Covent Garden |
မေမေက ရှမ်းပြည်ဇာတိဆိုတော့ ငယ်ငယ်က မေမေ့ကို ရှမ်းနာမည်တခုလောက် ရွေးပေးဆိုတော့ မေမေက “မငှဲပြို” တဲ့၊ ပထမတော့ ဘာမှနားမလည် မသိတော့ တော်တော် လှတဲ့ နာမည် လို.တောင် ထင်လိုက်သေးတယ် (အဟဲ)။ နောက်မှ ပြန်သိရတာ မငှဲပြို - မငိုပြဲ တဲ့။ ကဲ ကောင်းရော။
ခုထိလဲ အလွန် သနားတတ်တုန်းပါဘဲ။ လမ်းပေါ်မှာ ချမ်းချမ်းအေးအေးနဲ. သီချင်းဆို ပိုက်ဆံ ရှာနေသူတွေ၊ ဈေးရောင်းနေသူတွေ၊ ဘဝ ကံအကြောင်းမလှ အဆင်မပြေကြတဲ့ သူတွေ ကြည့်ပြီး စိတ်ထဲ မကောင်း ဝမ်းနည်းလို. မဆုံး ဖြစ်နေဆဲပါ။ ဒါတွေဟာ သေသေချာချာ ပြန်စဉ်းစားရင် ဘုရားဟော တရားတော်နဲ.လဲ မညီပါဘူး။ သူတို. အတွက် ကိုယ်တကယ် ဘာမှ လုပ်ပေးနိုင်တာလဲ မဟုတ်ပဲ ကိုယ့်ရဲ. စိတ်ကိုပဲ ညစ်ညူးစေပြီး ပူပန်မှုတွေ ပိုစေပါတယ်။ ကိုယ်နဲ.လဲ ဆိုင်တာမဟုတ်။
ဒီနေ.လဲကြည့် .. ကျမတို. လင်မယား စနေ တနင်္ဂနွေဆိုရင် ဈေးဝယ်ပြီး တပတ်စာ အတွက် စားဖို.သောက်ဖို. စီစဉ်ထားရပါတယ်။ အားတဲ့ အပတ်တွေဆို ဒီက Open Market လို.ခေါ်တဲ့ ဈေးတန်းလေးမှာ သွားဝယ်တတ်ပါတယ်။ အဲဒီမှာ အသားငါး အသီးအနှံတွေက လတ်သလို ဈေးလဲ ပေါပါတယ်။ ဒီနေ. ဈေးမှာ အင်္ဂလိပ်ကြီး တယောက်က ရောင်းမကောင်းတဲ့ ပုံနဲ. အသံအကျယ်ကြီးနဲ. အသားငါးတွေ အော်ရောင်းနေပါတယ်။ သူ.ကိုကြည့်ပြီး တော်တော် သနားလာတာနဲ. အားပေးပြီး ဝယ်လာခဲ့တဲ့ ဝက်သားတွေဆိုတာ၊ ၃ပိဿာလောက်ရှိမယ် ထင်ပါတယ်။ ကျမတို.လင်မယား နှစ်ယောက်ထဲ စားဖို.ကို။ အမျိုးသားကတော့ ပြောပါတယ်၊ “အိမ်မှာ အလှူ လုပ်မလို.လား” တဲ့။ အိမ်ရောက်တော့ အဲဒီ ဝက်သား အများကြီးကို လှီးရ ခုတ်ရ အလုပ်တွေ ပိုပါရော။ ပုံမှန်ဆို ခုတ်ပြီးသား ချက်ဖို.အသင့် ဆိုတာမျိုးကိုပဲ ဝယ်တာလေ။ ဘယ်လို လုပ်စားရပါ့မလဲလို.လဲ ခေါင်းတွေက ခြောက်ပေါ့။ ကဲ ရှေ.တပတ်တော့ ဝက်လိုက်ကြဦးပေါ့ နှစ်ယောက်သား .....။