Menu bar

27 April 2012

ကျမနဲ. ပေါက်ကရများ

ပြန်ပြောပြရရင် ကျမဟာ မကြာခဏ မရည်ရွယ်ပဲ ပေါက်ကရ ဖြစ်တတ်ပါတယ်။ တခါက ကျမ အလွန် စည်းကမ်းကြီး တည်တံ့လို. လူတို်င်းကြောက်ရတဲ့ Consultant ဆရာကြီးအောက်မှာ လုပ်ရပါတယ်။ တနေ.တော့ သူနဲ. ward round လုပ် လူနာတွေ လိုက်ကြည့်ရပါတယ်။ တခြားဆရာဝန်တွေက မလာတော့၊ ဆရာကြီးနဲ. ကျမနဲ.ရယ်ပါ။ ကျမက ရှေ.မှလျှောက်၊ ဆရာကြီးနဲ. သူနာပြုက နောက်ကလျှောက်ပေါ့။ ဒီလိုနဲ. လူနာတွေထားတဲ့ အခန်းထဲ ဝင်သွားတော့ အလွန် တက်ကြွ စိတ်လှုပ်ရှားနေတဲ့ ကျမဟာ အောက်မှာ ရေဆိုနေတဲ့ ကျမ်းပြင်ကို မမြင်၊ သတိမထားမိပဲ ဝှီးခနဲ လျှောပြီး လူနာတွေရဲ. ခုတင် အလယ် တဲ့တဲ့မှာ ဖင်နဲ.ဘုန်းခနဲ လဲပါရော။ အဲဒီမှာ အသက် ၈၀ကျော်လူနာ ၃ယောက်နဲ. ဆရာကြီးက ပြေးလာပြီး ကျမကို လာထူရပါတယ်။ ဖင်ညောင်ရိုးမှာလဲ တော်တော်လေး အီသွားရပါတယ်။ ကျမရဲ. တခြား သူငယ်ချင်း ဆရာဝန်များကတော့ ပြောမဆုံး ရယ်မဆုံးတော့ပါ။ 

ဒီလိုပဲ တခါကလဲ GP တယောက်က ဆေးရုံကို လူနာလွှဲပါတယ်။ ကျမက ဂျူတီကျသူ ဆိုတော့ လူနာကို ဖုန်းထဲကနေ လက်ခံပြီး ဆေးရုံ အဆောင်၂ ကို ပို.လိုက်လို. ပြောလိုက်ပါတယ်။ လူနာ နာမည်က Ross ဆိုတော့ Rose နဲ.မှား မိန်းမလို.ထင်ပြီး (သေသေချာချာ မမေးပဲ) အထီးလူနာ ကြီးကို အမျိုးသမီးဆောင်ကို တင်လိုက်မိတာလေ။ 

တခါကလဲ တယောက်ထဲ wardround လုပ် လူနာတွေ လိုက်ကြည့်နေတုန်းမှာ အသက် ၇၀လောက် ရှိတဲ့ လူနာက ကျမကို “ငါ Number 2 အရင် လုပ်ပါရစေ၊ ပြီးတော့မှ စမ်းပါ” လို. မသက်မသာ မျက်နှာလေးနဲ. ပြောလာပါတယ်။ Number 2 ဆိုတာ အဲဒီတုန်းက ကျမ ဘာမှန်းမသိတော့ ငါသူနာပြုကို ခေါ်ပေးမယ်၊ ဒါပေမယ့် အရင် ဗိုက်ကို စမ်းကြည့်ရအောင်လို. ဆိုတော့ သူက မချိသွားဖြဲပြပြီး မတတ်နိုင်တဲ့ မျက်နှာနဲ. OK လို. ဆိုပါတယ်။ ကျမလဲ စမ်းနေတုန်းမှာ သူက မချိမဆန်.မျက်နှာနဲ. “ငါ လုံးဝ မအောင့်နိုင်တော့ဘူး။ အခု ပဲ Number 2 လုပ်မှ ဖြစ်တော့မယ်” ဆိုလာပါတယ်။ ကျမလဲ အူကြောင်ကြောင် ဖြစ်နေတုန်းမှာ သူ.ရဲ.  “ဘူ .......” ဆိုတဲ့ ဆွဲငင်သံနဲ. အတူတူ ထွက်လာတဲ့ အီးနှံ.နဲ. ထပ်ဆင့် ကြားလိုက်ရတဲ့ ပြွတ်ဆိုတဲ့ အသံကြောင့် ကျမ Number 2 ဆိုတာ ဘာလဲဆိုတာ သဘောပေါက်သွားရပြီး၊ “ခဏ ခဏ၊ ခဏလေးအောင့် ငါသူနာပြုကို သွားပြေးခေါ်ပေးမယ်” လို. လုပ်ရပါတော့တယ်။

ဒီလို အင်္ဂလိပ် ဝေါဟာရတွေ မကျွမ်းကျင်တုန်းမှာပါပဲ နောက်တယောက် တွေ.ရတဲ့ လူနာက Mr. Wiley လို.ခေါ်တဲ့ တယောက်ပါ။ ကျမလဲ သူ.နာမည် ဘယ်လို အသံထွက်ရမယ်ဆိုတာ မသိတော့ အားလုံးကြားမှာ အာပြဲကြီးနဲ “ငါ ဝီလီ သွားကြည့်ဦးမယ်၊ ဝီလီ ဘယ်နားမှာလဲ” လို. အော်မိတာတော့ သူနာပြု လုပ်ဖော်ကိုင်ဖက် ဆရာဝန် အားလုံး ဝါးခနဲ ပွဲကျခဲ့ရပါတယ်။ ဝီလီ (Willy) ဆိုတာ အမျိုးသား အင်္ဂါ (Penis) ကိုခေါ်တဲ့ ဘန်းစကားပါ။


နောက်တခေါက်ကတော့ လူနာတင်ယဉ် (ambulance) နဲ. အတွေ.အကြုံရအောင် လိုက်တုန်း အလွန်မူးတတ်တဲ့ ကျမနဲ. အလွန် တက်ကြွ (ကြွတက်) နေတဲ့ Ambulance ကာမောင်းတဲ့ သူနဲ.။ ဒင်းကလဲ ဆရာဝန်ပါတော့ ရှိုးပြချင်တာနဲ.၊ ကားကို အရှိန်နဲ.မောင်း၊  ကျမလဲ ကားတွေမူးပြီး “ဝေါ့ ...” အံမလို ဖြစ်၊ ကျမရှေ.က လူနာက ကျမ ဘယ်တော့ သူ.ပေါ် အံချတော့မလဲလို. စိုးရိန်ပူပန်နေပုံနဲ. သူဝေဒနာ တောင် သူမစဉ်းစားနိုင်တဲ့ပုံ။ အဲဒီ တခေါက်ကစလို. ကျမဘယ်တော့မှ လူနာတင်ယဉ်နဲ. မလိုက်ဖြစ်တော့ပါ။ ဒါတောင် မဖြစ်မနေ အရမ်း အသည်းအသန် ဖြစ်နေတဲ့ လူမမာ အတွက် ဆေးရုံ အပြောင်း ဟတ်လီကော်ပတာနဲ. လိုက်ပို.ပေး ရပါသေးတယ်။ ဒီတခါတော့ မရ ဆေးကျိုသောက်လို.၊ ပင်လယ်ကို ဖြတ်မောင်းရမှာမလို. အသက်ကယ် ဂျက်ကင်လဲ ဟန်ပါပါ ကျိုဝတ်ပြီး၊ ရင်ထဲတော့ “ဘုရား ဘုရား၊ ဒီလူနာလဲ ဘာမှ မဖြစ်ပါစေနဲ.၊ တပည့်တော်လဲ ပင်လယ်ထဲ မပြုတ်ကျရပါစေနဲ.” ပေါ့။ မတောက်တခေါက် ခြေတပေါင်ကျိုး ရေကူးပညာက ဘုရားလောင်း မဟာဇနကလိုတော့ ပင်လယ်ကို ဖြတ်ကူးဖို.လောက်တော့ အစွမ်းမရှိလှပါ ပေါ့။ 


ဒီလူနာတင်ယဉ်တွေ အကြောင်းပြောရင်း အရင် အရေးပေါ်ဌာနမှာ လုပ်တုန်းက Major Trauma Alert ဝင်လာပါတယ်။ လူနာတယောက် ပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်လို. ဆေးရုံကို သယ်လာပါပြီဆိုပြီး ဆေးရုံကို ဖုန်းခေါ် alert လုပ်ထားတာပါ။ ဒီမှာ ကျမတို.ဆီမှာ trauma team ဆိုတာ ရှိပါတယ်။ အတိုချုပ်ပြောရရင် ကျမကလဲ အလွန်တက်ကြွတဲ့သူ။ ဆေးကျောင်းမှာတောင် Hyper ကြီးလို. အခေါ်ခံထိတာ။ လူနာအကြောင်းလဲကြားရော အလွန် ကြွတက်နေတဲ့ ကျမ ဝတ်စုံပြည့်ဝတ်ပြီး ရှေ.ဆုံးကနေ လူနာတင်ယဉ်နဲ. လူနာကို သွားထွက်အကျို။ ဆင်းလာတဲ့ Paramedics (ရှေးဦးပြုစုတဲ့သူ)က ambulance ပေါ်ကနေ ဆင်းလာပြီး ရှေ.ဆုံးမှာရှိနေတဲ့ ကျမလက်ထဲကို “ရော့ ဒါကိုင်ထား ” ဆိုပြီး ထဲ့လိုက်တာကတော့ ......လူနာရဲ. ခြေထောက် အပြတ်ကြီးပါပဲ။ ကဲ မှတ်ကရော၊ တော်သေးတယ် ကျမ မူးတော့မလဲသွားခဲ့ ....။