Menu bar

27 May 2012

Life as a Foreign Doctor (2)

ကျမတို. အင်္ဂလန်မှာ စာမေးပွဲ (PLAB) ဖြေမယ်ဆိုတော့ လန်ဒန်မှာ ကျူရှင်တက်ဖို. သွားနေရပါတယ်။ လန်ဒန်ရဲ့ ဘက်တန်လို. ခေါ်တဲ့ နေရာမှာပေါ့။ စာမေးပွဲ လာဖြေကြတဲ့ မြန်မာတွေ စုပြီးနေဖြစ်တဲ့ နေရာလေးမှာပါ။ အားလုံးက စာမေးပွဲ Stress ရယ်၊ နိုင်ငံရပ်ခြား မိဘ မိသားစုတွေနဲ. ခွဲနေရတာရယ် ပေါင်းပြီး တခါတလေ အလွန် စိတ်ဖိစီးစရာတွေ များပါတယ်။ အဲဒီတော့ တချို.လဲ အချင်းချင်း အားပေး စောင့်ရှောက်ကြပြီး သူငယ်ချင်း အရင်းကြီးတွေ ဖြစ်သွားကြသလို၊ တချို.ကျတော့လဲ နားလည်မှုတွေလွဲ၊ မခေါ်နိုင် မပြောနိုင် ဆိုတာတွေ ဖြစ်ကြတာ အဆန်းကို မဟုတ်ပါ။

ကျမ အနေနဲ. ကံကောင်းစွာ ဘက်တန်မှာ ခဏ ကလေးပဲ ဘာပြဿနာမှ မဖြစ် လိုက်ရဘဲ စာမေးပွဲပြီးသွားတော့၊ အသိ အသက် ၈၀နီးနီး ရှိပြီဖြစ်တဲ့ အင်္ဂလိပ် အမျိုးသမီးကြီးနဲ. ၁လလောက် ခဏလောက် သွားနေရပါတယ်။ အဲဒီမှာတင် အင်္ဂလိပ်တွေရဲ့ Tradition တွေ အကြောင်း သင်ယူ ရတော့တာပါဘဲ။ တခြား အင်္ဂလိပ်တွေ ဘယ်လိုနေတယ်ဆိုတာ မသိပေမယ့် Jean ကတော့ အလွန် ရှေးဆန်ပြီး အသန်.ကြိုက်သူဆိုတော့ မနက် မိုးလင်းတာနဲ. ရေချိုးပါတယ်။ ကျမကိုလဲ ချိုးခိုင်းတော့ သူ.ကို NO မပြောချင်တော့၊ အားနာပြီး မနက် စောစောစီးစီး အင်္ဂလန်ရဲ့ ချမ်းချမ်းအေးအေး ရာသီဥတုမှာ ဂတ်ဂတ်ဂတ် နဲ. မနက်တိုင်း ရေချိုးဖြစ်ခဲ့ပါတယ်။

ရေချိုးပြီး မနက်စာစားတော့ သူတို.စားတဲ့ cereal နဲ. လိမ္မော်ဖျော်ရည် တခွက်။ အဲဒီတုန်းက မနက်စောစောစီးစီး လိမ္မော်ရည် မသောက်တတ်ခဲ့ပါ။ ဒါတောင် သူမက ဒိန်ချဉ်လေးပါ စားလိုက်ပါဦး လုပ်လိုက် ပါသေးတယ်။ (ဂတ်ဂတ်ဂတ်)။ သူ.ရှေ့က ခေါင်းငုံ.ပြီး သွားမိရင်လဲ ကျမကို ငါဘုရင်မကြီးမှ မဟုတ်တာ။ သွား ခေါင်းမငုံ.ဘဲ ခါးမတ်မတ်ထားပြီး ပြန်လျှောက်လို. သင်ပေးခဲ့ပါတယ်။ သူချက်ကျွေးတဲ့ Calvery က (အသားကင်နဲ. အသီးအရွက်ပြုတ်ကို gravy ရောစားတာ)ပဲလုံး အစိမ်း သေးသေးလေးတွေ တလုံချင်း ခက်ရင်းနဲ. ထိုးမရ စားမရ (စိတ်ထဲတော့ လက်နဲ.ကလော် စားပစ်လိုက်ချင်တာ) ဖြစ်နေတော့လဲ သူမပဲ ဓါးနဲ.ခက်ရင်းနဲ. ဘယ်လိုစားရတယ် ဆိုတာ သင်ပေးခဲ့တာပါဘဲ။ 

ဒီလိုနဲ. အလုပ်မစခင် ဒီမှာ Clinical Attachment ဒါမှမဟုတ် Honory Clinical Observer လို.ခေါ်တဲ့ အလုပ်ကို စဖို. အချိန် ရောက်လာပါတယ်။ Attachment ဆိုတာ ရှင်းရှင်းပြောရရင်တော့ ပိုက်ဆံလဲ မရဘူး။ လူနာကိုလဲ ကိုယ်ကဘာမှ ဆေးပေးတာတို. ဆေးဝင်ကုတာတို. ဆိုတာမလုပ်ရပါဘူး။ သွေးဖောက်တာမျိုး အလုပ် သေးသေးမွှားမွှားတွေကိုတော့ အများအားဖြင့် ကူညီပေးရတာပေါ့။ ကျမတို.အတွက် အကျိုးရှိတာကတော့ ကိုယ့်အလုပ်မစခင်မှာ သူ.တို.ရဲ့ ကျန်းမာရေးစနစ်က ဘယ်လိုလုပ်တယ်ဆိုတာ လေ့လာခွင့်ရပါတယ်။ ကိုယ့်ရဲ့ တကယ် အလုပ်မစခင် ကျိုတင် ပြင်ဆင်မှုလိုမျိုးပေါ့လေ။ ကိုယ်က နိုင်ငံရပ်ခြားက လာတာဆိုတော့ နောက်တခု မျှော်လင့်ပြီး လုပ်ရတာက ဒီနိုင်ငံက ဆရာ ဆရာမကြီးများရဲ့ ထောက်ခံစာ (Reference) ပေါ့လေ။

ကျမလုပ်ရတဲ့ ဆေးရုံက အင်္ဂလန်ရဲ့ တောင်ပိုင်း Basingstoke လို.ခေါ်တဲ့ နေရာမှာပါ။ ရတဲ့ဘာသာရပ်က Elderly Medicine တဲ့။ အသက်ကြီးတဲ့ (၆၅နှစ် အထက်) တွေကို ကုတဲ့နေရာပါ။ အဲဒီတုန်းက Attachment တွေကလဲ အလွန်ရဖို.ခက်တော့ ကျမလဲ ဂျီးကျွတ်မများနိုင် ရတဲ့ဘာသာရပ် ကိုဘဲ ယူရပါတယ်။ အလွန် ကံကောင်းစွာပါဘဲ ကျမရဲ့ဘော့စ်က JB လို. အတိုကောက်ခေါ်တဲ့ အမျိုးသမီး အပျိုကြီး၊ အလွန်ကို သဘောကောင်းပြီး ဖော်ရွေတဲ့ သူတယောက်ဖြစ်နေပါတယ်။ Attachemnt ဆိုတော့ အလုပ်ကတော့ မယ်မယ်ရရ မရှိ။ သူမရဲ. House Officer လေးတွေ SHO (မြန်မာမှာတော့ AS ပေါ့) လေးတွေနဲ. အတူ လူနာလိုက်ကြည့် သူတို.ဘယ်လို လုပ်တယ်ဆိုတာ သင်ကြားရသလို၊ သူတို.လိုတဲ့ တောက်တိုမယ်ရလေးတွေလဲ နဲနဲ ကူညီပေးရုံပါ။ တခါတလေတော့ သူနာပြုတွေက၊ လူနာတွေက ကိုယ့်ကို အားကိုးတကြီး မေးခွန်းတွေ မေးလာရင်။ တခြား ဆရာဝန်တွေ အလုပ်အရမ်းရှုပ်ပြီး ကျမက ဘာမှ ကူညီ မပေးနိုင်ရင်၊ နဲနဲ စိတ်ညစ်စရာ ကောင်းပါတယ်။ ကျမက အသေအချာ ခန်.ထားတဲ့ ဆရာဝန် မဟုတ်သေး၊ ဘာမှလုပ်ခွင့် မရှိတဲ့ Observer လေးရဲ့ ဘဝဘဲကိုး။

Attachment လုပ်တော့  တခြား ကိုယ့်လို ဘဝတူ အန္ဒိယမှ ဆရာဝန် အမြောက်အများနဲ. တွေ.ရပါတယ်။ စိတ်ဓါတ်တော့ ကျချင်စရာ တချို.ဆို ဒီမှာ ၁နှစ်။ ၂နှစ် အလုပ်မရကြသေးဘဲ ပိုက်ဆံမရတဲ့ Attachment ဘဝနဲ. နေနေရတာ။ တချို.များဆို အလုပ်လျှောက်တာ အစောင် ၁၀၀ ကျော်ပြီတဲ့၊ အခုထိ အင်တာဗျူးတောင်မှ အခေါ်မခံရသေးတဲ့။ 

အခုကတော့ အင်္ဂလန်မှာလဲ အလုပ်ခန်.တဲ့ စနစ်တွေ ပြောင်းသွားပါပြီ။ နောက်ထပ် Post တခုမှာ ဆက်ရေးပါမယ်နော ...။