Menu bar

23 February 2012

ဆေးကျောင်းသူ တယောက် ဒိုင်ယာရီ



ငယ်တုန်းက မေမေ ပြောပြတဲ့ တက္ကသိုလ် ကျောင်းသူ တယောက်ရဲ. ပျော်စရာ တွေရယ်၊ မြန်မာရုပ်ရှင်နဲ. သီချင်းတွေမှာ ကြားခဲ့ရဖူးတဲ့ အဓိပတိလမ်း၊ ဂျပ်ဆင်အိုနဲ. သစ်ပုတ်ပင်တို. ဆိုတာတွေရယ် ကို တွေးပြီး တက္ကသိုလ် ကျောင်းသူကြီး တယောက်ရဲ. ဘဝကို ကျမ စိတ်ကူးတွေ ယဉ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ့် တက္ကသိုလ် ကျောင်းသူဘဝနဲ. ဆေးကျောင်းကို ရောက်သွားတဲ့ အချိန်မှာ ဘဝနဲ. အိပ်မက်ဟာ တကယ့်ကို တခြားဆီ ဆိုတာ သိလာရ ပါတော့တယ်။


စာကျက်စရာတွေ စာမေးပွဲတွေ များလွန်းလို.၊ နေ.စဉ် စာတွေနဲ.ပဲပိပြီး အပူသည်လေး တယောက်လိုကို ဖြစ်ခဲ့ရတာပါ။ စာမေးပွဲ တခုမှ မပြီးခင် နောက်တခု အတွက်ပါ ပြင်ဆင်နေရပြီး ပူနေရပါပြီ။ နယ်က သူငယ်ချင်း တယောက်လဲ ပြောဖူးပါတယ်။ စာတွေများလွန်းလို. မမှတ်မိတော့ဘူးဆိုပြီး သူမအိမ်ကို ဖုန်းခေါ်ပြီး ငိုချင်းချ ညည်းငြူမိတော့ နယ်က မိဘတွေက စိတ်ပူပြီး သူတို.သမီးတော့ အောက်လန်းနည်းနဲ.များ အပြုစား ခံနေရပြီလား ဆိုပြီး အုန်းခိုင်တွေဆွဲ နတ်ပူဇော်ပေးဖို. ရန်ကုန်ကို ရောက်ချလာဖူး ပါသတဲ့။



အဲဒီလို အပူများတဲ့ကြားကလဲ ပျော်စရာလေးတွေလဲ ဒီဆေးကျောင်းတော်ကြီးမှာ ကြံဖန် ရှာယူခဲ့ကြပါတယ်။ 


အတွေအကြုံတချို.ကို စမြုံ.ပြန် ပြောပြရရင် ...


ပထမနှစ်တုန်းက ဖားတွေခွဲတုန်း အိမ်မှာ လေ့ကျင့်ရအောင် ကျမတို. ဖားဝယ်ပြန်ကြရပါတယ်။ အဲဒီမှာ  ကိုရွှေဖားက ကျောင်းကထွက်လာတုန်း ကတော့ မေ့ဆေးအရှိန်နဲ. ငြိမ်နေပြီး၊ ဘတ်စ်ကားပေါ် ရောက်တော့မှ မေ့ဆေးအရှိန် ပြယ်ပြီး ထခုန်လို. ဘေးခုန်ကအဒေါ်ကြီး နှလုံးရပ်လုနီး ဖြစ်ခဲ့ရ ဖူးပါတယ်။ပထမနှစ်မှာပဲ ဘောလုံးပွဲတွေ ကျင်းပတော့ ထုံးစံအတိုင်း စည်းလုံးညီညွတ်စွာ ကိုယ့်အတန်း အသင်းကို အကြီးအကျယ် အားပေးခဲ့ကြပါသေးတယ်။ အကြီးတန်းနဲ.လဲ ရန်တွေဖြစ်ရတာအမောပါ။ ကိုယ်အတန်း အသင်းရောင်က ဆနွင်းရောင်လို အဝါရောင် တောက်တောက် ဆိုတော. အဲဒီအရောင်ကို ကြံကြံဖန်ဖန် ရွေးတတ်လွန်းတဲ. အတန်းသားတွေကို ကျိန်ဆဲရသလောက် ဘာမှသိပ်မရှိတဲ့ ကိုယ့်ရဲ. အဝတ် ဗွီိဒိုကြီး ထဲ ခေါင်းစိုက်ပြီး အဝါရောင် အင်္ကျံလေးများ ထွက်လာ မလားလို အမောတကော ရှာခဲ့ရတာပါ။


ဒုတိယနှစ် ရောက်လာတော့ အရိုးတွေ စသင်ရပါတယ်။ သူငယ်ချင်းများ အရိုးခေါင်းတွေကို ကျွတ်ကျွတ်အိတ်တွေနဲ. လုံအောင်ထုပ်ပြီး ဘက်စ်ကားပေါ် တင်ယူရတယ်လဲ မှတ်မိနေပါသေးတယ်။ အဲလိုပဲ တစ်နေ.မှာ အရမ်းသဘော ကောင်းလွန်းတဲ. အဒေါ်ကြီးက ဘေးထိုင်ခုံကနေ မတ်တပ်ရပ် နေရတဲ့ ကျမကို “သမီး အထုပ်တွေပေးထား” ဆိုတော့ ကျမလဲ မစဉ်းစား မဆင်ခြင် အရိုးထုပ်ကို ပေးလိုက်မိတာ။ ပေးပြီးမှ သတိရတော့ ဘယ်လိုပြန်တောင်းရမှန်းမသိ။ ဒီလိုနဲ. ကျွတ်ကျွတ်အိတ် ကြီးပြည်ကျလာပြီး အရိုးခေါင်းကြီး ပြူထွက်လာတော. အဒေါ်ကြီး ငယ်သံပါအောင် အော် လို. စပါယ်ယာ က ကျမတို.သူငယ်ချင်းတစုကို ကားပေါ်ကနေ နှင်ချခဲ့တာလဲ ခံခဲ့ရဖူးပါတယ်။ညည အရိုးခေါင်းကို ဖက်ပြီး အိပ်ပျော်သွားမိလို.လဲ မေမေဆူတာ ခံရတာလဲ မကြာ ခဏပါပဲ။  လူတယောက်ကို အလွယ်တကူ ထုသတ်လို. ရနိုင်လောက်အောင် လေးတဲ. စာအုပ်ကြီး ရင်ဘတ်ပေါ် တင်ပြီး အိပ်ပျော်သွားမိပြီး ညည အိပ်မက်ထဲ ဆင်ပိနေတယ်။ ဘီလူးနင်းတယ်လို. အိပ်မက်းဆိုး နဲ. လန်.နိုးရတာတွေလဲ မကြာခဏပါ။ 

ဒီဒုတိယနှစ်မှာပဲ အလောင်းတွေ စခွဲရပါတယ်။ သူငယ်ချင်း တချို. ခွဲတဲ့ အလောင်းက အသားတွေကြည့်ပြီး ရက်အတော်ကြာကြာ အသားဟင်း မစားနိုင်အောင်တောင် ဖြစ်ကြရပါသေးတယ်။ ရာသက်ပန် သက်သက်လွတ် ဖြစ်သွားတဲ့သူရယ်လို.တော့ မကြားမိခဲ့ပါဘူး။ ကျမ ကတော့ အစား သိပ်ငန်းတဲ့ သူဆိုတော့ ဒါမျိုး မစားနိုင်တာရယ်လို ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ သူငယ်ချင်းမ တယောက် ပြောဖူးတာကတော့ ခွဲခန်းက အပြန် တလမ်းလုံး လူတွေရဲ. ကွက်ကြည့်ကြည့် တာကို ခံခဲ့ရတာ။ အိမ်ရောက်မှ သိရတာက လုံခြည်မှာ ခွဲခန်းက သွေးကွက်တွေ ပေလာလို.ရယ်ပါ။ မိန်းခလေးတယောက် အတွက်တော့ အထင်မှားစရာရယ်ပေါ့။  


ဒီလိုနဲ. တတိယနှစ်မှာ အဏုဇီဝဘာသာ စာမေးပွဲဖြေတော့ ဓါတ်ခွဲခန်းမှာ အီးအီး တွေကို ဓါတ်ခွဲပေးရပါတယ်။ မှန်ဘီလူး (Microscope) အောက်မှာ သေသေချာချာကြည့် ဓါတ်ခွဲ သုံးသပ်ပြီး ဘာရောဂါပိုးရှိလဲဆိုတာ အဖြေပေးရပါတယ်။ စာမေးပွဲဇောနဲ. ဆိုတော့ အီးအီးတွေ ထဲ့ထားတဲ့ ဓါတ်ခွဲခန်းခွက် နဲ.ဓါတ်ပြားလေးကို ကိုင်လိုက် ခေါင်းတွေကုတ်လိုက်။ အိမ်ရောက် မှ မေမေကို ပြန်ပြောတော. “လက်ပါးစပ်ထဲ မထဲ့တာရော သေချာရဲ.လား။ ခေါင်းသွားလျှော် ရေချိုးပြီးမှ ထမင်းလာစား” လို. အပြောခံခဲ့ရပါတယ်။ 


စတုတ္တနှစ် (နောက်ဆုံးနှစ် အပိုင်း က) ကျတော့ အုပ်စုလေးတွေ ဖွဲ.ပြီး ကျေးလက်ကျန်းမာရေး ခရီးထွက်ရပါတာက တကယ့် အမှတ်ရစရာပါ။ ကျန်းမာရေး ပညာပေးလဲ လုပ်သလို ရှောက်လဲ လယ်ချင်တာဆိုတော့ မြို.နယ်ဆရာဝန်ကြီးကို အသားကုန် ဖားဖို.လုပ်ကြရပါတယ်။ ကျမတို.ရဲ.မြို.နယ်ဆရာဝန်ကြီးက အလွန်ဥပတိရုပ် ခန်.ညားပါတယ်။ နှဖူးလေး နဲနဲပြောင်တာက လွဲရင်ပါ။ သူစိတ်ကြည်နေရင် ကျမတို.လဲ သူဘယ်လို ခန်.ငြားကြောင်း နောက်ကွယ်မှာ ချီးမွန်းခန်း ဖွင့်ကြသလို၊ သူက အလုပ်တွေ ဖိခိုင်းရင်တော့ ကျမတို သူငယ်ချင်တသိုက် သူရဲ.မဟာနဖူးအကြောင်းကစပြီး မကောင်းပြောကြပြန်ပါတယ်။ သူ.အိမ်ကို မကြာခဏ သွားပြီး အပူကပ်လွန်းလို.ထင်ပါရဲ. သူက “အိမ်အောက်မှာ မြွေရှိတယ်နော် သတိထားကြ” လို ချောက်တာလဲ ခံရပါသေးတယ်။ ကျေးရွာတရွာရောက်ရင် ရွာက ဘာအကျွေးအမွေး စိစဉ်ထားပါလိမ့်လို. စုံစမ်း ရတာကတော့ ပထမဆုံး အလုပ် ရယ်ပါ။  ကျေးရွာမှာဝေပေးဖို. ကျောင်းက ပေးလိုက်တဲ. ကွန်ဒုံ အဖော် (condom) တွေနဲ.လဲ အချင်းချင်း ဖဲရိုက်တန်း ဆော့ကြပါသေးတယ်။ ယောက်ျားလေး သူငယ်ချင်းတွေက တခါ ကစားတိုင် အများကြီးထိုး အရှုံးပေါ်ပြီး သူတို.ဝေစုကုန်တော့၊ အလွန်ကပ်စေးနဲပြီး တပွဲကို ကွန်ဒုံ တခုပဲထိုးတဲ့ ကျမတို. မိန်းကလေးတသိုက်ကို “တရုတ်မ ကပ်စေးမတွေ၊ အလကားရတဲ့ ကွန်ဒုံတောင် ကပ်စေးနဲနေသေးတယ်လို.” ကျိန်ဆဲတာ ခံရပါသေးတယ်။

မေမေပြောပြဖူးသလို၊ ရုပ်ရှင်တွေထဲကလို၊ မာလာဆောင်မှာ မနေခဲ့ရပေမဲ့၊ အင်းယားလမ်းမှာ ချစ်သူနဲ. လမ်းမလျှောက်နိုင်ခဲ့ပေမယ့် ဒီမိခင် ဆေး၂ ရဲ. ၅နှစ်တာ အမှတ်တရ လေးတွေဟာ ဘယ်သောအခါမှ ဘယ်အရာနဲ.မှ လဲလှယ်နိုင်မှာ မဟုတ်ပါဘူး။