မနေ.က အလုပ်မှာ ၁၀နှစ်အရွယ် Gymnast မိန်းကလေး တယောက်ပေါ့။ လာပြတာက ခါးရိုးမှာ “stress fracture” ရတယ်ထင်လို.တဲ့။ အားကစား သမားတွေ လေ့ကျင့်တာများလွန်းပြီး အရိုးက မခံနိုင်တော့ပဲ ရောင်လာတာ၊ အက်ကျောင်းလေးတွေ ဖြစ်လာတာမျိုးပါ။ ကျမတို.ဆီမှာ Over used injury လို.ခေါ်ပါတယ်။
အဲ သူမလေးက ရောက်ကတဲက စမတ်ကျကျလေး ထိုင်ပြီးတော့ အပြုံးလေးနဲ. ကျမကို နှုတ်ဆက်ပါတယ်။ ကျမက မေးခွန်းတခု စလိုက်တာနဲ. သူမလေးက သွက်သွက်လက်လက်လေးနဲ. ပြောသွားလိုက်တာ သူ.မရဲ့ ရောဂါလက္ခဏာ ဘယ်မှာ ဘယ်လို လေ့ကျင့်ခန်းလုပ်ရင် နာတယ်ဆိုတာတွေက အစ။ သူမ မိခင်ကတော့ အနောက်မှာ ထိုင်ပြီး အပြုံးလေးနဲ. ကြည့်နေပါတယ်။ တခွန်းမှ ဝင်မပြော၊ ထောက်မပေးရ။
သူမလေးတင်မကပါဘူး ဒီနိုင်ငံမှာ ကျမတွေ.ဖူးသမျှ ကလေး အများစုက သိပ်ကြောက်တတ်တာ၊ မပြောရဲတာ မရှိကြပါ။ အရေးပေါ်ဌာနမှာ လုပ်တုန်းကဆိုရင် လာသမျှ ကလေးငယ်လေးတွေ စကားမပီကလာ ပီကလာနဲ. ဘယ်လိုဖြစ်ပြီး ဘယ်လို ချော်လဲတာ၊ ဘယ်နားမှာ နာတာ စတာတွေ ပြောပြသွားတာလေးတွေ ကြည့်ပြီး တခါတလေ ကျမမှာ မပြုံးဘဲ မနေနိုင်။ ဗမာပြည်မှာ တုန်းကတော့ ကလေးဆို ဆရာဝန်တွေတာနဲ. ငိုကြတာ များပါတယ်။ သူတို. ဘာဖြစ်လို. ဘယ်နားက နာတယ်ဆိုတာ ပြောပြတယ်ဆိုတာ ကျမ တခါမှ မတွေ.ဖူးခဲ့ပါ။ အမှန် ပြောရရင်တော့ ကျမက ကလေးဆရာဝန် မဟုတ်သလို၊ ဒီနေရာမှာ ကျမ အတွေ.အကြုံက နဲပါတယ်။
ဒီအင်္ဂလန် ဆေးရုံ တခုမှာ မှတ်မှတ်ရရ မျက်လုံးပြာပြာ ဆံပင်ရွှေဝါရောင်နဲ. ၅နှစ်အရွယ် ကောင်လေးတယောက် ကျမလက်ကို လာပြေးဆွဲပြီး “နိဟောင်မား” ဆိုပြီး အပြုံးလေးနဲ. လာနှုတ်ဆက် ဖူးပါတယ်။ တရုပ်စာ သင်နေပုံရတဲ ဒီအင်္ဂလိပ် ကောင်လေးငယ်ငယ်က ကျမရုပ်ကြည့်ပြီး တရုပ်ထင်လို. ဝမ်းသာအားရ တရုပ်လို လာပြောတာထင်ပါရဲ့။
မိဘတွေကလဲ ကလေးငယ်လေးတွေကို လမ်းတောင်မှ ကောင်းကောင်း မလျှောက်တတ်သေး၊ စကီး (SKI) စီးသင်ပေးနေတာတွေ၊ စက်ဘီးစီး သင်ပေးတာတွေလဲ ဒီမှာ မကြာခဏ တွေ.ရပါတယ်။ ကျမ ဘော့စ်ရဲ့ သားလေးဆို အသက် ၉ လဘဲ ရှိသေးတယ် ရေကူးတတ်၊ ရေပေါ် ဘောလော မျောတတ်နေပါပြီ။ ကျမဆို အသက် ၁၆နှစ်မှ ရေကူးသင်ပြီး၊ ၁၀နှစ်ကျော်မှ စက်ဘီးစီးသင်တာပါ။ ဒီကကလေးတွေလို အားကစားတွေ လေ့ကျင့်ဖို. ဆိုတာကတော့ အတွေးထဲတောင်မရှိခဲ့။ ငယ်ကလဲ မှတ်မိသလောက် အားကစား ပြိုင်ပွဲဆိုတာ သိပ်မရှိခဲ့ပါ။ လွတ်လပ်ရေးနေ.တုန်းကလား တခါ မီတာ ၁၀၀ အပြေးပြိုင်ဘူးတာပဲ မှတ်မိပါတယ်။ အဲဒီတုန်းကတော့ ကျမ စတုတ္ထနေရာပဲ ရခဲ့ပါတယ်။ ပြိုင်တာက ၄ ယောက်ထဲကိုး (အဟဲ)။
တချိန် ကျမတို.မှာ ကလေးလေး ရလာတဲ့ အခါကြရင်တော့ သူတို.ကို ဒီက ကလေးတွေလို သွက်လက် ချက်ချာပြီး လူမကြောက်တတ်အောင် သင်ပေး၊ ပြုစု ပျိုးထောင်ပေးရမယ်လို. တွေးမိပါတယ်။ ကျမ အမျိုးသားကတော့ ကလေးယူမှဖြစ်မယ်။ တချိန် အသက်တွေ ကြီးလာရင် ကိုယ့်ကို ပြုစုပေးမယ့်သူ ရှိအောင်တဲ့။ ကဲ ဘယ်လောက် မမှန်လိုက်တဲ့ အတွေးလဲ။ ကလေးယူတိုင်း သူတို.ကြီးလာရင် ကိုယ်နဲ.နေ ကိုယ့်ကို ပြုစုပေးမယ်လို. ဘယ်သူ အာမခံနိုင်မလဲ။ ဒါလို မျှော်ကိုးပြီးမှ တခုခုကို လုပ်တယ်ဆိုတာလဲ မမှန်လို. ကျမယုံကြည်ပါတယ်။ ကျမအတွက်တော့ သူတို.လေးတွေ လူတော်လူကောင်း လူရည်ချွန်လေးတွေ ဖြစ်လာမယ်ဆိုရင် ကျမအတွက် လုံလောက်ပါပြီ။
.... ကဲ ကလေးက ဘယ်နားနေတယ် မသိ။ ကျမရဲ့ ဟိုရောက် ဒီရောက် စိတ်ကူးယဉ်တာတွေ ရပ်လို သောင်တင်နေတဲ့ အလုပ်တွေ ဆက်လုပ်လိုက်ပါဦးမယ် .....။