Menu bar

11 May 2012

Under Performance Syndrome

အားကစား သမားတွေမှာ ကျမတို.ပြောတဲ့ Unexplained Underperformance Syndrome ဆိုတာ ရှိပါတယ်။ သူတို.တွေ လေ့ကျင့်တာများလွန်းပြီး ခန္တာကိုယ်က မခံနို်င်တော့ဘဲ သူတို.ရဲ. လုပ်ဆောင်နိုင်မှု စွမ်းရည်တွေ သိသိသာသာ ကျဆင်းလာပါတာကို ခေါ်တာပါ။ ကုနည်းကတော့ ခန္တာကိုယ် ပြန်လည်သန်စွမ်းလာအောင် လုံလောက်တဲ့ အနားယူမှုတွေ လုပ်ပေးရပါတယ်။ 

ကျမ အခုပြောချင်တာက အားကစားသမားတွေနဲ. ပက်သက်လို.ရယ် မဟုတ်ပါဘူး။ လူသားအားလုံးမှာလဲ လိုအပ်တဲ့ အနားယူမှုဆိုတာ ရှိသင့်ပါတယ်။ နို.မဟုတ်ရင် နေ.စဉ် အိပ်ရေးမဝ ခန္တာကိုယ် နွမ်းနယ်ပြီး စိတ်မပျော်မရွှင် စိတ်ဓါတ်ကျဆင်းတာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံမျာတော့ တနှစ်ကို ၃၂ ရက် (စနေ တနင်္ဂနွေ မပါဘဲ) ဟောလီးဒေး ယူဖို.ခွင့်ပြုထားပါတယ်။ ကျမတို. မြန်မာနိုင်ငံမှာ တုန်းကတော့ နားရမယ်မှန်း မသိ၊ ဟောလီးဒေးဆိုတာလဲ မရှိ၊ ပင်ပန်းရမှန်းလဲ မသိခဲ့ပါ။ ဒီနိုင်ငံရောက်ပြီးမှ သူတို.က ဟောလီးဒေးဆိုတော့ ကိုယ်လဲ လိုက် ဟောလီးဒေးပြီး အခုတော့ ကျမလဲ အလွန်ကို ပင်ပန်းတတ်၊ ညည်းငြူတတ်လာပါပြီ။ ကောင်းတဲ့ ပြောင်းလဲမှုလို.တော့ ကျမ မထင်ပါ။ 

ပုံမှန် အရွယ်ရောက် လူတယောက်မှာ အိပ်ချိန်ကလဲ ပျမ်းမျှ ၇-နာရီ (၆နာရီ မှ ၈နာရီ) ရှိသင့်ပါတယ်။ သုတေသတနပေါင်း များစွာရဲ့ အဆိုအရ ရေရှည် အိပ်ရေးလုံလောက်မှု မရှိတဲ့သူတွေမှာ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်ဖို. ပို်များပြီး၊ အဲဒီထက် နာရီပေါင်းများစွာ ပိုအိပ်တဲ့ သူတွေမှာလဲ သေနှုန်းက ပိုများပြန်ပါတယ်။ ဘာ့ကြောင့် သေနှုန်းပိုများတာလဲ ဆိုတာတော့ မသိပါ။ အဓိက ဘယ်နှစ်နာရီ အိပ်တယ်ဆိုတာထက် အိပ်မက်ဆိုးတွေနဲ. အိပ်လိုက် နိုးလိုက် မဟုတ်ဘဲ တကယ် quality ကောင်းတဲ့ အိပ်ချိန်မျိုးရဖို.က ပိုအရေးအကြီးပါတယ်။ ပြောတော့ လွယ်တယ်၊ ဒီလို အိပ်ချိန်မျိုးရအောင် ဘယ်လို လုပ်ရပါ့မလဲပေါ့။ အိပ်ခါနီး ဟိုတွေးဒီတွေး သိပ်မတွေးပါနဲ.။ အိပ်ယာခန်းထဲ TV ထားပြီး TV ကြီးဖွင့်ပြီး မအိပ်ပါနဲ.၊ အရက် ကော်ဖီ ကိုကာကိုလာ ဆိုတာတွေကလဲ ဦးဏှောက်ကို လှုံ.ဆော်တတ်တာကြောင့် ညဘက်ကို မသောက်နဲ.ပေါ့နော။ 

တခါတလေ စိတ်ပူစရာ စိတ်ဖိစီးတာတွေ များပြီး အိပ်ရေးမဝ ဖြစ်နေရင် ကျမတော့ ကိုယ့်ဘာသာကိုယ် ပြန်မေးခွန်းထုတ်ရပါတယ်။ “ငါ အခုလို ပူနေတော့၊ ဘာပြောင်းလဲမှု ရှိနိုင်မလဲ” ဆိုတာပါ။ ပူတာတွေကို တတ်နိုင်သလောက်လျှော့ပြီး အားကစား နဲနဲလောက်လုပ်ကြည့်ပါ။ နေ.စဉ်လို လမ်းထွက်လျှောက်၊ လေကောင်းလေသန်.ရှူ ပေးကြည့်ပါ။ အားလုံး ပိုစိတ်ပျော်ရွှင်လာလိမ့်မယ်လို. ကျမထင်ပါတယ်။

ကျမလဲ ဒီတပတ်လုံး အိပ်ရေးကမဝ ပင်ပန်းနေတာနဲ. စိတ်ဖိစီးမှုတွေ များလာတာနဲ. ဒီ စနေ တနင်္ဂနွေတော့ ကောင်းကောင်း အနားယူပြစ်မယ်၊ ခန္တာကိုယ် ပြန်လန်းဆန်းလာအောင် လုပ်မှဖြစ်တော့မယ် အားခဲထားတာပါ။ အခု အားကစားပွဲ တခု ကိစ္စကပေါ်လာတော့ သွားရပြန်ဦးမယ်။ ဒါပေမယ့် ကို်ယ့်ကိုယ်ကို ကတိပေးမိတာက ပူတာတွေလျှော့ပြီး အိပ်ရေးဝအောင် ပြန်အိပ်တော့မယ်လို. ပါ။