Menu bar

26 April 2012

သင်္ဘော ဆရာဝန်

ဒီနေ. ဆေးရုံမှာ Caribbean Cruise Holiday သွားပြီး ပြန်လာပြီး နမိုနီးယားနဲ. ဆေးရုံရောက်လာ တဲ့ လူနာတယောက်ကို ကုခဲ့ရပါတယ်။ ဒါနဲ. လွန်ခဲတဲ့ ၃ နှစ်လောက်က အလွန်ခင်မင်ခဲ့တဲ့ သဘောင်္ ဆရာဝန်မလေး တယောက် ပြန်ပြောပြခဲ့တဲ့ သူ သဘောင်္လိုက်စဉ်က အတွေ.အကြုံများကို ပြန်သတိရမိပါတယ်။ ကျမလို အလွန် စွန်.စွန်.စားစား ပေါက်ကရ လုပ်ချင်တဲ့သူ အတွက်တော့ သူမ ပြောပြသမျှဟာ ရင်ခုန် စရာတွေချည်းပါပဲ။ 

အမှန်တော့ သဘောင်္ဆရာဝန် တယောက်လုပ်ဖို. ဆိုတာ အလွန်.ကို မလွယ်ကူတဲ့ အလုပ်ပါ။ လူရာထောင်ချီပါတဲ့ သဘောင်္မှာ ကိုယ်တယောက်ပဲ ဆရာဝန်ပါတာ ဆိုတော့ ဖြစ်သမျှ ရောဂါမှန်သမျှကို ကိုယ်ပဲ ဖြေရှင်းရပါသတဲ့။ နှာစီး၊ ချောင်းဆိုး၊ ပင်လယ်လှိုင်းမူး တာကစလို.၊ ချော်လဲ ကျိုးပဲ့၊ မူးလဲတာတွေပါ မကျန်ပေါ့။ ဇိမ်ခံ သဘောင်္ကြီးတွေကလဲ ကြီးလွန်းတော့ အထဲမှာ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ အရက်ဘား၊ ရေကူးကန်၊ စတိတ်ရှိုး ဆိုတာတွေကစလို.၊ စုံစီနဖာ အကုန်ပါပါတယ်။ ဆရာဝန် အတွက်လဲ ဓါတ်မှန်ရိုက်၊ သွေးဖောက်တာ အပြင် အသေးစား ခွဲစိတ်ခန်းလေးပါ ပါသတဲ့။ 


ဒီမှာ ဆယ်လီ (Sally) ပြောတဲ့ စိတ်အလှုပ်ရှားဆုံး ဖြစ်ခဲ့ရတဲ့ အတွေ.အကြုံက  အသက် ၅၀ အရွယ် အမျိုးသား ခရီးသည် တယောက် အူအတက် ပေါက်သွားတုန်းက ဆိုပဲ။ တွေးကြည့်ရင်တော့ တော်တော် ကြောက်ဖို.ကောင်းပါတယ်။ ကိုယ်တယောက်ထဲ ကူမဲ့သူလဲ မရှိ။ သူနာပြုလေး တယောက်ကလွဲလို.ပေါ့။ ဒီအတိုင်းထားရင်လဲ ဒီလူနာ ကျိန်းသေပေါက်သေမည်။ လူနာတင် ရဟတ်ယဉ်က နဲနဲ ကြာဦးမယ်ဆိုတော့ စောင့်နေလို. မဖြစ်တော့။ ဒီတော့ ဗိုက်ဖွင့်ဖို. ကျိုးစားရတယ်တဲ့။ အဲဒီတော့ သူမပဲ မေ့ဆေးဆရာဝန်၊ သူမပဲ ခွဲစိတ်ဆရာမကြီး၊ တော်တော် ရင်တုန်ပန်းတုန် ဖြစ်ခဲ့ ရတယ်ဆိုပဲ။ တွေးကြည့်ရင်တော့ မြန်မာပြည်မှ ဆရာဝန်များက ရယ်မယ်ထင်ပါတယ်။ နယ်မှာ မေးဆေးဆရာဝန်မှ မရှိတာပဲ။ ကျမ ဖခင် နယ်မှာတုန်းက သူပဲ မေ့ဆေးပေး၊ သူပဲ ခွဲနေတာကို နေ.စဉ်နီးပါး တွေ.ခဲ့ဖူးပါတယ်။

ဒီမှာ နဲနဲလေး မဆိုင်တာ အတင်းတုတ်ရရင် ဒီအင်္ဂလိပ် လူမျိုးများဟာ တခုခုကို တော်တော် ပုံကြီးချဲ.တတ်ကြပါတယ်။ ဥပမာ သွေးဖောက်တာ၊ ဆေးထိုးတာ ဆိုရင် အရုပ်မှာ အနဲဆုံး ၁၀ ခေါက်လေ့ကျင့်ရမယ်။ ကိုယ့် သူငယ်ချင်းနဲ. ကိုယ့်ဘာသာကိုယ် ၁၀ ခေါက် ဖေါက်ကျင့်ရမယ်၊ ပြီးရင် လူနာမှာ တယောက်က စောင့်ကြည့်ပြီး အနဲဆုံး ၂၀ ယောက် ဖောက်ကျင့်ရမယ် ...... မဆုံးနိင်ပါ။ ကျမတို. အတွက်တော့ ဆေးကျောင်းပြီး အလုပ်သင် စဝင်တာနဲ. တခေါက်လောက် တယောက်က ပြပေးပြီးရင် နောက်တယောက်ဆို ကိုယ့်ဘာသာ ကိုယ် လုပ်ရပါတယ်။ ဒါကြောင့်ပဲလား မသိ တခုခု လုပ်ကိုင်ရမယ် ဆိုရင် ကျမတို. မြန်မာလူမျိုးတွေရဲ. လက်ရည်က အလွန်သာတယ်လို. ကျမတော့ ဂုဏ်ယူစွာ ထင်မိပါတယ်။

ကဲ သဘောင်္အကြောင်း ပြန်ပြောရရင် .. အနောက်တိုင်းသား လူမျိုးတွေ အတွက်တော့ နောက်တခု စိတ်မချမ်းသာစရာက အရက် မသောက်ရတာပါ။ ဒါပေါ့နော ပါလာတဲ့ တယောက်ထဲသော ဆရာဝန်က မူးနေလို. ဘယ်ဖြစ်ပါ့မလဲ။ သူတို.လူမျိုးတွေကလဲ အရက် အလွန် ကြိုက်တော့ ဒီတချက်ကို တော်တော် စိတ်ညစ်ကြပါတယ်။ တာဝန်က ၂၄နာရီ ပတ်လုံး ဖြစ်တော့ စိတ်အလွန် ပင်ပန်းတယ်လို.လဲ ထင်ကြပါတယ်။ ဒါကြောင့်လဲ လစာ က အလွန်ကောင်းတာပေါ့နော။ ပိုကောင်းတာ ရှိသေးတာက အခွန်မပေးရခြင်းပါပဲ။ (ဒီ အင်္ဂလန်မှာ ကိုယ်ရတဲ့ လခရဲ ၄၀%က အခွန်အနေနဲ. အဖြတ်ခံ ရပါတယ်။) ဒါကြောင့် တခြား အသိတယောက် ဆိုရင် သဘောင်္ ၃နှစ် လိုက်ပြီး ပြန်လာတော့ အိမ်အကြီးကြီး တလုံး လုံးချင်းငွေချေပြီး ဝယ်လိုက်နိုင်သတဲ့။ Sally ကတော့ ၆လ လောက် သဘောင်္လိုက်လိုက် ၆လလောက် အလုပ် မလုပ်ပဲ ထိုင်စားလိုက်ပဲတဲ့။ ကျမလဲ အိမ်ထောင် မရှိသေးခဲ့ ရင်တော့ သူမလို သဘောင်္ဆရာဝန် အလုပ်မျိုး လျှောက်မိမလား မပြောတတ်။ အခုတော့ ဒီယောက်ျားကို ထားခဲ့ပြီး အကြာကြီး ဘယ်ခွဲနိုင် ပါ့မလဲနော (အဟိ)။ ပြန်တွေးကြည့် သုံးသပ်ကြည့် ပြန်တော့လဲ ကျမက အလွန် လှိုင်းမူးတတ်သူပါ။ တလောက သဘောင်္ငယ်လေးနဲ. ရှုခင်းလိုက်ကြည့်တော့ ဘယ်မှ မကြည့်နိုင်ဘဲ မူးလိုက်တာ ဆိုတာ၊ ကျမ အမျိုးသားကတောင် “အဖေ အမေ တွေနဲ. Cruise Holiday သွားမလို. ဆိုတာ။ ဒီလို မူးတတ်ရင် မဖြစ်ပါဘူး” လို. ပြောယူရတဲ့ အထိ။
အင်း တွေးကြည့်ရင် သဘောင်္ပေါ် ပါလာတဲ့ ဒေါက်တာမက အရက်မသောက်ပဲ မူးနေရရင် ..... ဟင်း ..