Menu bar

24 May 2012

အဖြေမှန် မရှိသော ပု စ္ဆာများ

ဒီ လူ.ကျင့်ဝတ် ဆရာဝန် တယောက်ရဲ့ ကျင့်ဝတ်နဲ. ပက်သက်ပြီး တချို. ကိစ္စတွေမှာ ဘယ်ဟာက မှန်တယ်၊ ဘယ်အရာက မှားတယ်ဆိုတာ ဝေခွဲရ ဆုံးဖြတ်ရ အလွန်ခက်ခဲ တတ်ပါတယ်။ ဒါတွေဟာ ဒီနိုင်ငံမှာ ဆရာဝန် အလုပ် အတွက် အလုပ် အင်တာဗျူး သွားရင်လဲ မဖြစ်မနေ အမေးခံရ တတ်ပါတယ်။ ဥပမာ ပြောပြစရာတွေက မကုန်နိုင် မဆုံးနိုင်၊ ဒုနဲ. ဒေးပါ။ 

အင်တာဗျူးမှာ အမေးများတတ်တာတွေကတော့ “မင်းရဲ့ ဘော့စ် ဆရာကြီးက အရက်နံ. တထောင်းထောင်းနဲ. ခွဲခန်းထဲမှာ လူနာ ခွဲမလို. လုပ်နေရင် မင်းအနေနဲ. ဘယ်လို လုပ်မလဲ” ဒါကျမ ဒီနိုင်ငံမှာ ပထမဆုံး အလုပ် အင်တာဗျူးမှာ တကယ် အမေးခံခဲ့ရတဲ့ မေးခွန်းပါ။ တခြား အလွန် အမေးများတတ်တဲ့ မေးခွန်းတခုကလဲ “လူနာက တကယ်လို.များ (မပြောကောင်း ပြောကောင်း ပေါ့နော်) သူ.ရဲ့ နှလုံးခုန် ရုတ်တရက် ရပ်သွားရင် နှလုံးပြန်စတဲ့ Resuscitation တွေ လုပ်ပေးစေချင်တယ်။ ဒါပေမယ့် ဆရာဝန် တယောက်ရဲ့ အမြင်အရ ဒါဟာ မသင့်တော်ဘူး။ ဘယ်လို ဖြေရှင်း ကြမလဲ။ (ဥပမာ အသက်ကြီးကြီး လူနာ၊ တခြားရောဂါပေါင်း စုံနေရင် ဘယ်လို resuscitation လုပ်လုပ် ဒီလူနာဟာ ပြန်ရှင်မှာ မဟုတ်ပါ။ တော်ကြာ နှလုံးတော့ ပြန်ခုန်လာပြီး စက်နဲ. အသက်ရှူထားရတာမျိုး မသေမရှင် ဖြစ်နေရင် ပိုလို.အခက်ရောက် တတ်ပါတယ်)”



ဒီအားကစား ဆရာဝန် အလုပ် အင်တာဗျူးမှာ အမေးခံခဲ့ ရတာကတော့ -ဘက်စကက်ဘော အားကစားသမား တယောက်က နင့်ဆီကိုလာပြီး သူ.ရဲ. ဆရာဝန် အဖြစ်နဲ. ယုံယုံကြည်ကြည် လာပြောတယ်။ “သူက ဒီပွဲကို နိုင်ချင်လွန်းလို. တားမြစ်ဆေးတွေ သုံးထားမိတယ်။ ဒါကို သူ.ရဲ့ နည်းပြကိုလဲ မပြောပါနဲ.။ တာဝန်ရှိသူတွေ ဆေးလာစစ်ရင်လဲ သူအောင်အောင် လုပ်ပေးပါ” တဲ့။ အဲဒီတော့ အားကစားသမားကို ရှင်းပြရတာက ကိုယ်က အသင်းရဲ့ ဆရာဝန် ဖြစ်တိုင်း ကိုယ့်ရဲ့ အားကစား သမားကို ဆေးအောင်အောင် လုပ်ပေးလို. မရပါဘူး။ တားမြစ်ဆေးတွေ သုံးပြီး ကစားတယ် ဆိုတာ အလွန်မှားယွင်းကြောင်းနဲ. မိဖို.လဲ အလွန်သေချာသလောက် ရှိကြောင်း။ ဒါကြောင့် ဆက်မကစားသင့်ကြောင်းကိုလဲ နာလည်အောင် ပြောပြရပါတယ်။ ဒါကို အားကစားသမားက လက်မခံ။ ဒီပွဲမှာ အတင်း ကစားမှာဘဲ လုပ်ပါတယ်။ ကဲအဲဒီတော့ နောက်တဆင့်က သူ.အကြောင်း နည်းပြကို ပြောပြီး သူ.ကို အသင်းထဲက ထုတ်ပယ်ခိုင်းရမလား။ ဒီလို ဆိုရင် အားကစား သမားတွေရဲ့ ဆရာဝန် အပေါ် ယုံကြည်ချက်က ပျက်ပေတော့မယ်။ ကိုယ်က မပြောပြန်ရင်လဲ ကိုယ့်အသင်း ပထမဆွဲပြီး အသင်းသားတွေ ဆေးစစ်ခံရရင် ဒီတားမြစ်ဆေးကိစ္စပေါ်ပြီး အသင်းတခုလုံးရထားတဲ့ ဆုကို ပြန်အပ်ရမယ့် အပြင် အသင်း နာမည်ပျက် ရတော့မယ်။ အသင်းတခုလုံး နောင်နှစ်တွေပါ Disqualify အလုပ်ခံရင် ခံရနိုင်ပါတယ်။ အသင်းတခုလုံး ကိုယ့်ကြောင့် နစ်နာရတော့မယ်။ ဘယ်လို ဖြေရှင်းရပါ့မလဲ ??

ဒါတွေ တွေးမိလာတာက ဒီနေ.ဆေးရုံမှာ နှလုံးအားနည်းပြီး အလုပ်မလုပ်တော့တဲ့ ကျမတို. အခေါ် Heart failure လူနာ တယောက်နဲ. ဆုံရပါတယ်။ Heart failure က သူမရဲ့ ဝမှာစိုးလို. ဘာအစားမှ မစားတဲ့ Anorexia narvosa လို.ခေါ်တဲ့ ရောဂါ ကြောင့် ဖြစ်ရတယ်လို. အားလုံးက ယုံကြည်ပါတယ်။ မြန်မာ နိုင်ငံမှာတော့ အစားအရမ်းရှောင်တဲ့ မိခင်ကြောင့် ကလေးမှာ အာဟာရ မပြည့်ဝဘဲ Beri Beri လို.ခေါ်တဲ့ ရောဂါရတာမျိုးပါ။ ကလေးတွေ အမောဖောက်ပြီး ဖုတ်လှိုက် ဖုတ်လှိုက်နဲ. ဆေးရုံ ရောက်လာတတ် ကြပါတယ်။ ဗိုက်တာမင် B1 ချို.တဲ့ပြီး ဖြစ်တာကြောင့် ကုထုံးကလဲ  (မြန်မာနိုင်ငံမှာတုန်းကတော့) ရှင်းရှင်းရယ်။ တွေ.တဲ့ ဖမ်းမိတဲ့ သွေးကြောထဲ ဗိုက်တာမင်ဘီ(၁) ဆေးသွင်းပေးလိုက်ရင် ကလေးအများစုဟာ မိနစ် စက္ကန်. အတွင်းကို ပြန်ကောင်းလာတတ်ပါတယ်။ ဒီမှာတော့ ဒီလိုမဟုတ် ဒီလူနာက စိတ်ရောဂါနဲ. ဆိုတော့ ဆေးသွင်းတာ လုံးဝ လက်မခံ။ သူမ ဝလာမှာ စိုးလို.တဲ့။ တခြား ဘာဆေးမှလဲ မသောက်။ အဲဒီတော့ ဘယ်လို လုပ်ကြမတုန်း။ ကုရင်လွယ်တဲ့ ကိစ္စ အကုမခံတော့ အတော် ရှုပ်သပေါ့။ အတင်းဘဲ ချုပ်နှောင် ဆေးအတင်း ထိုးပစ်ရလေမလား။ ဒါမှမဟုတ် သူဘာသာသူ သေချင်သေပေါ့။ ငါ့စကား ဒင်းမှ နားမထောင်ချင်တာ ဆိုပြီး မျက်ကွယ် ပြုပြစ် လိုက်ရမလား။ ခက်တော့ ခက်ပါသေးတော့သည် .....။