Menu bar

9 April 2012

Spanish Easter possession celebration

ကျမတို. အတွက်ကတော့ Easter ဆိုတာ ရုံးပိတ်ရက်ရှည် ဟောလီးဒေးပါဘဲ။ အင်္ဂလိပ် အသက်ကြီး ရွယ်အို အိမ်တွေ သွာလည်မယ် ဆိုရင်တော့ သူတို.ခေါ်တဲ့ Fish cake ဆိုတာ စားရပါလိမ်.မယ်။ Salmon ငါးနဲ. လုပ်တာမို.လို. Salmon မကြိုက်တဲ့ သူတွေတော့ နံတယ် ထင်မှာပါ။ နောက် Easter ဥလေးတွေပေါ့။

ခရစ်ယာန်တွေကတော့ Jesus ဘုရားသခင် လက်ဝါးကပ်တိုင်မှာ အသတ်ခံရပြီး နောက် ပြန်လည် ထမြောက်လာခြင်း အထိမ်းအမှတ်နဲ. ဆင်နွှဲတဲ့ ပွဲလို. ထင်ပါတယ်။ ဘာသာမပြန်တတ်တဲ့ အတွက် မှားနေတယ်ဆိုလဲ ခွင့်လွှတ်ကြပါလို.။


အရင်နှစ်တွေက Easter ဆို ဆေးရုံ ဂျူတီ နဲ. အလုပ် လုပ်ရင်လုပ်၊ ဒါမှမဟုတ် ဟောလီးဒေး ခရီးသွားဖြစ်ပါတယ်။ ဒီနှစ်တော့ မအားတဲ့ စနေ တနင်္ဂနွေတွေ များလွန်းတော့ Easter ကို အိမ်မှာပဲနားပြီး အကြွေးတင်နေတဲ့ အိမ်အလုပ်တွေပဲ လုပ်ကြရအောင်လို. အမျိုးသားနဲ. သဘောတူထား လိုက်တယ်။ ဒါတောင် သူကလက် မလျှော့သေးပဲ အီဂျစ် ဟေားလီးဒေး ဈေးလျှော့ထားတာတွေ လာပြပြီး သွေးဆောင်နေသေးတာပါ။ ဒီလိုနဲ. ၄ ရက်မှာ ၂ ရက်က ဈေးရှောက်ဝယ်၊ ပန်းခြံသွား ဓါတ်ပုံတွေရိုက်၊ ကျန်တဲ့ ၂ ရက်က ရာသီဥတုက အေးအေးနဲ. အိမ်ကုတ် အပျင်းထူနေ လိုက်ပါတယ်။ 


အားတဲ့ အချိန်လေးတွေမှာ ဓါတ်ပုံဟောင်းလေးတွေ ပြန်ကြည့်တော့ စပိန်သွားတုန်းက ကြုံတဲ့ သူတို. ကျင်းပတဲ့ Easter ရဲ. ပျော်ပွဲ ဓါတ်ပုံလေးတွေ တွေ.လို. ဒီမှာ ပြန်ဝေမျှလိုက်ပါတယ်။ သူတို.ကတော့ Easter Possession လို.ခေါ်ပါတယ်။ ရေယု ဘုရားရဲ. နောက်ဆုံးခရီကို လိုက်ပို.ပြီး သူပြန်လည် ထမြောက်လာတာကို ဆင်နွှဲတယ်လို. ယူဆပါတယ်။ သူတို.လဲ ကိုယ့်ကို အင်္ဂလိပ်လို မရှင်းပြနိုင်၊ ကိုယ်လဲ စပိန်လို မတတ်ဆိုတော့ ကိုယ်ဘာသာကိုယ် ပဲ တွေးကြည့်မိတာပါ။