ အတွက်တော့ PLAB စာမေးပွဲကို ပြောတာပါ။ စာမေးပွဲရဲ. ပထမပိုင်းက MCQ Thoery ပိုင်းဘဲ ဆိုတော့ မြန်မာပီပီ စာကျက်နာခဲ့သူတွေ အတွက် အများအားဖြင့် အခက်အခဲ သိပ်မရှိကြပါဘူး။ အဲ အပိုင်း ၂ (PLAB 2) ကတော့ လူနာ အတုတွေနဲ. ဖြေရတာ ဆိုတော့ သူတို.ရဲ. ဘာသာစကား အသုံးအနှုန်းတွေ သူတို.ရဲ. ကျန်းမာရေး စနစ်တွေကို သိပ်မသိသေးတဲ့ ကျမတို. အတွက်တော့ နဲနဲတော့ ပိုကျိုးစားရပါတယ်။
တကယ်တော့ စာမေးပွဲက အရမ်း အခက်ကြီးတော့ မဟုတ်ပါဘူး။ ဥပမာ လူနာဟန်ဆောင်တဲ့သူက တခုခုမေးလာတယ် ဆိုပါတော့ “ဆရာမ ဒီဆေးကို ဘယ်လိုသောက်ရမလဲ” ဆိုရင်၊ ကိုယ်ကလဲ အဖြေကို မသိဘူးဆိုရင် “ငါတော့ အခု ခေါင်းထဲက မမှတ်မိဘူး။ စာအုပ်ထဲ ကြည့်ပေးမယ်။ သိတဲ့သူကို မေးပြီး ပြန်ပြောပြမယ်” ဆိုတာမျိုး ပြန်ဖြေလို.ရပါတယ်။ အင်္ဂလိပ်စာ တော့ အဆင်ချောရ မပေါ့။ ကျမဖြေတဲ့ အချိန်တုန်းကတော့ စာမေးပွဲ Station ၁၆ခု ရှိပြီး ၁၄ခု အောင်ရင် အောင်ပါတယ်။ တခါတလေ အခက်တွေ.တတ်တာက သိပ်ကို စိတ်ဓါတ်ကျနေတဲ့ လူနာတို.။ အရမ်းဒေါသ ထွက်နေတဲ့လူနာတို.နဲ. ကြုံရင်ပါ။ ကိုယ်ကလဲ ရောက်ခါစ ဘာသာစကား မကျွမ်းကျင်ချိန်၊ စာမေးပွဲ အပူနဲ. ပြာယာခပ် နေချိန်မှာ ဒေါသဖြစ်လာတဲ့ (သရုပ်ဆောင်ထားတဲ့) လူနာက ကိုယ့်ကို အာပြဲကြီးနဲ. မရပ်မနား အော်နေတော့ ....
စိတ်ဓါတ်ကျနေတယ်ဆိုတဲ့ လူနာကလဲ ကိုယ်မေးသမျှမေးခွန်းတွေကို ဖြေဖို. နေနေသာသာ ကိုယ့်ကိုလဲ မကြည့် စကား တလုံးမှ ပြန်မပြော တချိန်လုံး အောက်ကြမ်းပျဉ်ကိုပဲ သမထ ရှုနေတော့ ကျောင်းသားအများစု ပြာယာခပ် ဒုက္ခရောက်ကြတာပါဘဲ။
ကျမတို.ရဲ. ဒုက္ခ အတားအဆီးတွေက ရေးစရာတွေ များလွန်းတော့ တဖြည်းဖြည်းနဲ.ပဲ ဆက်ရေးပါ့မယ်။ အခုတော့ ခရီးက ပြန်လာပြီး မောသွားပြီမို. နားလိုက်ပါဦမယ်။