Menu bar

23 February 2012

အထွေထွေ ရောဂါ အလုပ်သင်ဘဝ

ဆေးကျောင်း နောက်ဆုံးနှစ် စာမေးပွဲတွေ ပြီးတော့ အလုပ်သင် ဆရာဝန် အနေနဲ. ကျမတို. အားလုံး ၁ နှစ်တိတိ ဆင်းရပါတယ်။ ပြောရရင်တော့ အဲဒီ တစ်နှစ်ဟာ အလွန် ပင်ပန်းသလို အလွန်လဲ ပျော်စရာ ကောင်းခဲ့ ပါတယ်။ စာတွေလဲ ကျက်စရာ မလိုတော့ဘဲကိုး။ 

နာမည်တွေနဲ. အစဉ်အတိုင်း ခွဲကြတော့ ကျမတို. အဖွဲ.အနေနဲ.ထွေထွေရောဂါ ဌာနမှာ စဆင်းရပါတယ်။ အလုပ် မစခင် ကတော့ ဆေးရုံဆောင် ထဲမှာ ဘာမဟုတ်တဲ့ ဆေးကျောင်းသူ ကနေ အရေးပါတဲ့ ဆရာဝန်မကြီး ဖြစ်တော့မယ် ဆိုပြီး တော်တော် ရင်ခုန်ခဲ့တာပေါ့။ တကယ် စတော့မှ ကိုယ့်အလုပ်က မနက်တိုင်း သွေးပေါင်တိုင်း၊ ဆေးလိုက်ထိုး။ ဒီလိုနဲ. တမနက်လုံး ကုန်လု ကုန်ခင်ပါပဲ။  တိုင်းရလွန်းတော့ တခါကများဆို လူနာတစ်ယောက် သွေးပေါင်ချိန်တာ ဘာမှ ကို မကြားရတော့ ပါဘူး။ လူနာ ကြည့်လိုက်တော့လဲ အကောင်းကြီးရယ်ဆိုတော့ သွေးပေါင် တိုင်းမရလောက်တဲ့ အခြေအနေလောက်တော့ မဖျား လောက်ပါဘူးပေါ့။ 
တိုင်းမရတော့ သွေးပေါင်တိုင်းစက်ကို မကျေမနပ်နဲ.အထပ်ထပ် အခါခါ ညစ်။ ဘာကြောင့် မရရတာလဲ ကိုယ့်ကိုလဲ စိတ်တို။ လူနာလေးလဲ တခုခု မှားနေတာကို ရိပ်မိသွားတယ် ထင်ပါရဲ.။ စိတ်ပူတဲ့မျက်နှာလေးနဲ. ကိုယ့်ကို ကြည့်လာပါရော။ နောက်မှ တွေးမိတာက ကိုယ့်ရဲ. နားကျပ်ကများ လားရယ်လို. သေသေချာချာ သတိထား ကြည့်မိတော့မှ ကိုယ်.ရဲ. နားကျပ်က နားထဲ မတပ်ထားပဲ လည်ပင်းမှာ တပ်ထားတာကိုး။ အဲဒီတော. ဘာအသံမှ ဘယ်ကြားရမတုန်း။


ညဂျူတီ ဆင်းရရင်တော့ မကြာခဏ ကပေါက်တိ ကပေါက်ချာ လုပ်မိတာ အဆန်းကို မဟုတ်တော့ ပါဘူး။ တခါတလေ အိပ်မှုံစုတ်ဖွား စကားလုံး ရှာမရတာတွေလဲ ခဏခဏပါ။ “ဟိုလေ ဟိုဆေး ဘယ်လိုခေါ်ပါလိမ့် ” လို. သူငယ်ချင်းကို မေးရတာ ခဏခဏ။ သူငယ်ချင်း တယောက်ဆို ညဂျူတီမှာ လူနာလာတော့ ထအကြည့်။ အိပ်ချင်မုးတူးနဲ. ဘီးကုတ်ကို မျက်မှန်ထင်ပြီးကောက် တပ်သွားသတဲ့။ နောက်မှ ဘာမှ မမြင်ရပါလားလို. တွေးမိတော့ လူနာလေးက သတိပေးရတဲ့။ “ဆရာမ မျက်နှာပေါ်က ဘာကြီးတုန်း” တဲ့။ အဲဒီ သူငယ်ချင်းပါပဲ လုံချည်ကို အထက်အောက် ပြောင်းပြန် ဝတ်ပြီး တမနက်လုံး ဆေးလိုက်ထိုးတာ။ နောက်မှ လူနာတယောက်က “ဆရာမ လုံခြည်က နောက်ဆုံး ဖက်ရှင်လားဟင်” မေးမှပဲ သိတော့ သတဲ့။

မြန်မာနိုင်ငံ ရဲ. ကျန်းမာရေး က အားလုံး သိတဲ့ အတိုင်း ဆေးဖိုးတွေကို ကိုယ့်ဘာသာကိုယ် ပေးရတာပါ။ တချို. ဆေးရုံသာ ရောက်လာကြတယ်။ ပိုက်ဆံတပြားမှ ပါမလာတာတွေလဲ ရှိပါတယ်။ အဲဒီ အခါများမှာတော့ လူနာတွေ.ရင် မျက်ကွယ်မပြုနိုင်တဲ့ ဆရာဝန်များ ပီပီ ကိုယ့်ရဲ.အိပ်စိုက်၊ ဒါမှမဟုတ် ပိုက်ဆံနဲနဲ ရှိတဲ့သူတွေဆီက ဓါးပြတိုက် အလှူခံထားရတာလေးတွေ ထုတ်သုံးရပါတယ်။ 

ကိုယ် ပင်ပင်ပန်းပန်း အလုပ်လုပ်တာ ကို သတိပြုမိတဲ့ လူနာအများစုကလဲ အရမ်းကို ကျေးဇူး တင်ကြပါတယ်။ တချို.လဲ မုန်.တွေ ကျေးဇူးတင်တဲ့ အနေနဲ. မကြာခဏ ယူလာကြပါတယ်။ ငတ်ကြီး ကျတယ်ပဲ ဆိုဆို အဲဒီလိုယူလာတဲ့ မုန်.တွေက ကျွန်မတို. အတွက်တော့ တော်တော်လေး အရသာရှိတာပါ။ လူနာတွေက ကိုယ်လုပ်ပေးနေတာတွေ ကျေးဇူးတင်လို.ယူလာတဲ့ အစားအစာ တွေရယ်ကိုး။ အဲဒီလိုနဲ. တနေ.မှာ လူနာတစ်ယောက်က လက်ဖက်သုတ်တွေ ယူလာပေးပါတယ်။ လက်ဖက်သုတ်ကလဲ ထူးထူးဆန်းဆန်းရယ်။ ပြောင်းဖူး၊ ဒညင်းသီးတွေလဲ ထဲ့သုတ်ထားလေရဲ.။ကိုယ်ကလဲ ဗိုက်တအား စာနေခိျန်ဆိုတော. သွားကဖြဲ ပြီး တော်တော်ကို ဝမ်းသာသွားမိပါတယ်။ လူနာကလဲ ကိုယ်ကြည့်နေတဲ့ လူနာလေး။ “ဆရာမလေးတို. စားဖို.” ဆိုပြီး စေတနာတွေ ဝေလျှံနေတဲ့ မျက်နှာလေးနဲ.။ အဲဒီအချိန် မှာ အခန်းထဲမှာ လူနာ ရဲ.အနာက ပြည်တွေ ညှစ်ထုပ်ပြီး ထွက်လာတဲ. စီနီယာ အကိုကြီး တယောက်က လက်တောင်မဆေးနိုင်ပဲ ဗိုက်ဆာဆာနဲ. “ဟာ လက်ဖက်သုပ်တွေ ပါလား” ဆိုပြီး လက်မြန် ခြေမြန် လက်ညစ်ပတ်ကြီးနဲ. နှိုက်စားပြစ် လိုက်ပါရော။
ကျမနဲ. သူငယ်ချင်းတွေ "stoppppppp" အော်မယ်လုပ်တော့ အလွန်နောက်ကျသွားပါပြီ။ အဲဒီတော့လဲ ပါးစပ် အဟောင်းသားနဲ. ငတ်သွားရတာပေါ့။ ဘယ်လောက်များ အစားမက်တယ်ဆိုတာ ကျမမှာ အခုထိ ဒီမြင်ကွင်းကို မေ့လို.ကို မရသေး။ သြ ဆရာဝန်လဲ လူပဲဆိုတော့ တခါတရံတော့ ငတ်ကြီးကြတတ်သည်ပေါ့ .... အဟီး။