Menu bar

23 February 2012

Different patients, my Cultural shock!


ဒီအင်္ဂလန်ပြည်ကြီး စရောက်တဲ. အချိန်ကစလို. ဒို.မြန်မာ နဲ. အင်္ဂလိပ် မတူတဲ. အရာတွေ ပြောလို. မဆုံးအောင်ကြုံတွေ. ရပါတယ်။ မှတ်မှတ်ရရ ရှိတာလေးတွေကို ပြန်ပြော ရရင်ဖြင့်. ...

တနေ.မှာ ဆေးရုံမှာ အသက်ငါးဆယ်လောက် ရှိတဲ. ဝန်ထမ်း အမျိုးသမီး တစ်ယောက်က “သြ သူ.ကိုမှ ထားခဲ.ရလေချင်း” ဆိုတဲ. သဘောမျိုး အော်ပြီးငိုနေတော့ ကိုယ့်ဘာသာကိုယ် တလွဲဆွဲတွေးပြီး သြော် သူ.ယောင်္ကျား ဆုံးသွား တယ်ထင်ပါရဲ. ဆိုပြီး သူ.ပုခုံးလေး ပုတ်ပြီး အားပေးလိုက်သေး။ နောက်မှသိရတာက သူ.ခွေးလေးသေသွားတာ .. ယောင်္ကျား မဟုတ်ရပါဘူးတဲ့။

နောက်တစ်ယောက် အဲလိုပဲ မှတ်မှတ်ရရ ရှိပြန်တာကတော့ ဒီက မီးသတ်သမား တစ်ယောက် အလုပ်မှာ ဒါဏ်ရာရပြီး ချေထောက် တစ်ချောင်းဖြတ်လိုက်ရတယ်လေ။ ဒီမှာက အစိုးရကနေ သူ.ကို ထောက်ပံ့ထားလိုက့်တဲ့ ငွေတွေဟာ လစဉ် အမြောက်အများပါ။ ခြေတုလဲ တပ်ပေးထားတော့ မသိရင် ခြေထောက် တစ်ချောင်း မရှိဘူး ဆိုတာ ဘယ်လိုမှ ပြောလို. မရပါဘူး။ 
သူ.ကို ကျမ တကယ်တွေ.ခဲ့ ရတာက စိတ်ရောဂါကု ဆေးရုံမှာပါ။ စိတ်ကျရောဂါနဲ. ဆေးရုံတက်နေတာတဲ့။ ဘယ်လောက်ပဲ ဆေးဝါးတွေနဲ. ပြောပြ တရားဟော (Counselling sessions) တွေနဲ. ဘယ်လိုဘဲ ကုကု နောက်ဆုံးမှာ သူ.ကိုယ်သူ သတ်သေသွား ပါတယ်။ အဲဒီတော့ မြန်မာပြည်မှာ ခြေထောက် နှစ်ချောင်းလုံး မရှိပေမယ့် အပြုံးမပျက် တောင်းစားစား လုပ်စားစား ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်နေတဲ့ တို.မြန်မာ တချို.ကို သတိရ လေးစားမိပါတယ်။


နောက်တစ်ယောက်ကတော့ ခေါင်းမှာ ဒါဏ်ရာရတာ လာပြတာ ဆိုပဲ။ မေးကြည့်တော့ သူမ စတိုးဆိုင်မှာ မတ်တပ်ထရပ် လိုက်ချိန်မှာ အပေါ်က စဉ်ပေါ်မှာ တင်ထားတဲ့ စက္ကူဘူးခွန် အလွှတ် (ပေါ့ရွှတ်နေတဲ့) တစ်ခုရဲ့ အစွန်းလေးနဲ. ခေါင်းဆောင့်မိလို. တဲ့။ မေ့လဲ မသွား၊ ခေါင်းမှာ ဘာဒါဏ်ရာမှလဲမရှိ။ ဘာဆိုဘာမှ ဖြစ်တာမဟုတ်။ ဘယ့်နှာကြောင့် ဆေးရုံကို ၃နာရီလောက် လာထိုင်စောင်ြ့ပီး ဘာကိုပြချင် ရလဲဆိုတာ တော်တော်လေး တွေးယူရပါတယ်။ နောင်မှ အလုပ်က သင်ပေးလာတာ အတော် များများသော လူတွေက ဆရာဝန် တစ်ယောက် ဆီက “နင်အားလုံးကောင်းတယ် ဝကို လိုဘူး။ OK OK” ဆိုတဲ. အားပေး ပြောတာ ခံချင်ကြတာကိုး ။ အဲလိုပဲ စက္ကူနဲ သျှမိတဲ့ လက်ထိပ်က ဒါဏ်ရာ ပုစိ ညောင့်တောင့် လေးတွေကိုလဲ ဆေးရုံမှာ အပြေး အလွှား လာပြကြတတ်တာ။ ခုတော့လဲ ဒါတွေဟာ တွေ.ရလွန်းတော. ရိုးနေပါပြီ။ ရောက်ခါစကတော့ အရမ်း ထူးဆန်းမိတာပေါ့။ ဒီတော့ တွေးမိတယ် မြန်မာပြည်မှာ သေကောင်ပေါင်းလဲ ဖြစ်တာတောင်မှဆေးရုံလာဖို. အတော်ကြောက်ကြတဲ့ သူတွေကို တော့လေ။


နောက်ရောက်ခါစက ဒီနိုင်ငံမှာ အသက် ၈၆နှစ် အမျိုးသမီးကြီး တစ်ယောက်ထဲနေတယ် ကားမောင်းပြီး ကိုယ့်ကိုယ် ဆေးရုံကိုလာတယ် ဆိုလို. အံ့တွေသြပြီး သနားရသေး။ ကိုယ်ကလဲ သနားတတ် သူတိုကလဲ စကားပြောချင်လို. အဖေါ်ရှာ နေတာနဲ. တချို.ဆို ခုထိ မိသားစုလေးလို တောင်ဖြစ်ခဲ.ပါတယ်။


အဲလိုပဲ တစ်ခါကလဲ အသက် ၈၀ အမျိုးသမီးကြီးက အသက် ၁၀၅နှစ်အရွယ် ဆေးရုံက သူ.မိခင်ကြီးကို ဆေးရုံကဆင်းရရင် ဘိုးဘွားရိပ်သာ လိုနေရာမျိုး စီစဉ်ပေး ဖို. ပြောလာပါတယ် ။ သူ.မာသာကြီးကလဲ ငါအိမ်ပဲ ငါပြန်မှာ နင်ဝင်မပြောနဲ. ဆိုတာမျိုးနဲ.၊ သူတို. နှစ်ယောက်ကြားမှာ တော်တော် ဖြေရှင်း ယူခဲ့ရပါတယ်။အဲလိုပဲ ဒီက ဖိုးဖိုး ဖွားဖွား လူနာများ အကြောင်းက သပ်သပ် ရေးဦးမှာ ပါ ... တချို.ရယ်စရာလေးများပေါ့နော် .....။ စဉ်စားပြီး နှစ်နိုင်ငံကို နှီုင်းယှဉ် ရမယ် ဆိုရင်၊ ပြီးတော. မှာ မဟုတ်ပါဘူး။ ဆရာဝန် တစ်ယောက် အနေနဲ.တော့ ဘယ်လို လူမမာ မျိုးပဲ လာလာ အပြုံး တစ်ပွင့်နဲ. အမြဲ ကြိုဆို နေမှာပါ။