ဒီနေ. Exercise Physiology တွေပြန်ဖတ်ဖြစ်တာနဲ. ဒီမှာ နဲနဲ မြန်မာလို ပြန်ဝေမျှ လိုက်ပါတယ်။ ဒီ လူ.ခန္တာကိုယ်ရဲ. သုံးတဲ့ အင်နာဂျီတွေရဲ. အကြောင်းဟာ အသေးစိတ်ပြောရင် အလွန် ရှုပ်ထွေးတာမို.၊ ကျမလဲ လိုရင် ဖတ်လိုက် ပြီးရင် ပြန်မေ့သွားလိုက်နဲ. ဆိုတော့၊ ဒီမှာ လိုရင်း အကြမ်မျဉ်း နဲနဲ ပဲ ရေးပါမယ်။ တော်ကြာ ခေါင်းရှုပ်ကုန်မှာ စိုးလို.ပါ။ ကျောင်းမှာတုန်း ကတော့ ရှေ.က ဆရာမ ရှင်းပြတာကို ခေါင်းတွေကုတ်ပြီး မျက်စိကလေး ကလယ် ကလယ်နဲ. နားထောင်ခဲ့ ဖူးပါတယ်။
ခန္တာကိုယ်မှာ အားလုံးသိတဲ့ အတိုင်း ကစီဓါတ်(carbohydrate)၊ အဆီဓါတ်(Fat) နဲ. အသားဓါတ်(Protein) တို.ကနေ ATP လို.ခေါ်တဲ့ အင်နာဂျီကို ထုတ်ပါတယ်။ လူတယောက်ရဲ. နေ.စဉ် လိုအပ်တဲ့ အင်နာဂျီဟာ ဘယ်လောက် လှုပ်ရှားသွားလာမှုများတယ် ဆိုတာ မူတည်ပြီး ၁၈၀၀ ကယ်လိုရီ ကနေ ၃၅၀၀ ကယ်လိုရီလောက်အထိ ပျမ်းမျှ ပြောင်းလဲမှု ရှိပါတယ်။ အခြေခံကတော့ ရှင်းရှင်းလေးပါ။ ဝင်သွားတဲ့ ကယ်လိုရီ ပမာနနဲ. ပြန်သုံးလိုက်တဲ့ ကယ်လိုရီပေါ် မူတည်ပြီး ဝင်တာများရင် ကိုယ်အလေးချိန် တက်မယ်။ ထွက်တာများရင် အလေးချိန်ကျမယ်ပေါ့။ သကြားတဇွန်းဟာ ၂၀ ကယ်လိုရီ၊ နှမ်းဆီတဇွန်း ၄၅ကယ်လိုရီ ထုတ်နိုင်ပါတယ်။
လေ့ကျင့်ခန်း လုပ်တဲ့ အခါမှာ အင်နာဂျီ အတွက် ပထမဆုံး သုံးတာက ကြွက်သားတွေမှာရှိတဲ့ PhosphoCreatinine လို.ခေါ်တဲ့ဟာတွေဆီကပါ။ သူတို.က စက္ကန်.ပိုင်းလောက်ပဲ ခံတော့ နောက်ထပ် လိုအပ်တဲ့ အင်နာဂျီကိုတော့ Glycogen ဆိုတာ ကနေ ရပါတယ်။ Glycogen ဆိုတာ စားတဲ့ ကစီဓါတ်မှ ပိုတာတွေကို ခန္တာကိုယ်ထဲ (ကြွက်သား နဲ. အသဲမှာ အဓိက) သိုလှောင်ထားတာတွေပါ။ Glycogen တွေကို ပထမ အောက်ဆီဂျင် မလိုတဲ့ Glycolysis ဆိုတာကနေ ဖြိုခွဲပြီး အင်နာဂျီ ထုတ်ပေးပါတယ်။ ဒင်းက Glycogen တလုံးကို အင်နာဂျီ (ATP) နဲနဲ ပဲ ပေးပြီး အကြွင်းအကျန် အနေနဲ. (Lactic Acid) အက်ဆစ်တွေ ထုတ်ပါတယ်။ ဒီ အက်ဆစ်တွေကြောင့် အားကစား များများလုပ်တဲ့ သူတွေမှာ ကြွက်သား ညောင်းတာ နာတာနဲ. ကြွက်တက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီအက်ဆစ်တွေကို နောက်ထပ် အင်နာဂျီ လမ်းကြောင်း (Kreb's Cycle) ထဲ ဆက်ထဲ့ပြီး အင်နာဂျီ ထုတ်ရပါတယ်။ တချက်ခုတ် နှစ်ချက်ပြတ်၊ အက်ဆစ်တွေကိုလဲ စွန်.ပြစ်ရာရောက်၊ အင်နာဂျီတွေလဲ ပိုထုတ်ပေါ့။
ဒီ Kreb's cycle က အဆီဓါတ် (Free fatty Acid)၊ ကစီဓါတ်က ထွက်လာတဲ့ အက်ဆစ် (lactic acid) အသားက ရတဲ့ (amino acid) ဆိုတာတွေ အားလုံးကို သုံးပြီး အင်နာဂျီ အများကြီးကို ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီမှာ တခုရှိတာက ဒီ Kreb's Cycle လယ်ဖို. က အောက်စီဂျင် သုံးရပါတယ်။ နှေးလဲနှေးပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ရင် အသက် မှန်မှန် ရှူဖို. ဆိုတာ အလွန် အရေးကြီးတာပါ။ လူတယောက်ရဲ. ကျန်းမာတဲ့ အတိုင်းအတာ (Fitness level) ပေါ် မူတည်ပြီးတော့လဲ ဘယ်လောက် လူ.ခန္တာကိုယ်က အောက်ဆီဂျင် သယ်နို်င်တယ် ဆိုတာလဲ ရှိပါသေးတယ်။ ကျမတို. ကတော့ ဒါကို VO2 Max ဆိုပြီး အားကစား သမားတွေမှာ တိုင်းပေးရပါတယ်။ တချိန်ရောက်သွားရင် အားကစားက ဆက်လုပ်ပေမယ့် ခန္တာကိုယ်က အောက်ဆီဂျင် ကို ဆက်မသယ်ပေးနိုင်တော့ ဘဲ အောက်ဆီဂျင် မသုံးရတဲ့ နေရာတွေကပဲ အင်နာဂျီ ဆက်ရဖို. ဆိုတာ ကျိုးစားရပါတော့တယ်။
ဒါကြောင့် မာရသွန် ပြေးပြီး ခန္တာကိုယ်ထဲ အင်နာဂျီ လုံးဝ ကုန်ဆုံးသွားပြီး မေ့လဲတာ၊ တက်တာတွေ၊ ကြွက်တက်တာတွေ ဆိုတာ တွေ.ရတာပါ။ ကိုယ်လုပ်တဲ့ အားကစား ပေါ် မူတည်ပြီး အင်နာဂျီ မျှတ မှန်ကန်အောင်လဲ ကျိုးစားရပါတယ်။ အားကစား သမားကြီးများကတော့ ပြိုင်ပွဲ မဝင်မှီ Carbohydrate Loading လို.ခေါ်တဲ့ သကြားနဲ. ကစီဓါတ်တွေ အများကြီး စားပေးရပါတယ်။ ပြိုင်တဲ့အားကစား အမျိုးအစား ပေါ်မူတည်မီ ကြားတလျှောက်လုံးမှာလဲ ရေဓါတ်နဲ. သကြားဓါတ်ကို တတ်နိုင်သလောက် ဖြည့်စီးကြရပါတယ်။
ကဲ ကိုယ်အလေးချိန် ရှော့ချင်သူများကတော့ တွေးမိပါမယ်။ ၁၀ မိနစ်၊ နာရီဝက်လောက် အားကစား လုပ်လိုက်ရင် အဆီ ဘယ်လော့ လျှော့သွားမလဲ ဆိုပြီးတော့။ အထက်မှာ ရှင်းပြခဲ့တဲ့ အတိုင်း လူ.ခန္တာကိုယ်က အင်နာဂျီကို ကစီဓါတ်ကပဲ အဓိက သုံးပါတယ်။ အားကစားလုပ်လိုက် သိမ်းထားတဲ့ ကစီဓါတ် အပိုမှ Glycogen တွေယူသုံးလိုက်၊ အားကစားလုပ်ပြီး ဗိုက်ဆာတော့ ပိုစားပြီး ကုန်သွားတဲ့ glycogen တွေကို ပြန်ဖြည့်ဆီး သိုလှောင်ထားလိုက်နဲ.ပေါ့။ စားသမျှ အဆီတွေကတော့ ခန္တာကိုယ်ထဲ သိမ်းထားရတာ များပြီး အားကစား လုပ်ရင်လဲ သူတို.ကို တော်တော်နဲ. ခန္တာကိုယ်က ဖြိုခွဲခြင်း ထုတ်သုံးခြင်း မပြုပါ။ နေ.စဉ်လို လပေါင်းများစွာ အားကစား လုပ်မှ (Long term negative energy balance) နဲ.မှ ဒီအဆီတွေကို ရှင်းထုတ် နိုင်ပါလိမ့်မယ်။ ဒါကြောင့် အားကစား လုပ်ပြီး ဝိတ်မကျနိုင်ဘူးလို. လူအတော်တော်များများ ညည်းကြတာပါ။ အားကစား လုပ်ရုံတင်မကပဲ အဆီ စားတာလျှော့ရင်၊ အထူးသဖြင့် ကစီဓါတ်ကို လျှော့စားရင်တော့ ရည်မှန်းချက် အလေးချိန်ကို ပိုမြန်မြန် ရောက်နိုင်ပါလိမ့်မယ်။