Menu bar

23 April 2012

Holiday to California

Helicopter explosion (From Die Hard)
ကယ်လီဖိုးနီးယား လို. ဆိုထားပေမယ့် ဒီမှာ တကယ်ပြောချင်တာက ယူနီဗာဆယ် စတူဒီယို နဲ. လော့စ်အိန်ဂျယ်လီစ် မှာ လည်ခဲ့တဲ့ ဟောလီးဒေး အတွေ. အကြုံလေးတွေပါ။ ၂၀၀၈ တုန်းက သွားခဲ့တာ ဖြစ်ပြီး ခရီးသွား အတွေ.အကြုံ မှတ်တမ်းလဲ မရေးခဲ့တော့ အာရုံမှာ ဝေဝေဝါးဝါး ကျန်ခဲ့တာလေးတွေ ပြန် ရေးဖြစ်တာပါ။ မြန်မာနိုင်ငံမှာ တုန်းကတော့ သိကြတဲ့အတိုင်း အိုဗာဆီး လည်ဖို.က အလွန်ခက်တော့ ဘယ်မှ မရောက်ဖူးခဲ့ပါဘူး (အခုတော့ အရင်လို မဟုတ်တော့ဘူး ထင်ပါတယ် နော်)။ ဒီ အင်္ဂလန်မှာ အခြေချပြီးတဲ့ အခါမှာတော့ တသက်နဲ. တကိုယ် ဘယ်မှ မရောက်ဖူးခဲ့သမျှ အခွင့်အရေးရတုန်း တနှစ်ကို တနိုင်ငံ လည်ကြမယ် လို. အမျိုးသားနဲ. သဘောတူ ဆုံးဖြတ်ခဲ့ ကြပါတယ်။ ဒီတော့ အရမ်းရောက်ဖူးခဲ့ချင်တဲ့ အမေရိက ကလဲ စာရင်းထဲမှာ ထိပ်ဆုံးကပေါ့နော။ 

ရောက်သွားဖြစ်တာကတော့ ၂၀၀၈ ခုနှစ် အေပရယ် လောက်မှာပါ။ ဂျမေးကားပြီးတော့ ဒုတိယ လည်ဖြစ်တဲ့ နိုင်ငံ ဆိုတော့ တကယ့် မအူမလည် ဘဝပဲ ရှိပါသေးတယ်။ လေယဉ်ပေါ်မှာ အတူထိုင်ရတော့ မြန်မာပြည်ကို ရောက်ဖူးချင်တဲ့ အမေရိကန်သူလေးနဲ.။ သူမနဲ. သူ.နိုင်ငံ အကြောင်း ကိုယ့်နိုင်ငံ အကြောင်း ထုံးတန်း စဉ်လာ ဗဟုသုတတွေ ဖလှယ်ကြပြီး၊ တလမ်းလုံး လေပေါလာကြပါတယ်။ LA ကို  ရောက်ရောက်ချင်း ပထမဆုံး သတိထားမိတာကတော့ ရာသီဥတုရယ်ပါ။ မပူမအေး အလွန်နေလို.ကောင်းပါတယ်။ နောက် အစား မှာစားကြတော့လဲ (အားပါးပါး ..) အစားအသောက် ပွဲတွေက အလွန်ကြီးမားပါတယ်။ အစားပုတ်တဲ့ ကျမ အမျိုးသားတောင် တော်တော် စားယူရပါတယ်။ လာလိုက်တဲ့ အချိုပွဲ ရေခဲမုန်. ဒိန်ချဉ် ဆိုတာတွေကလဲ ချိုလိုက်တာ မှ အီနေတာပါပဲ။ ဒါ့ကြောင့် လေယဉ်ပေါ်က အမေရိကန်သူကတော့ သတိပေးခဲ့သား၊ သူတို.လူမျိုးတွေ အချို အလွန်ကြိုက်သတဲ့။

မသွားခင်က သူငယ်ချင်း အားလုံးက ဟိုမှာ ဈေးအရမ်းပေါတယ် ဘာမှ သယ်မသွားနဲ.၊ ဟိုရောက်မှ ဝယ်ဝတ် လို. ဆိုကြပါတယ်။ တော်သေးတယ် သူတို. စကားနားမထောင် မိလိုသာ။ ဟိုရောက်တော့ ဘယ်သွားလို. ဘယ်လာရမှန်းမသိ။ ဘတ်စ်ကားတို. မီးရထားတို. ဆိုတာကလဲ မရှိသလောက်၊ တက္ကဆီ စီးရအောင်လဲ ဘယ်လောက်တောင် ကုန် မလဲ ဆိုတာမသိ။ ရောက်ဖူးချင်ပေမယ့် ပိုက်ဆံ အရမ်းကုန်မှာလဲ ကြောက်သေး။ ကိုယ့်ကိုယ် ကားငှားပြီး မောင်းသွားလို. ဟိုတယ်ဝန်ထမ်းကတော့ အကြံပေးပါတယ်။ ဒါပေမယ့် ဒီအင်္ဂလန်မှာ လမ်းဘယ်ဘက် ကနေ မောင်းနေတာ ကြာပြီဆိုတော့ တော်ကြာ ညာဘက်မောင်းတဲ့ အမေရိကားမှာ လမ်းမှားပြီး ဒုက္ခများနေမှာ ကြောက်တာနဲ. မမောင်းရဲ ပြန်ပါဘူး။ ခုတခေါက် ထပ်သွားရင်တော့ မောင်းကြည့်ဖြစ်မလား မပြောတတ်ပါ။

အဲဒီ အချိန်က Facebook လဲ မသုံးဖြစ်သေးတော့ ပျောက်နေတဲ့ သူငယ်ချင်းတွေနဲ. လဲ သိပ် အဆက်အသွယ် မရခဲ့ပါဘူး။ ဟိုရောက်တော့ စမ်းသပ်ပြီး ဖုန်းခေါ်ကြည့်တော့မှ ဆေးကျောင်းက သူငယ်ချင်း ၂ ယောက်နဲ. ပြန်တွေ.ပြီး သူတို.နဲ. အတူလည် ဖြစ်ပါတယ်။ ကျွေးတာတွေလဲ လိုက်စားပေါ့နော။

လည်တဲ့ အထဲမှာမှ မှတ်မှတ်ရရ အရှိဆုံးကတော့ ယူနီဗာဆယ် စတူဒီယိုပါ။ ဟောလီးဝုဒ် မှာ ရုပ်ရှင်တွေ ဘယ်လို ဆက်တင်ချ ရိုက်ကြလဲဆိုတာ တွေ ပြန်ပြပါတယ်။ အိမ်၊ ရပ်ကွက်၊ မြို.အားလုံးကို ဆက်တင် ဆောက်ပြီး ရိုက်တာတွေ၊ ဘယ်လို ဖောက်ခွဲရေးတွေ လုပ်တယ် ဆိုတာတွေ၊ ရေတွေ တလဟော စီးချလာတာတွေ၊ အားလုံး ကြည့်ရတာ ရင်သပ်ရှုမော အံသြလို. မဆုံးခဲ့ပါဘူး။ ကိုယ်ကိုယ်တိုင် ရုပ်ရှင်ထဲ ရောက်နေသလိုကို သဲထိပ်ရင်ဖို ခံစားရအောင် လုပ်ထားပါတယ်။

အဲဒီတုန်းက မှတ်မှတ်ရရ 3D ဆိုတာ ပေါ်ခါစ ဘာမှန်းတောင် မသိသေးတဲ့ အချိန်၊ နေကာ မျက်မှန်ကြီးတွေ ပေးပြီးတော့ Show ကြည့်ရမယ်ဆိုတော့ လဲ အူကြောင်ကြောင်နဲ. ကြည့်ပေါ့လေ။ ဘာတွေ ပြမယ် ဆိုတာလဲ ကြိုမသိ။ နောက် Terminator ကားထဲက  John Connor နဲ. Arnold (ခပ် ဆင်ဆင်တူတဲ့ သူ)တို. တွေ ထွက်လာ စကားတွေပြော ဆိုတော့ “သြ Terminator ကိုပြန်ပြတာကိုး” လို. ထင်နေတုန်းရှိသေး။ အနာဂါတ်က လူတွေရောက်လာပြီး တိုက်ပွဲတွေ စကြတော့တာပါဘဲ။ 3D effect နဲ.ဆိုတော့ ကိုယ်ကိုယ်တိုင်လဲ တိုက်ပွဲ အလည် တဲ့တဲ့ ကို ရောက်နေသလို ခံစားရပြီးတော့ ပုကန်ပြားပြန်တွေ၊ လက်သီးပြန်တွေ၊ ကျည်ဆန်တွေ ကိုယ့်တဲ့တဲ့ ကို တန်းစီ ဝင်လာပါတယ်။ 3D ဆိုတော့ ကိုယ်မျက်နှာ တဲ့တဲ့ လာမှန်တော့ မလို ဖြစ်တော့ အလန်.လန်. အဖြတ်ဖြတ် ဟိုရှောင် ဒီရှောင်၊ တသက်လုံး ထုတ်မသုံးခဲ့တဲ့ အရှောင်အတိမ်း သိုင်းပညာတွေနဲ.ပေါ့။ နောက်တော့ မဖြစ်သေးပါဘူး ဆိုပြီး မျက်မှန် ဖြုတ်ကြည့်လိုက်တော့မှ 3D effects တွေက ရပ်သွားပါတယ်။ ဒါနဲ. ဘေးလှဲ.ကြည့်လိုက် တော့ ဘယ်ဟုတ်မလဲ ကိုယ့်ထက်ဆိုးတဲ့ ကိုယ့်အမျိုးသားရဲ ခြေတပေါင်ကျိုး သိုင်းပညာနဲ. ဟိုးပုန်း ဒီ တိမ်းပြီး “ဟဲ့  ဟဲ့  အိုး  အီး” “ဟ .. အောက်မယ်လေး” ဆိုတာတွေကို တွေ.လိုက်ရပါတယ်။ (ဟီးဟီး)။ တခြား မှတ်မှတ်ရရ တွေကတော့ 3D နဲ. ပဲ Shrek ထဲက ဇတ်ကွက်ကို ပြန်ပြတာနဲ. Animal Kingdom ထဲ က ဇတ်ကွက်ရယ်ပါ။

Animal Kingdom မှာတော့ သုံးခဲ့တဲ့ တရိစ္စာန် တွေကို ပြန်ပြသလို၊ တစ်ခန်းကတော့ သူများစိတ်ကို ဖတ်တတ်တဲ့ စူပါ မျောက်ဆိုပဲ။ ပရိသတ်ထဲက ကလေးတွေကို volunteer ခေါ်ပြီး ရှေ.ထုတ်ပါတယ်။ အဲဒီမှာ ကောင်လေးငယ်လေး တယောက်ကို (၅ နှစ်လောက် ရှိပါမယ်)၊ ပစ္ခည်း ၃ မျိုးထဲက တခုကို ရွေးမှတ်ခိုင်းပြီး မျောက်ကလေးကို ကောင်လေးမှတ်ထားတဲ့ ပစ္စည်း သွားယူခိုင်းပါတယ်။ မျောက်က မှန်သွားတော့ (ဦးထုပ် ကလေး ယူပေးလာပါတယ်) ကောင်လေးလဲ တော်တော် အံ့သြသွားပုံပါပဲ။ ငါ့စိတ်ကို ဒီကောင် ဘယ်လိုသိတာလဲ ပေါ့။ ဒါနဲ. ပြဇာတ်ဆရာက “ကဲ နောက်တခု စမ်းကြည့်ရအောင်၊ တကယ် စိတ်ကို ထိုးထွင် မြင်နိုင်တာလား၊ ကံချော်ပြီး မှန်သွားတာလား သိရအောင်၊ ခေါင်းထဲ ကနေ စဉ်းစား ကြည့်ပါဦး၊ ထုတ်မပြောနဲ.” ဆိုပြီး မျောက်ကလေးဘက် လှဲ.ပြီးတော့ “မျောက်ရေ ဒီကောင်လေး ခေါင်းထဲ အခု တွေးနေတဲ့ ဟာ ကို ပြဇတ်ခုန် နောက်ကနေ သွားယူခဲ့ပါဦး” လို.ပြောလိုက်ပါတယ်။ မျောက်ကလေးက လဲ ချက်ချင်း လှစ်ခနဲ ပြေးဝင်သွားပါတယ်။ အလွန်အံ့သြနေတဲ့ ပရိသတ်ကြီးကလဲ စိတ်ဝင်တစား၊ ဒီတခါရော မှန်ဦးမလားပေါ့။ ကောင်လေးလဲ ဘာကိုများ စိတ်ထဲ တွေးပြီး မှတ်ထားလဲပေါ့။ နောက်တော့ မျောက်ကလေးက ပြေးထွက်လာတဲ့ အခါမှာတော့ .. သူလက်ထဲမှာ ကိုင်ထားတာကတော့  .....  “ဘရာဇီယာ” ကြီးရယ်ပါ။ ပရိသတ်တွေလဲ ဝါးဟားဟား ပွဲကျ ကြပါတယ်။ 

အတွေ.အကြုံတွေကတော့ ပြောလို.မဆုံး အားလုံး အမှတ်ရ စရာတွေပါပဲ။ Las Vegas နဲ. ကျန်တာလေးတွေ ကို နောက်ထပ် ပိုစ် တခုမှာ ထပ်ရေးပါ့မယ်။ 
KingKong
Flood
Again, another explosion, forgotten movie name
Plane crash