Menu bar

9 April 2012

တွေးစရာ မြန်မာ မှုလေးတွေ

တနေ. အလုပ်ထဲမှာ အားလူးဖုတ် အတင်းတုတ် နေကြတုန်း သူငယ်ချင်းတယောက်က သူ.နဲ. အကြာကြီး ပေါင်းသင်းနေတဲ့ သူ.ရဲ. partner က သူ.ကို propose လုပ်လာကြောင်း၊ ဘယ်လောက် Romantic ဖြစ်ကြောင်း စတာတွေကို ဝမ်းသာအားရ ကိုပြောပြပါတယ်။ သူ.အကြောင်းပြောပြီးတော့ ကျမဘက်ကိုရော လှဲ.ပြီးတော့ နင်တို မြန်မာတွေရော ဘယ်လို Propose လုပ်ကြလဲတဲ့။ ကျမလဲ ကျမတို မြန်မာမှာ စတွဲပြီ၊ ရည်းစား ဖြစ်ပြီ ဆိုတာနဲ. လက်ထပ်ဖို. ရည်ရွယ်ကြောင်း အထူးတလည် Propose လုပ်စရာ မလို၊ လက်ထပ်ဖို. စိတ်ကူးနဲ. သာ တွဲကြကြောင်း၊ လက်မထပ်ခင် အတူနေတဲ ယဉ်ကျေးမှုလဲ မရှိကြောင်း ရှင်းပြမိ ပါတယ်။

နောက် သူတို. ထပ်မေးတဲ့ မေးခွန်းက Domestic violence လို.ခေါ်တဲ့ အိမ်ရှင်မ တွေ အထိုး အရိုက် အနို်င်ကျင့် ခံ ရတာ မျိုးတွေရော ရှိလားတဲ့၊ နင်တို.က ဗုဒ္ဓ ဘာသာ နိုင်ငံ ဆိုတော့ ဒါမျိုးတွေ နဲမှာပေါ့တဲ့။ ကျမလဲ နဲနဲ ပြန် စဉ်းစား ကြည့်ပြီး “အင်း ငါ မြန်မာ ပြည်မှာတုန်းကတော့ ဆေးရုံမှာ ဖြစ်စေ၊ လူမှု အပေါင်းအသင်းတွေကြားမှာ ဖြစ်စေ ဒါမျိုး မကြုံဖူး မကြား ဖူးဘူးလို.” ပြန်ဖြေခဲ့ မိပါတယ်။ ပြန်တွေး ကြည့်တော့ မြန်မာ မလေးတွေ ထုတ်ဖော် မပြောဘဲ အိမ်မှာ ကျိတ် အရိုက်ခံ ရ တတ်သလားတော့ ကျမ မသိပါ။ ရုပ်ရှင်တွေထဲတော့ တခါတရံ ဒါမျိုး ကြည့်ခဲ့ ဖူးတယ် ထင်ပါတယ်။ 


နောက် သေသေချာချာ လေးလေး နက်နက် ပြန်တွေးမိတော့ ကျမ မြန်မာပြည်နဲ. ဝေးနေတာလဲ ၆ နှစ် တော်တော် ကျော်လာပါပြီ။ အင်တာနက်မှာ မြန်မာ အမျိုးသမီးလေးတွေ အလွန် ပျက်စီးနေကြ ကြောင်းလဲ မကြာ ခဏ ဖတ်ရပါတယ်။ ခောတ်များ ပြောင်းပြီး အနောက်တိုင်း ယဉ်ကျေးမှု ကို အတုခိုး ကျင့်သုံး နေကြပြီလားလဲ ကျမ မသိတော့ပါ။ 

ပြောရမှာ ကိုယ့်ပေါင်ကိုယ် လှန် ထောင်းသလိုပါပဲ(ဒီ မြန်မာ စကားပုံ ကော တကယ် ရှိရဲ. လားမသိ) တချို. မြန်မာ များကလဲ အလွန်. အလွန် မိုက်ရိုင်းပါတယ်။ ကျမ ဒီရောက်ခါစ မအူမလည် အင်တာနက် google chatting မှာ ကိုယ် မသိတဲ့ မြန်မာ အမျိုးသား တယောက်ကို “မြန်မာ ပဲလေ မြန်မာလို စကားပြော၊ မြန်မာ သတင်းလေးတွေ မေးရတာပေါ့” ဆိုပြီး လက်ခံ Chat မိလိုက်တာကနေ အဲဒီ အမျိုးသားက စ မိုက်ရိုင်းလာပြီး မဟုတ်က ဟုတ်က စကားတွေပြောလာပါတယ်။ ဒါနဲ. ဆက် chat မလုပ်တော့ဘဲ Online က ထွက်လိုက်တော့ ကျမနဲ. Chat လုပ်ထားတာတွေ ကို  Edit လုပ်ပြီး ကျမကို လိုက် နာမည် ဖျက်ဖို. သူက ကျိုးစား ဖူးပါတယ်။ တော်ပါသေးတယ် နားလည်တတ်တဲ့ ယောက်ျား ကို ပိုင်ဆို်င်ထားလို.သာ။ အဲဒီ အချိန်က စလို. ကျမ Online Chatting ဆို ဝေးဝေးက ရှောင်ပါတယ်။ အားလဲ မအားသလို စကားပြောဖို.လိုလာရင်လဲ ဖုန်းပဲ သုံးပြီးခေါ်ပါတော့တယ်။ 

မြန်မာ မိန်းကလေးတွေ ဖက် ကရော ဘယ်လောက် ပျက်စီးနေလဲ၊ မြန်မာမှု မထိန်းကြတော့လဲ ဆိုတာလဲ ကျမ မသိပါ။ မြန်မာမလေးတွေရဲ. ယဉ်ကျေးမှုနဲ. မညီတဲ့ ဓါတ်ပုံတွေကိုတော့ အင်တာနက်မှာ မကြာခဏ မတွေ.ချင်မှ အဆုံးပါ။ ဟိုးတလောကတောင် မြန်မာ ဆရာဝန်မလေး တယောက် ဆိုပြီး မသင့်မတော် ဓါတ်ပုံတွေ တွေ.မိလိုက်ပါသေးတယ်။ တကယ့် အဖြစ်အပျက်လား ယုတ်မာတဲ့ မြန်မာ တချို.ကဘဲ သူမလေး ကို မကောင်းကြံထားတာလား ဆိုတာတော့ ကျမ မသိပါ။

ကိုယ်ကိုယ်ကို ကတော့ အသက်ကြီးတဲ့ အဒေါ်ကြီး တယောက်ပဲ ဖြစ်နေပြီလားလို. ခံစားမိပါတယ်။ အသက်ကြီးပြီး အချိန်စီးအောင်လဲ ကျိုးစားရပါ ဦးမယ်။ ကိုယ် ကလေးရတဲ့ အချိန်ကျရင်ကော မြန်မာ ယဉ်ကျေးမှုကို ထိန်းသိမ်းမယ့် ကလေးတွေ ဖြစ်လာအောင် ဘယ်လို ပြုစု ပျိုးထောင်ရပါ့ ဆိုတာလဲ တွေးပြီး ရင်ပူမိတာ အမှန်ပါပဲ။ 

Facebook က ရလာတဲ့ ပုံလေးတချို. Share ပြီး ဒီစာကို အဆုံသတ်လိုက်ပါပြီ။ 
ဓါတ်ပုံ တွေရဲ. original link က ဒီမှာပါ။
https://www.facebook.com/notes/oakkar-nyo-htay/-ညီမလေးရေ-/10150739869163209