Menu bar

20 April 2012

ရာသီဥတုနဲ. စိတ်ခံစားမှု

ဒီအင်္ဂလန် ရောက်ခါစ ဆေးရုံမှာတွေ.တဲ့ အင်္ဂလိပ် လူနာတွေက “အပြင်ကို ကြည့်လိုက်ပါဦး၊ မှုန်မဲနေတာပဲ။ စိတ်ညစ်စရာကြီး” လို. ပြောလိုက်တိုင်း ကျမက “ကိုယ့်ဘာသာ ကို အထဲမှာ နေတာပဲ သူ.ဘာသာသူ အပြင်မှာ ဘာဖြစ်ဖြစ်ပေါ့” လို. စိတ်ထဲ က ပြန်ပြောမိပါတယ်။ ခု နေတာကြာလာတော့ မှ ရာသီဥတု ဟာ လူတယောက်ရဲ. စိတ်ကို ဘယ်လောက် သက်ရောက်မှုရှိပြီး လွှမ်းမိုးနို်င်တယ် ဆိုတာ သိလာရပါတယ်။ ကျမလဲ သူတို.နဲ ပေါင်းပြီး ခုတော့ မိုးမှောင်နေပြီ ဆို ညည်းတတ်နေပါပြီ။ 

ဒီရက်ပိုင်းလဲ အင်္ဂလိပ် နွေရာသီ ရောက်ခါနီး Spring ထဲ ရောက်နေတာတောင် မိုးတွေက ရွာ မှောင်လို. မဲလို. အလွန် စိတ်ညစ် ဖို.ကောင်းပါတယ်။ မနက် အလုပ်သွားချိန် ဆိုရင်လဲ မိုးက မဲမဲ ဆို အလွန် စိတ်ညစ်မိတပါဘဲ။ ဒီကြားထဲ ရေဒီယိုက Bruno Mars' Lazy Song တို.၊  Westlife's "I wanna go home" တို.များလာရင် ပိုတောင် စိတ်ဓါတ်ကျသေး။ မိုးကတော့ ရွာလဲ နဲနဲ ပဲ ဆိုတော့ ထီးဆောင်း စရာ မလိုသလောက်ပါဘဲ။ ကျမတော့ မိုးကာဝတ်ပြီးဘဲ ပြေးပါတယ်။ 
ကောင်းတဲ့ဘက်က တွေးရင်တော့ လူတွေ အပြင်မထွက်ချင် ကြတော့ ဆေးရုံလာတဲ့ လူနာလဲ နည်းပါတယ်။ တကယ် ဖျားနာပြီး လာသင့်တဲ့ လူတွေလောက်ပဲ လာတာပေါ့။

သိပ္ဗံနည်း ကျကျ ပြောရရင်တော့ နေရောင်မရတော့ ဒီနိုင်ငံကလူတွေဟာ ဗိုက်တာမင် ဒီ အလွန်ချို.ရွင်းကြပါတယ်။ ဗိုက်တာမင် ဒီ ဟာ အရိုး ခိုင်မာမှု တင်မက ကြွက်သားတွေ အတွက်လဲ ကောင်းစေတယ်လို. ဆိုထားပါတယ်။ တချို.ခေါင်းမီးခြုံ ကုလားမလေးတွေဆို ပိုလို. ဗိုက်တာမင် ချို.တဲ့ တာပေါ့နော။ ဒါကြောင့် ကျမရဲ. သူငယ်ချင်း တယောက်က ပြောဖူးပါတယ်၊ “သူတို.ကြည့်လိုက်ရင် အချိန်ပြည့် စိတ်ရှုပ် စိတ်ညစ်နေတဲ့ အတိုင်းပဲ၊ ဗိုက်တာမင်ဒီ မှ မရတာ” တဲ့။ စိတ်ဓါတ်ကျဆင်းတာ၊ ကိုယ့်ကိုယ် သေကြောင်းကြံတာတွေ ဟာလဲ နေရောင်သိပ်မရတဲ့ ဆောင်းတွင်းမှာ အဖြစ်ပို များပါတယ်။ 

ဒီလို မှောင်လွန်းတော့ နေရောင်များထွက်လာရင် နေမင်းကြီး ကောင်းကင်မှာ ကြာကြာ ထွန်းထွန်းတောက်တောက် နေနိုင်အောင် သီချင်းဆိုပြီး ကခုန်ပေးရသတဲ့။ တခါက သူငယ်ချင်း အိုင်ယာလန်သူလေးနဲ. ဆေးရုံဝင်း ထဲ လမ်းလျှောက်သွားတုန်း နေထွက်လာတော့ သူငယ်ချင်း က “က” မြန်မြန် “က” တော်ကြာ နေပြန်ဝင်သွားဦးမယ် ဆိုလို. ကျမလဲ အူကြောင်ကြောင်နဲ. ခုန်ဆွဆွ လုပ်လိုက်ရပါသေးတယ်။

နေများသာတဲ့ နေ.ဆိုရင်တော့ ကောင်မလေးတွေ တနှစ်လုံး သိပ်မဝတ်ခဲ့ ရတဲ့. ဘောင်းဘီတို စကတ်တို လက်ပြတ်လေးတွေ ဝတ်ပြီး လမ်းသလားကြသလို၊ အမိုးဖွင့်ကား ပိုင်ဆိုင်သူများကတော့ နေကာမျက်မှာတပ် ကားအမိုးဖွင့် သီးချင်းဖွင့်လို. ရှိုးပြတတ်ကြပါတယ်။ ကလေးတွေကလဲ ထွက်ဆော့ကြပေါ့နော။ 

သြော် .. လူ.အလို နတ်မလိုက်နိုင် ဆိုသလို ကျမ အမြဲတွေးမိ ဆုတောင်းမိတာ တခုက “အင်္ဂလန်ဟာလဲ  မြန်မာလို အပူပိုင်း နိင်ငံ တခုသာ ဖြစ်ခဲ့ရင်ပေါ့ .....” လို.။

PS: မနက်က Ipad ကနေ ဒီစာကို တင်ဖို. လုပ်ကြည့်တာ ရိုက်ထားတဲ့ စာတွေ အကုန်လုံး ပျောက်ကုန်လို. အခုမှ ပြန်ရေးပြီး ပြန်တင်ရပါတယ်။