အားကစားပွဲများ အားလုံး ယှဉ်ကြည့်လျှင် ဒီ ကမ်းခြေ ဘောလီဘောပွဲလောက် ဘယ်အားကစားပွဲမှ ဟော့ရှော့ ဖြစ်လောက် မည်ဟု ကျမ မထင်ပါ။
ဒီလိုနဲ. တယောက်ပြီး တယောက် အရက်မှုတ်စက် တိုင်းပြီးတော့ အားကစားပွဲက စပါတယ်။ ဒီမှာ နဲနဲ ထပ်ပြောချင်တာက လန်ဒန်ရဲ. မြို.လယ်ခေါင်မှာ ပင်လယ် ကမ်းခြေဆိုတာ မရှိတော့ သဲတု နဲ. ပန်းခြံ ထဲမှာ ကမ်းခြေနဲ. တူအောင်ပြင်ထားပါတယ်။ အဲဒီသဲတွေကလဲ ဝယ်ရတာ အလွန်ဈေးကြီးတယ်လို. ဆိုပါတယ်။ ပွဲပြီးရင်တောင် ပြန်သိမ်းထားရတဲ့ သဲမျိုးတွေတဲ့။
အားကစားကတော့ စိတ်ဝင်စားစရာပါ။ ဘီကီနီ ဝတ်ထားတဲ့ အမျိုးသမီးလေးတွေ ဘောလီဘော ကစားကြတာပါဘဲ။ ဘရာဇီးက အတွဲက အလွန်လိုက်ဖက် ညီပြီး တော်ကြပါတယ်။ နောက်ဆုံးလဲ ပထမ ဆွဲသွားတာ သူတို.ပါ။ ကျမကတော့ ကိုယ့်နိုင်ငံကိုယ် အားမပေးနိုင်တော့ ဘယ်အားကစားပွဲ မဆို အာရှက လာသူတွေကိုဘဲ အားပေးမိပါတယ်။ တရုတ်ပြည်က အတွဲကလဲ အားပေးရတာနဲ. တန်အောင် တတိယ ဆု ကို ရသွားပါတယ်။
ဒီမှာ နောက်တခု ပြောစရာ ရှိသေးတာက ပထမ ၁၀မိနစ် လောက် ဘောလီဘော ဆော့ပြီး၊ ခဏ နားတော့ ဘီကီနီ နဲ. မိန်းကလေးငယ်လေးတွေ ပြေးထွက်လာပြီး ကကြ ခုန်ကြပါရော။ ဒါကို ကြိုမသိထားတဲ့ ကျမကတော့ အံ့တွေလဲသြ ရီလဲရီရသေး။ ဒီလိုပဲ တနေ.လုံး ဘောလီဘော ပုတ်လိုက်ကြ၊ ထွက်ကလိုက်ကြနဲ. ပျော်ရွှင်စရာ စိတ်ဝင်စားစရာ ကောင်းတဲ့ နေ.လေးတနေ. ဖြတ်သန်းခဲ့ ရပါတယ်။ လာကြည့်တဲ့ သူတွေများသလို သူတို.လဲ နေပူထဲထိုင် နေရောင်လှုံပြီး ဘီယာလေး တမြမြနဲ. တနေ.တာ ကို ကုန်ဆုံးစေခဲ့ကြပါတယ်။
၂၀၁၂ လန်ဒန် အိုလန်ပစ်ပွဲ အတွက် တာဝန်တွေခွဲတော့ ကျမရဲ. တာဝန်တခုက ဒီ သဲသောင်ကမ်းပြင် ဘောလီဘောရဲ. ဆေး၊ ဆရာဝန်၊ အဖွဲ.ခေါင်းဆောင်အနေနဲ.ပါ။ အချင်းချင်း ကြုံလို. အိုလန်ပစ် အကြောင်း မေးဖြစ်ရင် ကျမရဲ အလုပ် ကို သူငယ်ချင်းကောင်လေး အတော်တော်များများ က မနာလို ဖြစ်ကြပါတယ်။ ဒါများ ဘယ်ထူးဆန်းပါ့ မလဲနော ... (အဟဲ)
ရိုက်ထားတဲ့ ပုံနဲနဲကို ဒီမှာ ပြန်ဝေမျှလိုက်ပါတယ်။ Professional မဆန်မှာ စိုးလို. သိပ်များများတော့ မရိုက်ခဲ့ရပါဘူး။ အလုပ်ကလဲ လုပ်ရသေးတယ်ဆိုတော့လေ။
GB girls Vs Canada |
Chinese pair |
Brazil Vs Mexico |