Menu bar

23 February 2012

Elder patients who made us laugh!!


ဒီနိုင်ငံ မှာ ဘိုးဘိုး ဘွားဘွား အရွယ်တွေဟာ သိပ်ကို သနားဖို.ကောင်းပါတယ်။ မိသားစု တွေ သားတွေ သမီးတွေ ဆိုတာ အနီးကပ် ဘယ်သူမှ မစောင်.ရှောက်ကြပါဘူး။ တချို. ဆိုရင် ခရစ်(စ)မတ်စ် လိုနေ.မျိုးမှာ တောင် အထီးကျန် ဖြစ်လွန်းလို. ဆေးရုံကို အတင်း ဘာမှ ဖြစ်တာ လဲမဟုတ်ပဲနဲ. လာနေတာတွေရှိပါတယ်။ ဟိုတရက်ကပဲ သားလုပ်တဲ. သူက သူရော.ရှာယား (Yorkshire) ဆိုတဲ. မြောက်ပိုင်းကို ခရီး သွားစရာ ရှိလို. သူ.အဖေကို ဆေးရုံကိုခေါ်လာပါတယ်။ ဘာရောဂါမှလဲ ရှိတာမဟုတ်။ အဲဒါမျိုးတွေက ဒီနိုင်ငံမှာ အလွန်ပေါပါတယ်။ အခု အသက်ကြီးတဲ. လူဦးရေ ကလဲတအား ကို တိုးလာတာဆိုတော.။


တချို. လဲ ဆေးရုံမှာ သူငယ်ပြန်နေ ကြတာ။ မှတ်မှတ် ရရ တခါက ဆေးရုံဆောင်ထဲကနေ အရေးပေါ် ပေဂျာ (Bleep) နဲ.ခေါ်ပါတယ်။ ဒေါက်တာဝင်း ward ထဲကိုအမြန်လာပါ။ ဒီမှာ ဖိုးဖိုးနှစ်ယောက် ဒုတ်ကောက် တိုက်ပွဲဖြစ် နေတယ် အမြန် လာဖြေရှင်ပါ ဆိုလို. ကိုယ်.မှာ ရီရ အခက် ငိုရ အခက်။
နောက်တစ်ယောက်ကလဲ သူသိပ်ကြည်မရတဲ. တခြာ လူနာ တစ်ယောက်ရဲ. အိပ်ရာပေါ်ကို သူ.ရဲ. အီးတုံး တစ်တုန်းကို တိတ်တိတ် လေး ညဘက်မှာ သွားတင်ထားတယ် ဆိုလို. အတော်ဖြေရှင်းယူခဲ့ရပါသေးတယ်။အင်မတန် လူမျိုးရေး ခွဲခြား တဲ. လူမဲ နဲ. လူဖြူ နှစ်ယောက် ခါးတင်ဘေးချင်းယှဉ် ထားမိလို. သူတို.နှယောက် ပဋိပက္ခကို ရှင်းနေရတာနဲ. နေ.စဉ်အလုပ်လိုပါပဲ။

အရင်တပတ် ဂျူတီကျ တုန်းကလဲ ဖိုးဖိုး လူနာ တစ်ယောက်က ကိုယ်.ဆီလာပြီး “ဒေါက်တာ သူဒီကနေဖြတ်သွားတာ ဟိုခုတင်ပေါ်က ဖွားဖွား လူနာက သူ.တင်ပါးကို လှမ်းဆိတ်တယ်” လို. လာတိုင်လို. စစ္စတာပါခေါ်ပြီး အတော်ဖြေ ရှင်းယူခဲ.ရပြန်ပါတယ်။


သူငယ်ချင်း တစ်ယောက် ကလဲ ညဘက်မှာ ခုတင်ပေါ်က ပြုတ်ကျတဲ. ဖွားဖွား လူနာ တစ်ယောက်ကို သွားကြည့်ရတာ ကို “ကယ်ကြပါဦး သူ.ကို မုဒိန်း ကျင်.နေပါတယ်” ထအော်လို.ပါ။နောက်တခု မှတ်မိတာ ကလဲ ဆေးရုံမှာ ဖိုးဖိုး လူနာ တစ်ယောက် ကို သူ.ရဲ. မှတ်ဥာဏ် ကို စမ်းသပ်ဖို. မေးခွန်းတွေမေးတော. “အခု ဘယ်နေရာမှာ ရောက်နေလဲ သိလား” လို.မေးတော.။ အူကြောင်ကြောင် ဖြစ်နေပုံ ရတဲ. သူက ဘေးတပတ်ကို ရှောက်ကြည်.ပြီး ... သူ.ဘေးမှာ ရံနေတဲ. ဖိလစ်ပိုင် နပ်စ်မလေးရယ်၊ တရုပ်မရုပ်ပေါက် နေတဲ. ကျွန်မ ရယ်၊ ဘေးမှာ အိန္ဒိယက လာပေမယ်. နဲနဲ ကပ္မလီဆန် တဲ. ရုပ်နဲ. သူငယ်ချင်းတွေကို တလှဲ. ဆီ လိုက်ကြည်ပြီး “အာဖရိက” လို. ထအော်တာ လဲကြုံရဖူးပါတယ်။ ...နောက်တစ်ခုကတော. ဖတ်ဖူးတာပါ။ ဂျီပီ (GP) ဆရာဝန်လေးတစ်ယောက် သူ.ဆီကို အသက် ၈၀ ကျော်လောက်တဲ. လင်မယားနှစ်ယောက် လာပြသတဲ.။ ဆေးရုံမှာ အခန်းလေးတွေက လိုက်ကာလေးပဲ ကာထားတာ ဆိုတော. အသံမလုံ ကြပါဘူး။ ဖြစ်ချင်တော. လာပြတဲ. ဖွားဖွားက နားက တအားလေး။ လာပြတာက စအိုကသွေးကျလို.။ စဉ်းစားကြည်.ရင် ဆရာဝန်လေးခမျာ အာပြဲကြီးနဲ. လူသိပ်မကြားချင်တဲ. မေးခွန်းတွေ ဆေးရုံ တစ်ဆောင်လုံး ကြားရလောက်အောင် အော်မေးရတာ။ ပိုဆိုးချင်တော. တာဝန် အရ ဘာရောဂါ ဖြစ်တာလဲ သိရအောင် စအိုထဲကို လက်နှိက်ပြီး စမ်းသပ် ရပါတယ်။ ဘယ်လောက်ပဲ နားလယ်အောင် ရှင်းပြပေမယ်. နားအရမ်းလေး တဲ. ဖွားဖွားက ဆရာဝန်လေးရဲ. လက် သူ.စအိုထဲ ဝင်သွားချိန်မှာ သူ.ယောက်ျားထင်ပြီးတော. .... “တော. ကိုဟိုဒင်း ရေ အသက်ကြီးပြီ။ ဒီလိုကလေးကလား တွေ မလုပ်ပါနဲ. ဆိုတာ။ အောင်မလေးတော်ပါတော. ” ဆိုပြီး ထအော် တော.မှ ငါးပါးမှောက်တော.တာပါပဲ။