Menu bar

16 April 2012

ပြီးပြန်ပေါ့ ဒီနှစ် အတာ သင်္ကြန်

သင်္ကြန် လဲကျပြီးပြန် ပါပြီ။ သြော် အကုန်မြန်လိုက်တဲ့ အချိန်တွေဆိုတာ ..။

မြန်မာပြည်က သူငယ်ချင်းတွေတော့ အတာကူးပြီး ပျော်မြူးစွာ နှစ်ကူး ခဲ့ကြမယ် ထင်ပါတယ်။ ရပ်ဝေးရောက်နေတဲ့ မြန်မာတွေကတော့ သင်္ကြန်သီချင်းလေးတွေ နားထောင်ပြီး ငယ်ဘဝ စမြုံပြန်ကြ မလား၊ အလုပ်တွေ ရှုပ်နေတာနဲ. ပဲ မေ့မေ့ ရော့ရော့ ရှိနေမလား၊ နီးစပ်ရာ ပေါင်းပြီးလုပ်ကြတဲ့ နိုင်ငံရပ်ခြားရဲ. သင်္ကြန်အသေးစားလေးတွေလဲ ရောက်ဖြစ်ကြမလား မပြောတတ်ပါ။ တခု အသေအခြာ ပြောနိုင်တာကတော့ ကျမလို အေးတဲ့ နိုင်ငံ ရောက်နေရင်တော့ ရေလောင်းဖို. ဆိုတာ စိတ်ကူးထဲတောင် မထဲ့ နိုင်ပါလို.။ ဒီမှာ ဘို သူငယ်ချင်း တချို.ကို သင်္ကြန် ရေလောင်းတဲ့ အကြောင်းပြောပြရင် တော်တော် ရူးကြတာပဲ ဆိုတဲ့ အကြည့်နဲ. အကြည့်ခံ ရပါတယ်။ အလွန်ပူပြင်းတဲ့ နွေရဲ. အပူမှာ အလောင်းခံ ရတဲ့ သင်္ကြန်ရေ ဟာ ဘယ်လောက် အေးမြတယ်ဆိုတာ သူတို မခံစားဖူးတော့ မသိနိုင်ပါဘူး။

ပြန်တွေးရင် ဟိုးကလေးငယ်လေးတွေ က သင်္ကြန်ဆို ခွက်စောင်းခုတ်၊ ရေပူဖေါင်း ပြစ် ခဲ့ကြသလို၊ နဲနဲ ကြီးလာတော့ ရေပက်ခံထွက်၊ မဏ္ဋပ်တွေမှာ ကဲခဲ့ ဖူးကြမှပါ။  နောက် ဒီထက် အရွယ်လေးပိုရတော့ ရောဂီ တပါတ်လေးခြုံ တရား စခန်းဝင် ကုသိုလ် ကောင်းမှုလေးလုပ်ကြ။ ဥပုဒ်လေးတွေ စောင့်ကြ။ 

ငယ်ကဆို အမြဲ တွေးမိတာက သင်္ကြန်ဆို ရင် လူအမျိုးအစား အုပ်စု ၄ မျိုး ရှိ မယ်လို.။ 

- ရေ ကစားမယ်၊ ရေပက်ခံ ထွက်မယ် ဆိုတဲ့ အုပ်စု၊ ခုတော့ ဘီယာလေးသောက် ပျော်မြူး ကြတာလေးတွေလဲ ပါမယ် လို. ပြောလို.ရမယ်ထင်ပါတယ်၊
- သင်္ကြန် ယိမ်းနဲ. တီးဆို ကခုန် ကြသူတွေရယ်၊
- အိမ်မှာ ကုပ်၊ တီဗွီလေး ကြည့်၊ စာအုပ်လေးဖတ် အနားယူ တဲ့ သူတွေရယ်၊
- တရားစခန်း သွား၊ တရားထိုင် ဝေယျာဝစ္စ လုပ်ကြသူ တွေရယ်၊ 

ကျမတော့ အဲဒီ လေးမျိုးလုံး လုပ်ဖူးပါတယ်။ ကိုယ့်ရဲ. အသက်နဲ. ဆော့ဖေါ် ဒါနဖေါ် တွေပေါ် မူတည် ပြီးတော့ ပေါ့။ ခုတော့ ဒီနိုင်ငံခြားမှာ YOutube က နေ သင်္ကြန် သီချင်းလေးတွေ ကြည့် နားထောင် အိမ် အလွမ်းဖြေ နေရပါတယ်။ သင်္ကြန်ရဲ. တကယ့် မူရင်း အနှစ်သာရလေး မမေ့ပျောက်ရအောင် တော့ မနက်ဖန် ဘုရားမှာ ကောင်းမှုလေးတွေ လုပ်၊ တနှစ်တာရဲ. အညစ်အကျေးတွေကို သန်.စဉ်ပြီး (တော်တော် များတယ်ဆိုတာတော့ မပြောလဲ သိမှာပါနော် ဟိ) နောက်နှစ် အတွက် ကျိုဆို လိုက်ပါဦးမယ်။ 

အားလုံးပဲ ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေလို. ....