ဒီနေ. အလုပ်မှာ အမျိုးသမီး တယောက်က သူ.အမေအတွက် အိမ်ကိုလာတဲ့ Carers တွေနဲ. ပက်သက်ပြီး မကျေနပ်လို. ကျမကို လာပြောပါတယ်။ ဒီနေရာမှာ နဲနဲလေးထပ်ပြောရင် ဒီနိုင်ငံမှာ အသက်ကြီးတဲ့ လူနာတွေ အတွက် အစိုးရက ခန်းထားတဲ့ Carers ဆိုတာတွေရှိပါတယ်။ သူတို.က အိမ်ကိုသွား၊ အဖိုး အဖွားတွေကို ရေချိုးပေး၊ အစားအသောက်ပြင်ပေး၊ အိပ်ရာခင်းလဲပေး ဆိုတာ မျိုးတွေ လုပ်ပေးရပါတယ်။ အဖိုး အဖွား လူနာတွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး တနေ. အများဆုံး ၄ခေါက်ထိ သွားပေးကြပါတယ်။
ကျမဆီလာတွေ.တဲ့ အမျိုးသမီးက ပြောတာက သူမမိခင်ကြီးက လမ်းမလျှောက်နိုင်တော့လို. Carers တွေကလာပြီး ရေချိုး အဝတ်လဲတာ လုပ်ပေးရတယ်တဲ့။ ဒါပေမယ့် သူ.အိမ်လာတဲ့ Carers တွေက လူနာကို ဘယ်လို မ ရမယ် နေရာရွှေ.ရမယ် ဆိုတာ Train မလုပ်ထားဘူးတဲ့။ အဲဒီတော့ လူနာကို ရေချိုးပေးမယ်ဆိုရင် သမီးလုပ်တဲ့ သူက လူနာကို အတင်းတွဲမ။ Carers တွေက ရေပတ်တိုက်ပေးတဲ့။ အဲဒီတော့ သမီးက မကျေနပ်တော့ Complaint လုပ်ပြီပေါ့။ ဒီနိုင်ငံမှာ သားသမီးတွေက မိဘနဲ. အတူနေကြတာ မဟုတ်။ တမြို.ထဲနေတာတောင် အတော်ရှားပါတယ်။