Menu bar

6 May 2012

Have you smiled yet?

တလောက မျက်မှန် ပါဝါ စစ်တော့ စစ်ပေးတဲ့ Optician က ကျမမှာ ပုံမှန်မဟုတ်တာ နဲနဲတွေ.တယ် ဆိုပြီး ကျမကို မျက်စိဆေးရုံကို လွှဲလိုက်ပါတယ်။ ကျမကို ဆေးရုံကို လွှဲမယ်ဆိုတာလဲ ကြိုမပြောတော့ ချိန်းတဲ့ စာရောက်လာတော့မှ ကျမလဲ အံ့တွေသြပြီး ဘာများဖြစ်လဲ ဆိုပြီး ဆေးရုံကို သွားရပါတယ်။ 

ရောက်သွားတော့ အစိုးရ (NHS) ဆေးရုံတွေရဲ့ ထုံးစံအတိုင်း လူတိုင်း အလုပ်တွေများပြီး ရှုပ်ရှက်ခက် နေတာ တွေ.ရပါတယ်။ ကျမရဲ့ Appointment က ညနေ ၆နာရီမှဆိုတော့ သူတို. အလုပ်ပြီးခါနီး နောက်ဆုံး လို.ထင်ရတာပါဘဲ။ ကားမမောင်းလာပါနဲ. ဆိုလို. လိုက်ပို.ပေးတဲ အမျိုးသားနဲ. ထိုင်လေပေါပြီး ကိုယ်အလှဲ.ရောက်ဖို. စိတ်ရှည်ရှည်နဲ. စောင့်ပေါ့။ ပထမတော့ ချိန်းတာ သွားသင့် မသွားသင့် တော်တော် စဉ်းစားခဲ့ရပါသေးတယ်။ ဒါပေမယ့် ဘာကြောင့် လွှဲတာမှန်းလဲ မသိ၊ မျက်စိဆိုတာ ကိုယ်သိပ်နားလည် ကျွမ်းကျင်တဲ့ အပိုင်းလဲ မဟုတ်တော့ သွားကြည့်တာပေါ့ ဆိုပြီး ချီတက် သွားခဲ့ကြတာပါ။

ကဲ ကိုယ့်အလှဲ.ရောက်ပြီ ဆိုပြီး လာခေါ်တော့ အသက် ၅၀ကျော် ဆရာကြီးပါ။ ချိန်းထားတဲ့ အချိန်ထက်လဲ နာရီဝက်လောက် နောက်ကျနေပြီး၊ သူ.ကိုကြည့်ရတာလဲ တခုခုကို အလွန် စိတ်မကျေနပ် စိတ်တို နေတဲ့ပုံစံနဲ. ပါ။ စကားလဲ သိပ်မပြော၊ ကျမတို. ဆေးရုံလာတဲ့ လူနာတွေကို မေးနေကျ မေးခွန်းတွေကို ခက်သွက်သွက် မေးပြီး စစမ်းဖို.လုပ်ပါတယ်။ တခါတလေ ပါးစပ်ကလဲ ဗြစ်တောက် ဗြစ်တောက်ပြော နေပါသေးတယ်။ ကိုယ့်ကို ပြောတာလား၊ သူ.ဘာသာသူ ပြောနေတာလားလဲ မသိ။ ပြီးအပြင်ကို ထွက်သွားပြီး သူနာပြုတွေနဲ. လဲ ငြင်းခုန် နေလိုက်သေးတယ်။ ကိုယ့်စိတ်ထဲမှာတော့ “ငါများ တခုခု အမှားများလုပ်မိလား၊ ဒီဆရာကြီး ငါ့ကိုဘဲ စိတ်ဆိုးနေတာလား” လို. မကြာခဏ ထင်မိတာပါဘဲ။

ဒီလိုနဲ. တခုပြီး တခု စမ်းသပ်လို ပြီးသွားပါတယ်။ အဲဒီ အချိန်အထိ ကျမ ဘာကြောင့် မျက်စိဆေးရုံရောက် နေရမှန်း မသိသေး။ ဘာကြောင့် ဆေးရုံကို လွှဲတယ်ဆိုတာလဲ ပြောမပြသေး။ သူက ကျမကို လှဲ.ပြောလိုက်တာက အားလုံးကောင်းတယ် ပြန်လို.ရပြီတဲ့။ ဘာတွေကို စမ်းသပ်လို. ဘာတွေ ကောင်းတာမှန်းလဲ မသိရ။ ဆေးရုံ သွားရခြင်း အကြောင်းကိုလဲ မသိရ။ 

ဒါနဲ. ကျမလဲ မနေနိုင်တော့ဘဲ ကျမကို မျက်မှန် စစ်ပေးတဲ့ Optician က ဘာကို စိတ်ပူတာလဲ၊ ဘာကြောင့် Refer လုပ်ရတာလဲ၊ ဘာတွေဖြစ်နိုင်လဲ ဆိုတာကို တရပ်စပ် အတင်းမေးတော့ တိုတိုတောင်းတောင်း စိတ်မရှည်တဲ့ အဖြေတချို.ကို ကြားခဲ့ရပါတယ်။ ဒီလိုနဲ. အူကြောင်ကြောင်နဲ. ကျမလဲ ပြန်သာလာခဲ့ရပါတယ် ဘာကိုမှတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါ။ 

အိမ်ရောက်လာတော့ ပြန်သုံးသပ် မိတာက အပြုံးတပွင့်ဟာ ဘယ်လောက် အဖိုးတန်တယ် ဆိုတာပါ။ လူတယောက် နဲ. တယောက် ဆက်ဆံ ကြတဲ့အခါ အပြုံးလေးနဲ. ဆက်ဆံလိုက်တော့ ခံရတဲ့ သူအတွက်လဲ အလွန် ချိုမြိန်ပါတယ်။ အထူသဖြင့် ဆေးရုံလိုနေရာမျိုးမှာ လူနာ အများစုက သူတို.ရဲ. ကျန်းမာရေးအတွက် အစစ အရာရာ ကောင်းမှကောင်းရဲ.လား။ ကုမရတဲ့ ရောဂါများ ဖြစ်နေမလား၊  ဆရာဝန်က သတင်းဆိုးများပြောမလား ဆိုပြီး စိတ်ပူနေကြတဲ့ သူတွေ မဟုတ်လား။ ဆေးရုံမှာ မှလဲ မဟုတ်ပါဘူး၊ ဘယ်နေရာမှာ မဆို ချိုချိုသာသာ ပြောလိုက်တော့လဲ ဒီစကား၊ စိတ်တို စိတ်မရှည်သံနဲ. ပြောလိုက်တော့လဲ ဒီစကားပါဘဲ။ ဒါပေမယ့် သက်ရောက်ပုံချင်းကတော့ မတူပါဘူး။ ဒါ့ကြောင့်လဲ မြန်မာ စကားပုံမှာ နှုတ်ချို သျှိုတပါး လို.ဆိုထားတာပါ။ အဲဒီ အချိန်ကစပြီး ကျမ သင်ယူလိုက်တာ တခုကတော့ တခါတလေ ကျမရင်ထဲမှာ ဘယ်လောက်ပဲ ပေါက်ကွဲလုလု နီးနီး ဖြစ်နေပါစေ၊ အပြုံးလေးတပွင့်ကို တော့ အမြဲ ပန်ထားနိုင်အောင် ကျမ ကျိုးစား နေထိုင်ပါတော့မယ် လို.။