Menu bar

15 April 2012

Oxford သင်္ကြန် ညနေခင်း

မြနန္ဒာနဲ. ကနေတဲ့ သင်္ကြန် သမီးပျိုလေးများ
မနေ. ညနေက သွားလည်ခဲ့ တဲ့ Oxford သင်္ကြန် ညနေခင်းလေး ရဲ. ဓါတ်ပုံ တချို.ပါ။ စကားတွေပြော မုန်.တွေစားနဲ. ဓါတ်ပုံ တော့ သိပ်များများ မရိုက်ဖြစ်ခဲ့ပါဘူး။ ကျမတို. ရောက်သွားတဲ့. အချိန် နဲနဲနောက်ကျတော့ ရှမ်း အစီအစဉ် က ပြီးနှင့်နေပါပြီ။ အင်္ဂလိပ် comedian ရဲ. အစီအစဉ် စနေပါပြီ။ အပြောကောင်းတယ်လို. ဆိုရမယ်ထင်ပါတယ်။

အတိုချုပ်လေး ပြန်ပြောပြရမယ် ဆိုရင် ....

Black Knight နဲ. King Arthur က လောင်းကစား လုပ်ပြီး Black Knight မေးတဲ့ မေးခွန်း ရဲ. အဖြေ ကို King Arthur ကရှာရမယ်။ မဖြေနိုင်ရင် အာသာ ဘုရင်ကြီး အသတ်ခံ ရမယ်ပေါ့။ လောင်းကစား ကို ဘုရင်ကြီးက သဘောတူလိုက်ပါတယ်။ မေးတဲ့ မေးခွန်းက တော့ “ဒီကမ္ဘာမှာ မိန်းမတွေ တကယ် လိုချင်တာဘာလဲ” တဲ့။ 


ဘုရင်ကြီး သူ. အပြန်လမ်းတလျှောက် တွေ.သမျှ မိန်းမတွေ ကို “နင်တို.တကယ် လိုချင်တာက ဘာတုန်း” လို. မေးခွန်း လျှောက် မေးကြည့်ပါတယ်။ ရတဲ့ အဖြေတွေ ကတော့ အမျိုးပေါင်းစုံ ပေါ့။ 

ဒီမှာ စကားပြောနေတဲ့ Comedian က ပရိသတ်ကိုလဲ မေးပါတယ်။ အဖြေ က ဘာလို.ထင်လဲပေါ့။ ပရိသတ်တွေ တယောက် တပေါက်နဲ. ထ အော်ကြပါတယ်။ မိန်းမတွေ လိုချင်တာ “ဟန်းဘက် အိတ်”  “ရှူးဘိနပ်”  “လက်ထပ်ဖို.” ... စုံနေတာပါဘဲ။ 

ဘုရင်ကြီးလဲ အဖြေမရတဲ့ အဆုံး ခေါင်းရှုပ်ပြီး သူရှုံးတော့မယ်လို. ထင်တဲ့ အချိန်မှာ အရမ်း အရုပ်ဆိုးတဲ့ စုန်းမကြီး တယောက်နဲ. သွားတွေ.တယ်တဲ့။ တိုတို ပြောရရင်တော့ အဲဒီ စုန်းမကြီး က အဖြေမှန်ကို ပြောပြလိုက်ပါတယ် .. ဒါပေမယ့် အာသာ ဘုရင်ကြီး အနေနဲ. တခုတော့ ပြန်လုပ်ပေးရမယ်၊ အဲဒီ စုန်းမကြီးကို သူ.ရဲ.ချောမော ခန်.ငြားတဲ့ Knight တယောက်နဲ. ပြန်လက်ထပ်ပေးရမယ်တဲ့။ 

ဘုရင်ကြီးဟာ ချိန်းထားတဲ့ အချိန်ရောက်တော့ Black Knight ကြီးနဲ. သွားတွေတာပေါ့။ အဖြေမှန်ကို ပြောပြလိုက်နိုင်တော့ သူ. အသက်ချမ်းသာရာ ရသွားတယ် ဆိုပါတော့။ ဒီမှာ ပြဿနာက တခုပဲ ကျန်တော့တယ်။ စုန်းမကြီးကို ဘယ်သူနဲ. ပေးစားရပါ့မလဲ ... နောက်ဆုံးတော့ သူ.ရဲ. ခပ်ချောချော တပ်သားတယောက်က ရှေ.ထွက်လာပြီး ဘုရင်ကြီးအတွက် ဒီစုန်းမကြီးကို သူလက်ထပ် ပါ့မယ်လို. တာဝန်ယူ လိုက်ပါတယ်။ ဒီလိုနဲ. ဒီကိုယ်ရံတော် တပ်သားလေးဟာ လက်ထပ်ပြီး ညရောက်တော့ သူ.ရဲ. အသစ်စက်စက် မိန်းမ စုန်းမကြီးကို ပြောရတာပေါ့ “မင်းကို ဘုရင့် ရဲ. အလိုကျ လက်ထပ်တာ။ မင်းနဲ. ငါနဲ. တော့ မတူညီပါဘူး၊ ညဘက် အတူပေါင်းသင်းနိုင်မှာ မဟုတ်ဘူး”  အဲဒီလိုလဲ ပြောလိုက်ရော စုန်းမကြီး ကနေ အလွန်လှပတဲ့ မိန်ကလေး အသွင် ကို ပြောင်းသွားရောတဲ့။ မိန်းကလေးက ပြောတယ်တဲ့ “ယောက်ျားရယ် ရှင် က ရိုးရိုးသားသား ကျမ ကို ပြောတဲ့ အတွက် ကျမရဲ. ကျိန်စာ ကျေသွားအောင် လုပ်လိုက်တာပဲ။ ကျမဟာ ရှင့် အတွက် လှပတဲ့ မိန်းမတယောက် ဖြစ်နို်င်ပါပြီ။ ဒါပေမယ် နေ.တဝက်ပဲ ဖြစ်နို်င်ပါတယ်။ ကျန်တဲ့ တဝက်ကတော့ ဒီ စုန်းမကြီးဘဝနဲ. နေရပါမယ်။ ဒီတော့ ရှင်က ပဲ ဆုံးဖြတ်ပါ။ ကျမ ဒီလို လှလှပပလေးကို နေ. လိုချင်လား ညလိုချင်လားဆိုတာ။” 

ဒီတော့ တပ်သားလေးက ဘာပြန်ပြောရမှန်းမသိ စဉ်းစာမရ ဖြစ်လာပါတယ်။ ဒီတော့ ဘုရင်ကြီး ရဲ. မေးခွန်း အဖြေကို သွားတွေးမိတယ်တဲ့။ “ဒီကမ္ဘာမှာ မိန်းမတွေ တကယ် လိုချင်တာ ဘာလဲ”  ဆိုတာ 



ကဲ .... အဖြေ ပြောရမယ့် အချိန်ရောက်ပြီထင်ပါတယ်။  အဖြေမှန် ကတော့  မိန်းမတွေ တကယ်လိုချင်တာ “တရားမျှတတဲ့ နိုင်ငံ နဲ. မိန်းမတွေကိုလဲ မျှတစွာ ဆက်ဆံ ခံချင်တာ” ဆိုပဲ ....


ဒါကို စဉ်းစားမိသွားတဲ့ ဘုရင့် တပ်သားလေး ဟာ သူ.မိန်းမလေးကို မေးလိုက်သတဲ့။ “မင်း အနေနဲ. ဘယ်လို ဖြစ်ချင်ပါလဲ” ပေါ့။ ဒီမှာပဲ ကျန်တဲ့ ကျိန်စာ တဝက်ပါ ကျိုးသွားတော့ သတဲ့။ မိန်းမကို ဦးစားပေးပြီး မိန်းမဘာ လိုချင်တယ်ဆိုတာ ဦးစားပေး မေးလိုက်လို.တဲ့။ ဒါနဲ.ပဲ သူတို.နှစ်ဦး အမြဲ ပျော်ရွှင်စွာ ပေါင်းသင်းကြသတဲ့ ပေါ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။ အလွန် ကလေးဆန်ပြီး ငယ်ဘဝကို ပြန်သတိရစေတဲ့ ပုံပြင်ကလေးပါဘဲ။ (Comedian ရဲ. နာမည်ကို မမှတ်မိလို. Credit မပေးနို်င်ဘူး ဖြစ်နေပါတယ်။ နောက် သိတော့မှ ဖော်ပြပေးပါမယ်)

သူ.ရဲ.နောက်မှာတော့ အင်္ဂလိပ် ကဗျာ ရွတ်တာရယ်။ ပြီးတော့ မြန်မာ သီချင်းတွေ ဆို၊ သင်္ကြန်သီချင်းတွေနဲ. ကကြ ပေါ့လေ။ ကိုယ်လဲ သီချင်းတွေ လိုက်ဆိုပေါ့။

နောက်ဆုံး အဆုံးသတ်တာကတော့ ရှမ်းအိုးစည် ရှမ်းတူရိယာ တီးပြီး ပရိသတ်တွေပါ ကကြ ခုန်ကြ နဲ ညနေခင်းလေးကို အဆုံးသတ်လိုက်ပါတယ်။