Menu bar

28 April 2012

One special person

ဒီနေ.ဟာ ကျမဘဝရဲ. အရေးပါသူ တယောက်ရဲ. မွေးနေ.ပါ။ ဒီနိုင်ငံမှာ သူတို. ပြောတဲ့ “Your other half” လို. ဆိုတဲ့ ကျမရဲ. ခင်ပွန်း၊ အိမ်မှာ ကျမ ကျားကျားလို. ခေါ်တဲ့ တယောက်သောသူရဲ. မွေးနေ.ပေါ့။ ကျမမွေးနေ.တိုင်းကိုတော့ သူက ထူးထူးခြားခြား လက်ဆောင်တွေ (Gucci, LV အိတ်တွေက အစပေါ့ ဟီးဟီး) ဝယ်ပေးထားပေမယ့် သူ.အတွက်တော့ ကတ် တခုကလွဲလို. ဘာမှဝယ်မထား ဖြစ်ပါဘူး။ ဝယ်ပေးရအောင်လဲ သူက အလွန် ချေးကျွတ်များတာကိုး။

သူနဲ. ကျမ စတင် ခင်မင် ရင်းနှီးခဲ့တာလဲ အခု ၁၀နှစ် ပြည့်ပါပြီ၊ လက်ထပ်တာလဲ ဒီ ဇူလိုင်ဆို ၇နှစ်တောင် ရှိပါပြီ။ ပြောရင်တော့ ဒီ ၁၀နှစ်ဆိုတာ ဘာမှ မဟုတ်သလိုပါဘဲ။ ရန်ဖြစ်လိုက်ကြ ပြန်တဲ့ လိုက်ကြ၊ အဆင်မပြေတာတွေ တယောက်ကို တယောက် အားပေးပြီး ကျော်ဖြတ်ခဲ့ကြ နဲ.ပါ။ အဆင် မပြေ ရုန်းကန်ခဲ့ရတာတွေကလဲ နဲတော့ မနဲခဲ့ပါဘူး။ လက်ထပ်ပြီး သူ.အလုပ်နဲ. ကျမ အလုပ် နေရာ မတူလို. ခွဲနေခဲ့ရတာ၊ နေ.တိုင်းဖုန်းဆက်ပြီး အလွမ်းသယ်ခဲ့ရတာလဲ တော်တော် ကြာပါတယ်။ ဒီနိုင်ငံရဲ. ဆရာဝန် အလုပ်က တနှစ်တခါ ဆေးရုံ ပြောင်းရပါတယ်။ အခုတော့ စီနီယာပိုင်းကို ရောက်လာပြီဆိုတော့ အရင်လောက် မခက်တော့ပါဘူး။ သူ ရော ကျမပါ ဆေးရုံချင်း မတူကြပေမယ့် အိမ်နဲ. နီးတဲ့ဆေးရုံတွေမှာပါ။ 


အမြဲတော့လဲ ဘယ် တဲ့နိုင်ပါ့မလဲနော်။ သူနဲ. ကျမက အသွင်မတူတဲ့ သူနှစ်ယောက်ကိုး။ ဥပမာ ကျမက စိတ်အလွန်မြန်၊ သူက စဉ်းစဉ်းစားစား ဆင်ဆင် ခြင်ခြင်နဲ. နှေးကွေးသူ။ ကျမက စွန်.စွန်.စားစား အကုန်လုပ်ချင်၊ သူကျတော့ စိုးရိမ်စိတ်တွေများပြီး စိတ်ပူတတ်သူ။ ကျမက ရောက်ရာ အရပ် အဆင်ပြေသလို ကျိုးစားနေတတ်ပြီး၊ သူက မြန်မာ သတင်းလေးတွေဖတ်၊ မြန်မာ သီချင်းလေးတွေပဲ နားထောင်ပြီး မြန်မာကိုပဲ လွမ်းတတ်သူ။

ဒါပေမယ့် ဘယ်တော့မှ မပြောင်းလဲပဲ တူညီတဲ့ တခုကတော့ ကျမတို. အချင်းချင်း အမြဲ နားလည်မှု နဲ. တယောက်အပေါ် တယောက် အပြည့်အဝ ထောက်ခံ ရပ်တည်ပေး ခဲ့တာပါဘဲ။

အနာဂတ်ကို ကျိုမမြင်နိုင်ပေမယ့် ပျော်ရွှင်ဖွယ် နေ.လေးတွေကို အတူကျော်ဖြတ်ရပါစေလို. ဆုတောင်းရင်း၊ ရောင်းရင်းအားလုံးလဲ ကိုယ်ချစ်တဲ့သူနဲ. သေတပန် သက်တဆုံး ပျော်ရွှင်စွာ လက်တွဲနိင်ကြပါစေလို. ဆုမွန်ချွေရင်း ဒီစာကို အဆုံးသတ်လိုက်ပါတယ်။