Menu bar

19 May 2012

Rugby games

ရွှံ.ထဲက အချိန်တွေ
အမေရိကန် ဘောလုံးလို. တမျိုးခေါ်တဲ့ RUGBY ဆိုတဲ့ ကစားနည်းဟာ ကျမတို. မြန်မာ နိုင်ငံမှာတော့ သိပ်ခေတ်မစား ခဲ့ပါဘူး။ အခု အားကစားပွဲတွေနဲ. ပက်သက်ပြီး အလုပ်တွေ လုပ်ရတော့ အားကစားပွဲပေါင်း များစွာ သွားရတော့မှ ဒီအားကစားနည်း အကြောင်းလဲ ကျမ အခု တော်တော် သိလာရပါတယ်။ ပထမတော့ TV မှာကြည့်ပြီး အမျိုးသားက ဒီလို အားကစားပွဲ မျိုးတော့ အလုပ်သွား မလုပ်ပါနဲ.၊ သူတို.ကြည့်ရတာ ထိခိုက် ဒဏ်ရာ အတော်ရမဲ့ပုံကြီး ပြောပါသေးတယ်။ နောက်ရှောင်မရ သွားရတဲ့ အခါကျတော့မှ ကျမအနေနဲ.တော့ အတော် စိတ်ဝင်စားစရာ အားကစားပွဲ တခုလို. ထင်ပါတယ်။

ဒီကစားနည်းရဲ. အခြေခံကတော့ ငယ်က ထုတ်စီးတိုးကစား သလို တဖက်အသင်းရဲ. အတားအဆီး တွေကို ဖြတ်ကျော်ပြီး၊ ဘောလုံးကို တဖက်ဂိုးစည်းကို ကျော်အောင် သယ်ပြေးပြီး၊ အမှတ်တွေ Score လုပ်နိုင်အောင် ကျိုးစားရပါတယ်။ အဲဒီလို ဘောလုံး တဖက်စည်းကို ရောက်သွားတိုင်း အပိုအမှတ်အနေနဲ. ဘောလုံးကို ဂိုလ်းတိုင်ထဲ ဝင်အောင် အသင်းသား တယောက်က ကန်ရပါတယ်။ ဝင်ရင် ၂ မှတ်ပိုရပါတယ်။ အရေးကြီးတဲ့ စည်းကမ်းတခုက ဘောလုံးကို ဘေးတိုက်ပဲ အချင်းချင်း လှမ်းပြစ်ပေးလို. ရပါတယ်။ အရှေ.ကို မပြစ်ရပါ၊ လူနဲ.ပဲ အတူ သယ်ပြေးရပါတယ်။ တဘက်အသင်းက လူတွေကတော့ ငယ်ကပြောတဲ့ ဝက်သက်သလို ဘောလုံးသယ်ပြေးလာတဲ့ သူကို အသားကုန် ဝင်တိုက် ဝင်လုံး ဘောလုံးကို ဝင်လုကြတာပါပဲ။ အဲဒီတော့လဲ ကွဲကြ ပြဲကြ၊ အဆစ်တွေ လွဲကြရယ်ပေါ့။ 


ဆရာဝန် တယောက် အနေနဲ.တော့ ကွဲရင်ချုပ်၊ ခေါင်းစောင့်မိပြီး ဒဏ်ရာ ရသူတွေကို အမြန် စစ်ဆေး စမ်းသပ်ပြီး ဆက်ကစားနိုင်မလား။ ဆေးရုံပို.ရမလား ဆိုတာတွေ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် ချပေးရပါတယ်။ တချို. အားကစားသမား တွေကတော့ ကွဲပြဲပြီး သွေးထွက်နေတာတောင် အလွန်ပဲ ဆက်ကစားချင်တော့ သွေးတိတ်အောင် သေသေချာချာ ခြည်နှောင် စည်ထုတ်ပေးပါ။ ပွဲပြီးမှ ချုပ်ပါ တောင်းဆိုကြပါတယ်။ သွေးထွက်နေရင် ကွင်းထဲ ပြန်မဝင်ရဘူး ဆိုတဲ့ စည်းကမ်းက ရှိတော့ အသေအချာ ချည်နှောင်ပေးထားတဲ့ ပတ်တီးဖြူဖြူလေးတွေနဲ. သွားပြေးကစားလိုက် ပတ်တီးက ပြေသွားပြီး သွေးတွေ စည်းကျလာလို. အပြင်ပြေးထွက်လာ ပတ်တီးတွေထပ်စည်း ပြန်ဆော့လိုက်နဲ.ပါပဲ။

တနေကုန် ရွှံ.ထဲ ဘွက်ထဲ ကွင်းထဲမှာပေမယ့် သူတို.ရဲ. အနိုင်မခံ အရှုံးမပေး၊ အသင်းစိတ်ဓါတ် အပြည့်နဲ. ကိုယ်ကျိုးမငဲ့ပဲ ကစားတာကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်။ ပွဲတခုပြီးတိုင်း “Doc, Thank you” ဆိုတာလေးတွေနဲ.ပဲကို မောရကျိုး နပ်နေတာပါပဲ။ ကိုယ့်ကိုယ်ကိုလဲ တကယ် အရေးပါတဲ့ အလုပ်တခုကို လုပ်ပေးရသလို ခံစားရပါတယ်။ ဆေးရုံမှာလို “ဆရာမရယ် လက်ကို စက္ကူနဲ.သျှမိလို (ပိစိညောင့်တောင့် မမြင်ရတဲ့ အနာလေးတွေ)၊ ဆရာမရယ် လမ်းလျှောက်ရတာ နဲနဲ အားမရှိ သလိုပဲ၊ ခေါင်းထဲက နဲနဲ နာနေသလိုပဲ” ဆိုတာမျိုးတွေ သိပ်မတွေ.ရဘူးပေါ့နော။