Menu bar

8 April 2012

ခါးနာတတ်တဲ့ သူတွေ

အရေးပေါ်ဌာနမှာ ခါးနာလို. လာပြတာဆိုရင် တခါတလေ လူနာကို မမြင်ခင် ကတဲက စိတ်နဲနဲ ညစ်မိတာ အမှန်ပါပဲ။ ဘာလို.လဲ ဆိုတော အများစုဟာ Chronic back pain လို.ခေါ်တဲ့ နာတာရှည် ခါးနာတတ်သူတွေ ဖြစ်ပြီး ဆေးပညာ အရ ကုရန် မလွယ်တာတွေ ဖြစ်လို.ပါပဲ။အနာပျောက်ဆေးသောက် လေ့ကျင့်ခန်းလုပ် စိတ်ဖိစီးတာတွေ ဖယ်ထုတ်ပြီး အကောင်းမြင်နိုင်အောင် ကျိုးစား ဆိုတာကလွဲလို. သိပ်လဲ ပြောစရာ အကြံပေးစရာ သိပ် မရှိလှပါဘူး။ ကိုးရီးယား ဇတ်လမ်းတွဲတွေ ထဲကလို  aja aja fighting ပေါ့နော။

အရင် တပတ်က အလုပ်မှာ လုပ်ဖော်ကိုင်ဖက် ဆရာဝန် တယောက်က ခါးနာတာနဲ. ပက်သက်ပြီး စာသင်ဖို. တချိန် ယူပေးပါပြောတော့ အင်တာနက်မှာ လျှောက်ဖတ်ကြည့်တော့ မှ တချို.လူနာတွေ ညည်းငြူထားတာတွေ တွေ.မိပါတယ်။ တချို.ကပြောတာ “ဆရာဝန်က သူ ခါးနာတာကို လုံးဝ ဂရုမစိုက်ဘူး” “သူခါးနာတာ ဆရာဝန်က ဘာ စစ်ဆေးချက် Xrays မှ မလုပ်ဘူး”၊ တယောက်ကတော့ “ငါ သာ အရင်ကလို ငယ်ငယ် ချောချောလေးဆိုရင် ဆရာဝန်တွေ က သေသေချာချာ ဂရုစိုက်မှာပဲ” တဲ့။ နှိပ် ထားတာတွေကတော့ စာမျက်နှာ ၃မျက်နှာလောက်ရှိပါတယ်။ 

ဆရာဝန် တယောက်ရဲ. ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ခါးနာတာ ၃အုပ်စု အကြမ်မျဉ်း ခွဲထားပါတယ်။

၁၊ အရေးအကြီး ဆုံး အုပ်စုကတော့ ခါးမှာ ရှိတဲ့ Disc လို.ခေါ်တဲ. အရိုးနုပြားလေး ကျွန် တာကြောင့် ဖြစ်စေ၊ တခြားအကြောင်းကြောင့် ဖြစ်စေ၊ ခါးမှာ ရှိတဲ့ အလွန်အရေးကြီးတဲ့ Spinal cord လို.ခေါ်တဲ့ အာရုံကြောကြီးကို ဖိမိနေတဲ့ သူတွေ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေ အတွက်က အမြန် ခွဲစိတ်ပြီး အာရုံကျော ဖိမိနေတာကို ဖယ်ထုတ်ဖို.လိုပါတယ်။ ဒါမှ မဟုတ်ရင် ကုလို.မရနိုင်တော့တဲ့ အာရုံကျောကို ရာသက်ပန် ထိခိုက်သွားစေနို်င်တဲ့ အခြေအနေ ကို ရောက်သွားနိုင်ပါတယ်။ လူနာအနေနဲ. သတိထားကြည့်ရမယ့် အချက်တွေကတော. နာတာ ကျင်တာက ခါးကနေ ခြေထောက်နှစ်ဖက်လုံးကို သွားနေရင်၊ ခြေထောက်မှာ အားနည်းပြီး လမ်းကောင်းကောင်း ရှောက်လို. မရရင်၊ ဆီး၊ ဝမ်းတို.ကို အိမ်သာရောက်တဲ့ အထိ မထိမ်းနိုင်ပဲ ထွက်ကျတာမျိုး ဖြစ်ရင်၊ ဆရာဝန်နဲ. အမြန် ဆွေးနွေး သင့်ပါတယ်။ 

၂၊ ဒုတိယ အုပ်စုကတော့ တခြား ရောဂါနဲ ဆက်စပ်ပြီး ဖြစ်တဲ့ ခါးနာရောဂါ (ဥပမာ၊ ကင်ဆာ၊ ရောဂါပိုးဝင်တာ၊ အဆစ်ရောင်တဲ့ ရောဂါ အစရှိတာတွေ ဖြစ်ပါတယ်)။ အဲဒီသူတွေမှာတော့ ခန္တာကိုယ် အလေးချိန် ကျတာ၊ ဖျားတာ၊ ညဖက် ချွေးထွက်တာ ဆိုတာတွေ ရှိတတ်ပါတယ်။

၃၊ တတိယ အတွေ.အများဆုံး ကတော့ Mechanical back pain လို.ခေါ်တဲ့ ခါးနာတာ သက်သက် ပဲ ဖြစ်ပါတယ်။ 

ဘာကြောင့် ခါးနာရသလဲ ပြန်ကြည့်မယ် ဆိုရင် ခါးမှာ vertebra လို.ခေါ်တဲ့ အရိုးတွေ ၃၃ ခုရှိပါတယ်။ သူတိုတွေ တခုပြီး တခု ဆင့် နေပြီး ဒီ အရိုးတွေရဲ. အတွင်းပိုင်းကနေ အာရုံကျောမကြီး တခု (spinal cord) က ဖြတ်သွားပါတယ်။ ဒီအရိုးတွေကို ခိုင်မြဲအောင် ထောင့်ပံထားတဲ့ ကြွက်သား အရွတ်ပြား ဆိုတာတွေလဲ အများအပြား ရှိပါတယ်။  သိပ္ဗံ ပညာရှင်တွေ ဆိုထားတာက ဒီ ကြွက်သားနဲ. အရွတ်မှာ  နဲနဲ လောက် ဒဏ်ရာရသွားရင် (ဥပမာ အလေးအပင် မ မိတာ၊ အနေအထားမမှန် အိပ်တာ) အရှေ.မှာ ရှိတဲ့ အရိုးနဲ. အာရုံကျောကို ကာကွယ် ဖို.Muscle Spasm လို ခေါ်တဲ့ ကြွက်သားတွေက တအားတင်းလာ တာတွေ ဖြစ်လာပါတယ်။ အနာ ကျက်ဖို. အနာ ရောင်တယ် ဆိုတာ ကလဲ စ ဖြစ်လာပါတယ်။ (Inflammatory process) ကို ဆိုလိုတာပါ။ ဒီ ကြွက်သားက တာရှည် တင်းပြီး Spasm ဖြစ်နေရင် ကြွက်သားလေးတွေမှာ ဒါဏ်ရာ ကိုပိုဆိုးစေပြီး ရောင်တာ လဲ ပို ဆိုးလာပါတယ်။ ဒီလိုကနေ ပိုပို ဆိုးလာပြီး ခါးမှာ ရောင်တာ၊ အနာရွတ်ဖြစ်တာ စတာတွေဟာ နာတာရှည် ခါးနာတာရဲ. အစပါပဲ။ 

ဘယ်လို ကာကွယ်ရမလဲ ဆိုတာတော့ လွယ်ပါတယ်။ 

ခါးကို အမြဲ ဖြောင့်မတ်စွာ ထားပါ။ ပစ္စည်းမရင် ကုန်းပြီးမမဲ့ အစား ထိုင်ပြီး မ၊ ခါးကို မတ်မတ် ထားလို. ပြန်ထပါ။ လေ့ကျင့်ခန်း မှန်မှန် လုပ်ပြီး ခါး ကျလဲ အညောင်းဆန်.တာလိုမျိုး ဆန်.ပေးပါ။ 
ဒီမှာလဲ stretching exercise တချို.ကို ရေးဖူး ပါတယ်။ အိပ်တဲ့ မွှေ.ယာ မပျော့လွန်း မမာလွန်း ဖြစ်ဖို.လဲ အလွန် အရေးကြီးပါတယ်။ တခါ က လူနာတယောက် ခါးနာလို. ဆိုပြီးလာပြတာ၊ မွှေ.ယာကလဲ သူနဲ. သင့်တော်တာ မတွေ.နို်င်ဘူး ဆိုလို. သူ.ကို “ကြမ်းပြင်ပေါ် ဆင်းအိပ်”လို. ပြောလိုက်တာ နောက်နေ. ခါးနာတာ တော်တော် သက်သာသွားတယ် ဆိုပါတယ်။ 

အခန်.မသင့် ခါးနာခဲ့ရင် ထိုင် ညည်းငြူနေမယ့် အစား၊ အိပ်ယာပေါ်မှာ လှဲ ပြီး ကိုယ့်ကိုယ် သနားနေမယ့် အစား၊ လုပ်နေကျ အလုပ်တွေ မပျက် ဆက်လုပ်ပြီး အကောင်းမြင် စိတ်ထားနိုင်ရင်၊ သက်သာတာ မြန်တယ် ဆိုတာ သုတေသန အမြောက်အများမှာ ဆိုထားပါတယ်။ 

အကိုက်အခဲ အရောင်ကျဆေး သောက်တာ၊ ရေခဲ ကပ်ပေးတာ (ရေခဲ က ရောင်တာ ကျစေပါတယ်။ နာတာ ရော့စေပါတယ်)၊ ရေနွေး အိတ်ကပ်တာ (ကြွက်သား တင်းတာ Muscle spasm ကို သက်သာစေပါတယ်။) တွေ လုပ်ပေးနိုင်သလို အနှိပ်ခံတာ (အင်္ဂလိပ်လို Soft tissue therapy လို.ခေါ်ပါတယ်) အပ်စိုက်တာတွေနဲ.လဲ စမ်းသပ် နိုင်ပါတယ်။ ရေကူးတာ လမ်းလျှောက်ပေးတာ ခါးမကုန်းရတဲ့ စက်ဘီး စီးတာမျိုးတွေလဲ အားကစား တခု အနေနဲ. လုပ်သင့်ပါတယ်။ 

ခုနောက်ပိုင်း ခါးနာတာအတွက် အသုံးများလာတဲ့ 
တုန်ခါမှု (Vibration/TENS)နဲ. ကုတဲ့ စက်တွေ၊ Ultrasound နဲ.ကုတာတွေ ဆိုတာလဲ ရှိလာပါတယ်။ တခြား ခါးထဲ ဆေးထိုးတာ၊ အာရုံကြော ခွဲစိတ်တာ တွေလဲ လုပ်နိုင်ပေမယ့် သိပ်တော့ အသုံးမများသေးသလို စာတန်းပြုစု ထားတာလဲ အလုံ အလောက် မရှိသေးပါဘူ။ 

အားလုံးပဲ အနာရောဂါကင်းဝေးပြီး ကျန်းမာကြပါစေ။ 



Photos are taken from internet.