အားကစား ပွဲတွေ သွားတိုင်း အမြဲ ပြင်ဆင်သွားရတာက ဒီအားကစားသမားတွေ ဘယ်လို ဒါဏ်ရာမျိုး ရနို်င်လို.၊ ဘယ်လိုမျိုး ကျိုတင်ကာကွယ်မှုတွေ လုပ်ရမယ်။ ဖြစ်လာရင် ဘယ်လို ကုကြ သယ်ထုတ်ကြမယ် ဆိုတာတွေပါ။ ဒါပေမယ့် ဘဝဆိုတာ မမျှော်လင့်ထားသော အရာတွေနှင့် ပြည့်နှက်နေတယ် မဟုတ်ပါလား။ ဘယ်လိုပင် ကျိုတင်ကာ ပြင်ဆင်သွားပေမယ့် တခါတလေ တကယ်ဖြစ်တော့ ဘယ်လိုမှ ထင်မထားတတ်သော အရာများဖြစ်နေတတ်ပါတယ်။
ကျမ ပထမဆုံး အတွေ.အကြုံက မော်တော်ဆိုင်ကယ် ပြိုင်ပွဲမှာပါ။ စဉ်းစားစရာမလို မော်တော်ဆိုင်ကယ် ပြိုင်ပါတယ်ဆိုမှတော့၊ လဲကြ ကွဲကြ ကျိုးကြတာ အဆန်းမဟုတ်။ အဲဒီအချိန်က ကျမက ဆရာဝန်ပေါက်စ။ ပြိုင်ပွဲမှာ လုပ်အားပေးတော့ ရွတ်လိုက်ရတဲ့ ဘုရားစာတွေဆိုတာ။ ဘယ်သူမှ ထိခိုက်ဒါဏ်ရာ မရပါစေနဲ.၊ ရရင်လဲ ကျမစောင့်နေတဲ့ နေရာနဲ. ဝေးဝေးမှာဘဲ ဖြစ်ပါစေလို.ပေါ့ (ဟီး..)။ ဒီလိုနဲ. ပြိုင်ပွဲက ပြီးသွားတော့ ကျမမှာ ဟူးခနဲ သက်ပြင်းချမယ် ကြံခါရှိသေး။ ကျမတို.နားက ဘကြီးတယောက် ပွဲကြည့်စဉ်ကနေ ရင်ပတ်ကြီးကိုင်ပြီး လဲကြသွားပါရော။ အားလုံးလဲ ထိတ်ထိတ်ပြာပြာ။ ကျမလဲ ထိတ်ထိတ်ပြာပြာ (ပြောနေစရာကို မလို)။ ပူနေတဲ့ရင်ကို လူမမြင်အောင် ဖုန်း။ သွားကူညီ စမ်းသပ်တော့မှ ECG မှာ Heart attack (Ante STEMI) ဖြစ်နေတာကို တွေ.လိုက်ရပါတယ်။ ရှေးဦးပြုစုနည်းနဲ. ကိုယ်နိုင်တာကိုလုပ်၊ ဆေးရုံအမြန်ခေါ်သွား။ နောက်မှသိရတာက ဒီဘကြီးဟာ သူ.သား ပြိုင်ပွဲမှာ ပထမရသွားတာကို အားပေးရင်း ရင်ခုန်ဝမ်းသာ လွန်းအားကြီးသွားပြီး Heart attack ရသွားတာ ဖြစ်နေပါတော့တယ်။
နောက်တယောက် ကတော့ တောင်ပေါ် တောလမ်းတွေပေါ်မှာ စက်ဘီးစီး ပြိုင်ကြတဲ့ Mountain Bike Competition မှာပါ။ လမ်းတွေက ကျောက်တုန်းတွေနဲ. အတက်အဆင်းတွေ လုပ်ထားတော့ ကျမမှာ ဒီ အင်တာနေရှင်နယ် အားကစား သမားတွေများ စက်ဘီးမှောက်ပြီး ဒါဏ်ရတွေများ ရကုန်ရင် ဆိုပြီး အတော် ရင်ပူခဲ့ရပါတယ်။ ဟော တကယ် ဒါဏ်ရာရတယ် ဆိုတော့ အသက် ၇၀အရွယ် ပွဲလာကြည့်တဲ့ ဘကြီးတယောက်။ တုတ်ကောက် ချော်သွားပြီး တောလမ်းတလျှောက် ဟိုးအောက်ကို လိမ့်ကျသွားလို. ကျမတို.မှာ မနဲ (တောလမ်းမှာသယ်တဲ့ Fancy Car ကြီးနဲ.) သယ်ထုတ်ခဲ့ရပါတယ်။ အားကစား သမားတွေကတော့ ဒါဏ်ရာ အသေးအဖွဲ ကွဲရုံ ပြဲရုံလောက်သာ။
ဒိုက်ဗင်း (Diving) ပြိုင်ပွဲမှာလဲ နောက်ထပ် ဘကြီးလူနာ တယောက် မူးလဲလို. စမ်းသပ်ကြည့်တော့ Atrial Fibrillation လို.ခေါ်တဲ့ ပုံမှန်မဟုတ် တအားမြန်နေတဲ့ နှလုံးခုန်နှုန်းတွေနဲ.မို. ဆေးရုံကို အမြန် ပို.ရပါတယ်။
နောက်ဆုံး တယောက်ကတော့ မာရသွန် ပြိုင်ပွဲတုန်းကပါ။ မိုင်၂၀မှာ တာဝန် ကျတာဆိုတော့ စိတ်ထဲမှာ အေးဆေးပါဘဲလို. ထင်တာ။ ကျမတို. Station ရဲ. အရှေ. ၄လွှာတိုက်ခန်းပေါ်က ဘကြီး (တော်တော် ဆိုးတဲ့ ဘကြီးတွေပဲနော်) ဝရမ်တာကနေ ရင်ပတ်ကြီးဖိပြီး “အီး အီး ... Helppppp” အော်လို. အားလုံး အေးဆေး အပန်းဖြေ၊ ပြိုင်ပွဲထိုင်ကြည့်နေတဲ့ ကျမတို. တသိုက် ချွေးတဗြိုက်ဗြိုက် ကျခဲ့ရပါသေးတယ်။ မာရသွန်ပြိုင်ပွဲလာတာ ဘယ်သူက ၄လွှာကနေ လူနာသယ်ဆင်းရမယ်လို. ကျိုမြင်ထားပါ့မလဲ။ မာရသွန်ကြောင့် လမ်းတွေ အားလုံး ပိတ်ထားတော့ ပုံမှန် လူနာတင်ယဉ်တွေက လမ်းထဲမလာနို်င်။ ကျမတို.ဘဲ အစအဆုံး ကူညီခဲ့ရပါတယ်။
သင်ခန်းစာ ရစရာလေးတွေက ဘဝမှာ ကျိုပြင်နိုင်တာပြင်လို.၊ မမျှော်လင့်ထားတဲ့ အရာတွေနဲ. ကြုံလာရင်လဲ ရဲရဲရင့်ရင့် ရင်ဆိုင်တတ်အောင်ပါ။ ကျမကိုယ် ကျမ ရဲရင့်စွာ ရင်ဆိုင်ခဲ့တယ်လို.တော့ မဆိုလိုနိုင်ပါ။ အဲဒီအချိန်က တယောက်ယောက်သာ ကျမရင်ကို ထိုးဖောက် မြင်နိုင်ခဲ့မယ်ဆိုရင် ကျမရဲ့ နှလုံး ငယ်ငယ် နုနုလေးဟာ မုန်တိုင်းကြားမှာ သနားစရာ အဖြစ်နဲ. တွေ.ရမှာပါ။ အခုတော့လဲ ပြီသွားပြီဆိုတော့ ရယ်စရာ အတွေအကြုံ တခုရယ်လို. ပြန်ပြောလို. ရပြီပေါ့နော။