Menu bar

24 April 2012

LONDON VIRGIN MARATHON

ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက လန်ဒန်မှာ လုပ်တဲ့ Virgin မာရသွန်ပွဲကို သွားခဲ့ရပါတယ်။ ကြီးကြီး ငယ်ငယ် မသန်စွမ်းသူများပါ မကျန် မလျှော့သော ဇွဲ လုံ.လနဲ. ယှဉ်ပြိုင်တာကို ကြည့်ပြီး၊ မျက်ရည်ကျလုနီးပါး အားကျခဲ့ ရပါတယ်။ ဘေးကနေ အာပြဲကြီးနဲ. အားပေး၊ ထိခိုက် ဒါဏ်ရာ ရသူတွေကို လဲ အမြန်ကုပေးလို. အလွန် အလုပ်ရှုပ်ခဲ့ရတဲ့ အပတ် ဖြစ်ခဲ့ ရပါတယ်။ 

မာရသွန်ပြေးတယ် ဆိုတာ အမှန်တော့ တကယ့်ကို မလွယ်တဲ့ အလုပ်တခုပါ။ တခါ ပြေးနိုင်ဖို. အတွက် လပေါင်းများစွာ ကိုယ်ခန္တာ ကြံ့ခိုင်အောင် လေ့ကျင့်ရပါတယ်။ တကယ် (၂၆.၂ မိုင်ကို) မနားတန်း ပြေးတယ်ဆိုတာ ခန္တာကိုယ် အပေါ်မှာ ကောင်းတဲ့ ဖက်ရော အဆိုးဖက်ပါ အများကြီး ထိရောက်နိုင်ပါတယ်။ 

မပြေးခင် ခန္တာကိုယ် အာဟာရ ပြည့်ဝမှု၊ ရေဓါတ်၊ ဆားဓါတ် ပြည့်ဝစွာ ပြန် ဖြည့်ဆီးမှု ဆိုတာတွေဟာ အလွန်.အလွန်ကို အရေးကြီးပါတယ်။ တချို.လဲ ဒီပွဲမတိုင်မီ ဝမ်းသွားတာ၊ နဲနဲ နေမကောင်းတာ ဖြစ်ပြီး၊ လပေါင်များစွာ လေ့ကျင့်ထားတာ၊ မဖျက်ခင်ဘူး၊ ပြေးမှာပဲ ဆိုဝင်ပြေးပြီး လမ်းတဝက်မှာတင် ဆက်မသွားနိုင်၊ ရပ်လိုက်ရတာတွေ၊ တချို.ဆို မူးလဲ၊ ဒါဏ်ရာရပြီး သယ်ထုတ်ရတာတွေ အမြောက်အများပါ။


အဆိုးဆုံး ဖြစ်ရပ်ကတော့ အသက် ၃၀ အရွယ် အမျိုးသမီးငယ်လေး ပန်းဝင်ခံနီး ၂၆မိုင် ကျော်လာပြီးမှ ကံဆိုးစွာပါပဲ၊ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားပါတယ်။ 


ကဲ အတိုချုပ် ရရင်တော့ .. အားကစား ဟာ ကျန်းမာရေးကို အလွန် အထောက်အကူ ပြုပါတယ်၊ ဒါပေမယ့် အားကစားကြောင့် ကျန်းမာရေး ထိခိုက်တာတွေလဲ အမြောက်အများမို. ... တန်ဆေး လွန်ဘေးဆိုသော စကား အတိုင်သာ တော်သင့်အောင် ကျင့်ကြံပြီး အားလုံး ကျန်းမာ ချမ်းသာ ကြပါစေလို.။


ပန်းဝင်ခါနီး ဘက်ကင်ဟန် အနားမှာ
Kenya မှ ဘိုဆွဲ သွားသူ
ကံမကောင်းပဲ ပြိုင်ပွဲမှာ ဆုံးပါးသွားသူလေး