Menu bar

10 May 2012

Korean Bibimbap

လုပ်စားဖြစ်တဲ့ ကိုးရီးယား ထမင်းသုပ်
ဒီစာလေးကို ဘာမှမရေးခင် အရင်ဆုံး သတိပေးချင်တာက ကျမ ဘယ်တုန်းကမှ ဟင်းချက်မကောင်း သလို ဝါသနာလဲ သိပ်မပါပါ။ ငယ်ကထဲက အိမ်မှာ မိဘကို ကူရင်း နဲနဲပါးပါး ချက်တတ် ပြုတ်တတ်ပေမယ့် ဘယ်တုန်းကမှ ထမင်းစား သိပ်မမက်ခဲ့ဘဲ၊ ဖြစ်သလိုပဲ စားတတ်သူဆိုတော့ အချက် သိပ်မကောင်းတာ အဆန်းတော့ မဟုတ်ပါ။ 

ဒီနိုင်ငံရောက်တော့ တယောက်ထဲ နေတုန်းကဆို ပိုတောင်ဆိုးသေး။ အချက်ပြင်းတာနဲ. McDonald, Fish and Chips ... စုံစိနဖာ တွေ.ရာ ဝယ်စားရင်စား၊ မစားရင် အိမ်မှာ ၅မိနစ်နဲ. လုပ်လို.ရတဲ့ အိမ်လုပ် အလွယ် ဆီချက်၊ ဒါမှမဟုတ် ရှိတာ ဆွဲသုပ်၊ ဒါမှမဟုတ် ငံပြာရည်ကျော် ထမင်းနဲ. ကြက်ဥကျော်နယ်စား၊ ဒါမှမဟုတ် မားမား ခေါက်ဆွဲခြောက်ထဲ ရှိတဲ့ အသီးအရွက် ပြစ်ထဲ့ပြီး စားခဲ့တာပါဘဲ။ အခု အမျိုးသားနဲ. တူနှစ်ကိုယ် တတိုင်းပြည် လုပ်ရတဲ့ အခါကြတော့ အစားမက်တဲ့ သူ.ကြောင့် အိမ်မှာ တော်တော် ချက်ဖြစ်ပါတယ်။ မချက်လို.လဲ မရ။ ကျမ အမျိုးသားက အလုပ်ကပြန်လာရင် မိန်းမကို အရင် နှုတ်ဆက်ဖို.ထက် မီးဖိုထဲဝင် အိုးအရင် သွားလှန် ကြည့်တတ်တာကိုး။ 

ဟိုးတလော လန်ဒန်ရောက်တုန်း New Malden က ကိုးရီးယားတန်းကို ရောက်ပြီးတော့ ဒီကိုးရီးယား ထမင်းသုတ်ကို မြည်းကြည့်ပြီး ကြိုက်တာနဲ. အခု အိမ်မှာ မကြာခဏ လုပ်စားဖြစ်နေပါတယ်။ အလွန်လွယ်ပြီး ရှိတာပြစ်ထဲ့ဘဲ ဆိုတော့ .. အဟဲ ... ကျမရဲ. စတိုင်နဲ. အကိုက်ပေါ့။ 

လုပ်နည်းတွေကတော့ သူ.ရဲ. တကယ့် လုပ်နည်းအမှန် Recipe တွေ ရှိပါလိမ့်မယ်။ ကျမလို မအား အချက်ပျင်းတဲ့ လူအတွက်တော့ အလွယ်ဘဲ လုပ်စားဖြစ်ပါတယ်။

ပထမ အိမ်မှာရှိတဲ့ အသီးအရွက်တွေကို သေးသေးလေးတွေ လှီးတာလှီး။ အများအားဖြင့်တော့ ဘလန်ဒါနဲ. ခြစ်ချလိုက်ပြီး နှမ်းဆီလေးနဲနဲ ဆားလေးနဲနဲ နဲ. အိုးကပ်  အပူပေး ကျော်လိုက်ပါတယ်။ အသီးအရွက်တွေ လုပ်နေတုန်းမှာ ကိုးရီးရားတွေလို မြေအိုးပူပူက မရှိတော့ Non Stick အိုးတလုံးကို နှမ်းဆီသုတ် ထမင်း လိုသလောက် ထဲ့ပြီး မီးလေးနဲနဲ နဲ. တင်ထားလိုက်တာပါဘဲ။ ကျမက ထမင်းလေးတွေ အပူကြောင့် ကျွတ်ကျွတ်ကလေး ဖြစ်သွားတာကို အရမ်းကြိုက်ပါတယ်။ အသီးအရွက်တွေကို တခုပြီး တခု နှမ်းဆီနဲ. ကျော်ပြီး၊ ခုနက ထမင်းအိုးထဲ အပေါ်ကနေ ထပ်ပုံထဲ့ထား လိုက်ပါတယ်။ အသီးအရွက် အားလုံးပြီးတော့ ... အင်း ... ဘာအသားထဲ့ရပါ့။ အိမ်မှာရှိတာပေါ့။ စိတ်ပါရင် ဝက်သား ကိုးရီးယားလို ကင်ပြီးထဲ့ပါတယ်။ အပျင်းထူချင်ရင်တော့ အိမ်မှာ ရှိတဲ့ ဆတ်သားခြောက်လိုမျိုးကို သေးသေးနွှင်ပြီး ထဲ့လိုက်တာပေါ့။ အသီးအရွက်တွေ အားလုံး ပြီးတော့ အိုးကို မီးဖိုပေါ်ကချ၊ ကိုးရီးယား ငရုတ်ဆော့ထဲ့ နယ်။ ဆားက အသီးအရွက် ကျော်တုန်းက ပါပြီးသား ဆိုတော့ မြည်းပြီး လိုမှထပ်ထဲ့။ ဗိုက်သိပ်ဆာနေရင် ကြက်ဥလေးတလုံးပါ အပေါ်က ဖောက်ထဲ့ (အမြဲတော့ ထဲ့မစားပါ၊ ကိုလက်စထရော တွေတက်မှာ စိုးလို.ပါ) နှမ်းလေးဖြူး၊ ပြီးတော့ စားဖို. အသင့် ဖြစ်သွားပါပြီရှင်။

အသီးအရွက်လို. ဆိုတာမှာ ကျမကတော့ အိမ်မှာ ရှိတာ သခွားသီး၊ ဇူချီနီ၊ မုန်လာဥနီ၊ ပဲပင်ပေါက်၊ ဂေါ်ဖီ   ....... ရေခဲသေတ္တာထဲ ရှိသမျှကို ကြုံသလို ထဲ့တာပါ။ နှမ်းဆီကို တကယ် ပါတယ် ဆိုရုံ အိုးမကပ်ရုံလေးသုံးပြီး အသီးအရွက် များများနဲ. စားတာဆိုတော့ ကျန်းမာရေးနဲ. အလွန်ညီညွတ်ပါတယ်။

ဒီနေ. အလုပ်က ပင်ပန်းလာပြီး၊ စာလဲ မဖတ်ချင်၊ ခပ်ပျင်းပျင်း ရှိတာနဲ. ဘာစားရပါ့မလဲ တွေးပြီး ဒီလိုဘဲ ဒီစာရေးဖြစ်သွားတာပါ။ ဒီဘလော့ဂ်မှာ ဟင်းချက်နည်း Recipe ရေးမယ့် အစီအစဉ် မရှိပါ။ နို.မဟုတ် လူရယ်စရာတွေ ဖြစ်ကုန်တော့မယ် .. အဟဲ

korean chilli paste