Menu bar

8 June 2012

တွေးမိသမျှရယ်

ကျမ အလွန် ယုံကြည် ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရဲ့ ဆုံးမမှုအတိုင်း သူများကို ခွင့်လွှတ် နားလည်ပေးတတ်ဖို. ကျမ အမြဲ ကျိုးစား နေထိုင်ပါတယ်။ 

ကြားလိုက်ရတဲ့ မြန်မာပြည်က သတင်းတွေဟာ အခုတော့ ကျမစိတ်ကို ပူပန်စေ၊ ညစ်ညူးစေတာ အမှန်ပါဘဲ။ သတင်းတွေမှာ ဖတ်ရသလို နှစ်ဘက်လုံးက မှားတယ်လို.လဲ မြင်မိပါတယ်။ ကနဦး ပထမဆုံး ဝမ်နဲစရာ ဖြစ်ရပ်ကစလို. မတရားဘူး ဆိုပေမယ့် ဘာကြောင့် ကိုယ်ကိုယ်တိုင်လဲ လူသတ်သမား ဖြစ်ချင်ရတယ် ဆိုတာတော့ ကျမနားမလည်နိုင်ပါ။ တယောက်သောသူရဲ့ အမှားကြောင့် တခြား ဘာသာတူ၊ လူမျိုးတူ တွေကို အမုန်းပွားတာ လက်စားချေတာ ကျမတော့ ဘယ်ထောင့်က ကြည့်ကြည့် အမှန်မြင်လို. မရပါ။
ကျမရဲ့ အလွန် အတွေ.အကြုံနဲပါးသေးတဲ့ မရင့်ကျက်သေးသူ တယောက်ရဲ့ အမြင်နဲ. ပြောရမယ်ဆိုရင် လူတို်င်း ဘာသာရေး ယုံကြည်မှုရှိတာ ကောင်းပါတယ်။ ဘာသာရေး ယုံကြည်မှုကြောင့် မလုပ်သင့်တာတွေ မလုပ်မိအောင် ထိန်းကြပါတယ်။ ဥပမာ ဗုဒ္ဓဘာသာမှာ ငါးပါးသီလလို နေ.စဉ်စောင့်ထိန်းရမှာတွေ။ ခရစ်ယာန် သူငယ်ချင်း တယောက်ပြောဖူးတဲ့ သူတို.မှာလဲ သူတပါးအပေါ် ခွင့်လွှတ်ရမှာ၊ မလုပ်သင့် ထိန်းချုပ်ရမယ့် ကျင့်ဝတ်တွေ၊ အစ္စလန်သူငယ်ချင်း တယောက်ပြောဘူးတဲ့ သူတို.ဘုရားရဲ့ ဟောကြားချက်အတိုင်း သူရတဲ့ ပိုက်ဆံရဲ့ ၅%ကို လစဉ်  မရှိဆင်းရဲတဲ့သူတွေကို လှူတာတွေ ....။ အမှန်ဝန်ခံရရင်တော့ ကျမတို. ဗုဒ္ဓဘာသာ ကလွဲလို. တခြားဘာသာတွေ အကြောင်း ကျမ သိပ်မသိပါ။ ဒါပေမယ့် ဘာသာတိုင်းရဲ့ အရင်းအမြစ်တိုင်းဟာ ကျမတို.ကို ကောင်းရာကို ညွှန်ပြထားတာလို. ကျမယုံကြည်ပါတယ်။

ဒါပေမယ့် ဒီဘာသာရေးကို အသုံးပြုပြီး အစွန်းရောက် ဝါဒ သဘောမျိုးတွေ ဖြစ်လာခဲ့မယ် ဆိုရင် ..။ ငါ့ဘာသာ ငါ့လူမျိုး ငါမှမှန်တယ် ဆိုတာမျိုးတွေ ဖြစ်လာမယ်ဆိုရင် ....။

ဟစ်တလာရဲ့ ဂျူးမုန်တီးမှုနဲ. ဂျူးလူမျိုးတွေ အပေါ် ပြုခဲ့တဲ့ သူ.ရဲ့ အပြုအမူတွဟာ သမိုင်းရဲ့ အကျည်းထန်တဲ့ အခန်း ကဏ္ဍတွေပါ။ အခုတော့ ကျမတို. နိုင်ငံကရော အဲဒီလို လမ်းဘက် ဦးတည်နေပြီလား။ ဘယ်သူက ဟစ်တလာ၊ ဘယ်သူက ဂျူး၊ ပြောလို. မရပေမယ့်၊ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း မုန်တီးမှုတွေ တိုက်ခိုက် သတ်ဖြစ်မှုတွေကတော့ အလွန် အကျည်းထန် လွန်းလှပါတယ်။ အမျိုးကိုချစ်တာ၊ ကိုယ်ြ့ပည် ကိုယ့်မြေကို ချစ်ဖို.ဆိုတာ အလွန် အရေးကြီးပါတယ်။ ဒါပေမယ့် ဥပဒေမဲ့ သတ်တာ ဖြတ်နေကြတာမျိုးတွေ ကရော မှန်ပါသလား။ 

အခုအချိန်မှာ လိုအပ်နေတာ ဒီလို ရုပ်ဆိုးတဲ့ ဖြစ်ရပ်တွေ မဟုတ်ပါ။ ကျမတို. တိုင်းရင်းသူ တိုင်းရင်းသား လူမျိုးအားလုံး ပေါင်းစည်းပြီး၊ တလှေထဲစီး တခရီးထဲသွားပြီး၊ ဒီမိုကရေစီ နိုင်ငံ အဖြစ် ပြောင်းလဲဖို.ပါ။ 

ရေခြားမြေခြား ရောက်နေရတဲ့ ကျမတို.အတွက် အင်တာနက်မှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေ၊ လွတ်လာတဲ့ နိုင်ငံရေးသမားတွေနဲ. အတူ ဒီမိုကရေစီဖက် ပြောင်းလဲလာတဲ့ တို.မြန်မာနိုင်ငံတော်ကြီး အကြောင်းတွေ ဖတ်ပြီး အလွန် ဝမ်းမြောက်ခဲ့ရပါတယ်။ တို.နိုင်ငံလဲ တိုးတက်တော့မယ်ပေါ့။ ဘေးအိမ်နီးချင်း နိုင်ငံတွေလို ဖြစ်လာတော့မယ်ပေါ့။ ကျမရဲ့ မျှော်လင့် တမ်းတမှုတွေဟာ အခုတော့ သဲထဲရေသွန်၊ မဖြစ်နိုင်တာတွေကို တမ်းတမိတဲ့ ကလေးငယ် တယောက်လိုများ ဖြစ်နေပြီလား။ အခုတော့ တို.နိုင်ငံ စစ်ခေါင်းဆောင်တွေအောက် ပြန်ရောက်ရဦးမယ်လားရယ်လို. တွေးရင်း ပူပန်ရင်း သက်ပြင်းမောကြီး ချမိတော့တာပါဘဲ။ 


ရခိုင်လူမျိုး အားလုံး အေးချမ်း လုံခြုံမှုတွေ အမြန်ဆုံး ပြန်ရကြပါစေ။

စာကြွင်း။ ။ ကျမသည် အင်္ဂလိပ်လို ခေါ်ရင် "Very ignorant person" ဖြစ်ပါသည်။ ကျမ သိတာလဲ အလွန် နဲသလို သိအောင်လုပ်ဖို.လဲ အလွန် အပျင်းထူသူ ဖြစ်ပါသည်။ ကျမသိသော ဆေးစာများကလွဲလို. တခြားနေရာများတွင် သိပ်အသုံးမကျပါ။ ထို.ကြောင့် မှားတာရှိ ခွင့်လွှတ်ကြပါကုန် ....။