Menu bar

16 May 2012

Remedial medicine

ကျမ အနေနဲ. အင်္ဂလိပ် ဆေးကျောင်းကနေ ဆရာဝန်ဖြစ်လာတာ ဆိုတော့ ယေဘုံယျ ပြောရရင်တော့ အင်္ဂလိပ် ဆေးဝါးနဲ.ဘဲ လူနာကို ကုသပါတယ်။ ဒါပေမယ့် တခါတရံ ရှေးထုံးတန်းစဉ်လာ ကုထုံး၊ တိုင်းရင်းဆေးမှ ဆိုတဲ့ လူနာ တချို.နဲ.လဲ မဖြစ်မနေ ကြုံရတတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လူနာနဲ. အတင်း ခံမငြင်းဘဲ “တိုင်းရင်းဆေးလဲသောက် အင်္ဂလိပ်ဆေးလဲ သောက်ပေါ့” လို.ပြောလို.ရပေမယ့် ဒီအင်္ဂလန်မှာတော့ အင်္ဂလိပ်ကြီး တယောက်ကနေ တိုင်းရင်းဆေးကြီး ကိုင်လာပြီး ငါကို ဒါညွှန်းပေး (Prescribe) ပါ ဆိုရင်တော့ ခက်သားလားပါဘဲ။ ဒါရေးဖြစ်ရတဲ့ အကြောင်းကတော့ မနေ.က အလုပ်မှာ နှလုံးအဆို.ရှင်တခု မလုံတဲ့ အတွက် နှလုံးခွဲစိတ်ဖို. စောင့်နေတဲ့ လူနာတယောက်က နှလုံးကုဆရာဝန်က သုတေသနပေါင်းများစွာကို ညွှန်းပြီးပေးထားတဲ့ ဆေးကို မသောက်ချင်ဘူး။ ကျမတခါမှ မကြားဖူးတဲ့ အင်္ဂလိပ် တိုင်းရင်းဆေး ခေါ်မလား remedial medicine တခုကိုဘဲ Prescribe လုပ်ပေးပါ ဆိုလို. ကျမမှာ အတော်ဖြေရှင်း ယူခဲ့ရပါတယ်။

အဲဒီလို ပြောတော့ ကျမကို တိုင်းရင်းဆေး လုံးဝ အယုံအကြည် မရှိဘူးလား ဆိုရင် .. မှားပါတယ်။ ကျမကိုယ်တိုင် သုံးခဲ့ဘူးတာ တချို.လဲ ရှိလို. တချို. ရိုးရာ ကုထုံးတွေကို ကျမ ယုံကြည်ပါတယ်။ ဥပမာ ကျမငယ်ငယ်တုန်းက လက်ချောင်းမှာ ကြွက်နို.လေးပေါက်တုန်းက ဖေဖေ့ လူနာ တယောက်က ပေးသွားတဲ. မြန်.မာ့ ရှေးထုံးနဲ. မေမေက နေ.စဉ် “ဇွန်းပူလေးနဲ. ကပ်ပေး”တာ လုံးဝ ပျောက်သွားပြီး ကျမလက်ပေါ် ခွဲစိတ်ဓါး ရမဲ့ အခြေအနေမှ လွတ်မြောက်ဖူးပါတယ်။

နောက် ခြေထောက်မှာ ခြေစွယ်ငုတ်တော့ တရားစခန်းမှာ ဆိုတော့ အဖေ့ဆီက ပိုးသတ်ဆေးလဲ လှမ်းမတောင်းနို်င်။ ငယ်က ဖခင်ကြီးရဲ. တချို.လူနာတွေ ခြေသဲခွာရတဲ့ အထိ ဖြစ်တာတွေ.တော့ ကျမ ကြောက်ချီးတွေ ပါနေတုန်း တရားဖော် တယောက်က ဖယောင်းစက် ချပေးလိုက် ဆိုတော့ အနာ ချက်ချင်း ကျက်သွားတာလဲ မှတ်မိပါတယ်။ တလောကတောင် အမျိုးသား ခြေစွယ်ငုတ်ပြီး ပိုးဝင်တော့၊ ချက်ချင်းတော့ ကျမရဲ. လျှို.ဝှက် ပညာတွေ ထုတ်မသုံးသေး။ သူ ပိုးသတ်ဆေး (antibiotics) သောက်တာ မသက်သာတော့မှ တတ်တဲ့ ပညာ မနေသာ၊ သူ.ကိုလဲ ဖယောင်းစက် ချပေးလိုက်တာ ချက်ချင်းကို အနာ ကျက်သွားပါတယ်။ အင်္ဂလန်ဆိုတော့ မီးမပျက်တော့ (အဟဲ) ဖယောင်းတိုင်နဲ. မီခြစ်ကိုတော့ တော်တော် ရှာယူလိုက်ရပါတယ်။

နောက်တခု စိတ်ဝင်စားစရာ ကောင်းတာကတော့ တိုင်းရင်းဆေးထဲ မှာမှ စူလာနဖာ ဆိုတာပါ။ မှတ်မှတ်ရရ ကျမ ဆရာဝန်ဘွဲ.ရခါစ အင်္ဂလန်လာခါနီး ဖေဖေ့ အသိလူနာဟောင်း တယောက် အိမ်ကို လာလည်ပါတယ်။ သူ.ရဲ.ဓါတ်မှန်မှာ အဆုတ်ကင်ဆာ တွေ.လို. ဘယ်လိုကုသရမယ် ဆိုတာလဲ အကြံတောင်းလာပါတယ်။ တခြားတဖက် ကလဲ စူလာနဖာ လို.ခေါ်တဲ့ တိုင်းရင်းဆေးကို သောက်နေတယ်တဲ့။ အဲဒါနဲ. တိုင်းရင်းဆေးလဲသောက် ရန်ကုန်ဆေးရုံကြီးက အင်္ဂလိပ် ဆရာဝန်နဲ.လဲပြပြီး ကုသဖို.လုပ်ပေါ့ ဆိုတာ။ ဟော follow up appointment နဲ. ဓါတ်မှန်ထပ်ရိုက်တော့ အဆုတ်မှာတွေ.ရတဲ့ ကင်ဆာလို ထင်ရတဲ့ shadow ကြီးဟာ လုံးဝ ပျောက်သွားတာပါဘဲ။ ဒီစူလာနဖာနဲ. တခြား ကုမရတဲ့ ရောဂါတွေရဲ. အံ့သြဖွယ် ပျောက်ကင်း သွားပုံတွေကို ထပ်ကြားရပါသေးတယ်။ အင်္ဂလိပ်လို သုသေသန အတိအကျ မလုပ်နိုင်တော့လဲ ပြောဖို. ခက်သားလားနော်။ တကယ်လို.များ မြန်မာ ဆရာဝန် တယောက်က ကင်ဆာကုထုံး အသစ်ကို ဖော်ပြီး နိုဘယ်လ်ဆုကြီးများ ဆွတ်ခူးနိုင်ရင်လို. ...။