Menu bar

7 May 2012

Dentist! Dentist!!

ကျမ အင်္ဂလန်ရောက်တော့ ပထမဆုံး အလုပ်လုပ်ရတာက အင်္ဂလန်ရဲ. ကျွန်းပေါ်က မြို.ကလေး တစ်ခုမှာပါ။ ပထမဆုံး အလုပ်ဆိုတော့ သိပ်ဂျီးကျွတ်မများနိုင်ဘဲ ပို.တဲ့ဆီ၊ ရတဲ့အလုပ်နဲ. စခဲ့ရတာပေါ့။ အတွေ.အကြုံသစ် သူငယ်ချင်း အသစ်တွေနဲ. အလုပ်က အလွန်ပျော်စရာ ကောင်း၊ စိတ်ဝင်စားဖို. ကောင်းခဲ့ပါတယ်။

အဲဒီမှာဘဲ ကျမငယ်ငယ်ထဲက အလွန် ဒုက္ခပေးတတ်တဲ့ ကျမရဲ. သွားပြဿနာက စလာပါတယ်။ စစချင်း သတိထားမိတာက သွားမှာ အပေါက်ကလေး တခုကို လျှာနဲ. စမ်းမိတာပါ။ ဒါနဲ. “အချိန်မှီချုပ် အစုတ် သက်သာ” ရအောင် သွားဆရာဝန်ကို စုံစမ်းရပါတယ်။ ပထမတော့ အစိုးရက ဖွင့်တဲ့ သွားဆရာဝန်ပေါ့။ ဖုန်းဆက်ကြည့်တော့ ပထမဆုံးမေးတဲ့ မေးခွန်းက “နာနေလားတဲ့”။ မှန်တာပြောတော့ “နာတော့မနာသေးဘူး။ အပေါက်ဖြစ်နေလို.ပါ” ပေါ့။ အဲဒီတော့ Receptionist လေးက တဖက်က ပြန်ပြောတာက မနာရင် ပုံမှန် Appointment ယူပါတဲ့။ “OK” ဆိုတော့ ပုံမှန် စောင့်ချိန် (waiting list) က ၁၈-လ တဲ့။  .... ဂိန် ....


ဒါနဲ. မဖြစ်တော့ဘူး ဆိုပြီး အပေါင်းအသင်း တချို.နဲ. စုံစမ်းကြည့်တော့ Private Dentist ကို သွားမလားလို. အကြံဝိုင်းပေး ကြပါတယ်။ ဒီမှာ ကျွန်းနိုင်ငံ သေးသေးလေး ဆိုတော့ ဘယ်သွားပြီး ဘယ်ကို စုံစမ်းရမလဲ မသိ။ အသိတယောက်က သူသွားနေကြ သွားဆရာဝန်တော့ ရှိတယ်။ ဈေးနဲနဲ ကြီးလိမ့်မယ်တဲ့။ အင်း ၁၈လ စောင့်ရမှာနဲ. စာရင်တော့ သွားတချောင်း ဖာတာဘဲ ဘယ်လောက်များ ဈေးကြီးနိုင်ပါ့မလဲ ဆိုပြီး အဲဒီ ဆရာမနဲ. တွေ.ဖို. Appointment  ယူလိုက်ပါတယ်။ Private ဆိုတော့ခါ ဒီနေ.ချိန်း မနက်ဖြန် လာမလားတဲ့။ ဒါနဲ. ဝမ်းသာအားရ နောက်နေ. ချီတက်သွား လိုက်ပါတယ်။ ပထမဆုံး သူဖြည့်ခိုင်းတဲ့ ဖေါင်တွေဖြည့်ရပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ကျတဲ့ တန်ဖိုးကို ပေးပါ့မယ် ဆိုပြီးတော့လဲ ဝန်ခံ ဆိုင်းထိုးပေးရသေးတယ်။ ပြီးတော့မှ သွားဆရာဝန်မနဲ.တွေ. ဓါတ်မှန်ရိုက်၊ သူမက ပါးစပ်ထဲကို ဟိုကြည့် ဒီကြည့် ကြည့်။ အလွန်ဆုံး ၁၀ မိနစ်လောက်ဘဲ ကြာပါလိမ့်မယ်။ ပြီးသွားတော့ ကျမကို ပြောတာက 
“သွားအပေါက်က ကျမ လျှာနဲ. စမ်းမိတာ တခု။ ဓါတ်မှန်မှာ မြင်ရတာ (အပေါက် ဖြစ်ခါနီး က ၂ ခု)၊ သွားကျောက်တွေကို ခြစ်ထုတ်ဖို. (ဒီမှာ Dental Hygiene လို.ခေါ်ပါတယ်)။ အားလုံးပေါင်းရင် ပေါင် ၂ထောင် ကျမယ် တဲ့။ အခု ကျမသွား ဖြဲပြီး ကြည့်ခကြီးဘဲကို ပေါင် ၂၀၀ တဲ့” ဘုရား ... ဘုရား ....

အဲဒီ အချိန်က အင်္ဂလန် ၁ပေါင်ကို မြန်မာငွေ ၂၅၀၀ လောက်တန်ပါတယ်။ တော်ပါသေးတယ် ကျမ ငယ်ငယ်က ဖတ်ဖူးတဲ့ ဦးကပ်စီးလို ဂစ်ဂစ်ဂစ် နဲ. တက်တော့ မသွားခဲ့ပါ။ ဒါနဲ. ကျမရဲ. တကယ်သွားရခြင်း အကြောင်းဖြစ်တဲ့ စမ်းမိနေတဲ့ သွားအပေါက်လေးတခုကိုဘဲ ဖာပေးလို.မရဘူးလား ဆိုတော့လဲ။ မရဘူး သူ.ရဲ ပိုးသတ်တာတွေ Hygiene care တွေ အဆင့်အတိုင်းဘဲ လုပ်ရမယ်တဲ့။ အဲဒီကစပြီး ကျမ နောက်ချိန်းတဲ့ အချိန်တွေ ပြန်မသွားရဲတော့ပါ။ နောက်ထပ် သွားဆရာဝန်လဲ ထပ်မရှာရဲတော့။ တော်ကြာ နောက်တယောက်က ကျမသွားလာ ဖြဲကြည့်ပြီး နောက်ထပ် ၂၀၀ ပေးပါဦး ဆိုရင် ဒုက္ခ။ 

ဒါနဲ. အဲဒီကျွန်း နိုင်ငံလေးမှာ တာဝန်ထမ်းဆောင်ပြီး အင်္ဂလန် ပြည်မကြီး ပြန်ရောက်လာတော့ အစိုးရ သွားဆရာဝန် တယောက် ထပ်ရှာရပါတယ်။ နဲနဲတော့ စောင့်ရတာပေါ့။ ၁၈ လတော့ မဟုတ်တော့။ သွားပြတော့ အစိုးရပိုင်ဆိုတော့ Hygiene တွေ။ သွားဖြူအောင် လုပ်တာတွေ ရှည်ရှည်လျှားလျှား မပြောတော့။ သွားပေါက်ကိုဘဲ ကောက်ကပ် ဖာပေးလိုက်ပါတယ်။ တခုဘဲရှိတာက သူဖာပေးလိုက်မှ အဲဒီညမှာဘဲ သွားမှာ Abscess (ပြည်တည်နာ) ဖြစ်ပြီး တညလုံး အကိုက်အခဲ ပျောက်ဆေးတွေ သောက်ပြီး ခုတင်ပေါ် လူးလှဲနေရပါတော့တယ်။ နောက်နေ. မနက် ၆နာရီထဲက အဲဒီ သွားဆရာဝန် ဆိုင်ရှေ.သွားပြန်ထိုင်စောင့်ပြီး ဖာထားတာ ပြန်ထုတ်၊ အနာကို သန်.ရှင်းပြီး သွားကိုလဲ နှုတ်ပြစ်လိုက်ပါတော့လို. တောင်းဆိုခဲ့ ရပါတယ်။ 

အခုတော့ ဒီမှာ သေသေချာချာ သူငယ်ချင်း တွေအများကြီးကို လိုက်မေး၊ အင်တာနက်မှာ သေသေချာချာ လိုက်ရှာ၊ သတင်းတွေ ရသလောက် ယူပြီးတော့မှ အခုနောက်ဆုံးတွေ.တဲ့ Private သွားဆရာဝန်လေး နဲ.မှ တော်တော်လေး အဆင်ပြေသွားပါတော့တယ်။ ဈေးလဲ အသင့်အတင့်၊ ကိုယ်တတ်နိုင်သလောက်၊ Appointment ရဖို. စောင့်စရာလဲ သိပ်မလို၊ ဆရာဝန်လေးကလဲ အလွန် စိတ်ရှည်ပြီး အလွန်တော်ဆိုတော့ အခုမှပဲ ဟင်းချနိုင်ပါတော့တယ်။ 

ကဲ ရောင်းရင်းတို.ရေ နိုင်ဂံဂျားမှာရော အမိမြန်မာပြည်မှာပါ မဖျားမနာ အားလုံး ကျန်းမာကြပါစေလို.။