Menu bar

28 February 2012

ပိုလို. ကျိုးစားရဦးမည်

ဒီနေ. အလုပ်ထဲမှာ ခဏတာလောက် စိတ်ဖိစီးမှုတွေ တက်သွားတာရတဲ. အခြေအနေနဲ. ကြုံရတာနဲ. ကိုယ်. ကိုယ်ကို ပြန်လည် သုံးသပ်မိရာ မှ ဒီအကြောင်းအရာလေး ကို ရေးဖြစ်သွားတာပါ။ ပထမတော. ဒီအကြောင်းအရာ ကို အင်္ဂလိပ်လိုပဲ ရေးမလို.ပါ။ ဒါပေမယ်. မြန်မာလို ကျိုးစား ကြည့်ချင်တဲ. စိတ်ကလေးပေါက်လာတာနဲ. ဒီလိုပဲစဖြစ်သွားပြန်ပါတယ်။ မြန်မာလိုရေးနိုင်ဖို. လက်ကွက် က မမှတ်မိတဲ့ အတွက် ကျမဘယ်လောက် ဦးဏှောက် ချောက်ခံရတယ်၊ အချိန်ယူရတယ်ဆိုတာ ပြောပြရန် စကားမရှိပါ။ ငယ်ကကြည်.ဖူးတဲ. “နှစ်မွှာ အသဲ” ရုပ်ရှင်ထဲက မမြလေး ပြောသလို “ပြောကို မပြောချင်တော. ပါဘူး” လို. တခါတရံ အော်ပြစ်ချင် စိတ်တောင် ပေါက်လာပါတယ်။
ဖြစ်ရတဲ. အကြောင်းကတော. ဒီနေ. အလုပ်မှာ ကျမတို. ပါရဂူ အကြီးဆုံး၊ ဂျူတီကျနေတဲ. ဆရာကြီး ရောက်လာပြီး၊ ကျမကို အလုပ်ရဲ. အခြေအနေ ဂျူနီယာတွေရဲ. အခြေအနေတွေ မေးပါတယ်။ ကျမလဲ ပထမတော. အားလုံးဟာ အဆင်ပြေပြေနဲ. ဖြစ်နေတာ နေရာ တာဝန်တွေ ခွဲပေးထားတဲ. တဋ္ဌာနလုံး က ဆရာဝန်တွေလဲ ကျိုးစားလုပ်နေတာတွေကို အပြုံးမျက်နှာ ဂုဏ်ယူတဲ.  လေသံလေး နဲ. သံတော်ဦး တင်လိုက်ပါတယ်။ 

ဒီတော. ဘော.စ်က တစ်ယောက်ချင်းစီရဲ. အကြောင်းတွေကိုမေးတော.တာပါပဲ။ ကျမပိုမပြောပါ တစ်ဋ္ဌာန လုံးမှာ ဂျူနီယာတွေက ၁၅ယောက်လောက် ရှိပါတယ်။ တာဝန်ကျတဲ. နာရီတွေကလဲ မတူကြပါဘူး။ သူတို့တွေ ဘယ်နေရာမှာ ဘာတွေ လုပ်နေတယ်။ သူတို.တွေ နားတဲ့ အချိန်တွေ အလှဲ. နဲ. ရတယ် အစရှိတာ တွေကို ကျမကတာဝန်ယူပေးရသလို ဒီအဆောင် တခုလုံး ရဲ. ဝင်လိုက် ထွက်လိုက် လာနေတဲ. လူနာတွေအားလုံးရဲ. အကြောင်းကိုလဲ သိအောင် လုပ်ရပါတယ်။  ကျမလုပ်တဲ. ဆေးရုံမှာ လူနာတွေရဲ. လာနှုန်း ဟာ တနေ.ကို အယောက် ၅၀၀ ပြန်းမျှ။ တချိန်ကို ၅၀ပြန်းမျှ ရှိပါတယ်။ သူတို. အကြောင်းတွေအားလုံး ကိုသိပြီး စီမံ ခန်.ခွဲနိုင်ဖို. ဆိုတာ ကျမ စူပါမန်း လို စွမ်းအားရှင် မဟုတ်ပါ။ တခါတလေ ငယ်သားတွေ အပျင်းခို အလုပ်ကို သေသေချာချာ မလုပ်ရင် ကိုယ်ကိုတိုင် ပြေးလုပ်ပစ် လိုက်ချင်ပေမဲ.၊ လူကြီးကောင်း တစ်ယောက်ဖြစ် ဖို.ဆိုရင် အစစအရာရာ ကိုယ်ကိုတိုင်ပဲ လုပ်တာ မဟုတ်ပဲ စီမံခံ့ခွဲ နို်င်ဖို. ကပိုလို. အရေးကြီးပါတယ် ဆိုတဲ. မေမေပြောဖူးတာ နှလုံးမူပြီး သူတိုကို ပဲ ပြီးအောင် လုပ်စေရပါတယ်။

ဒီနေ. ဘောစ်.က တင်းတင်း ကျပ်ကျပ်နဲ. ဂျူနီယာ တယောက်ချင်း စီရဲ. “သူကဘာလို. လူနာ နဲနဲ ပဲ ကြည်ထားတာလဲ။ သူကအခုဘယ်ရောက်နေတာလဲ။ ဒီတယောက် က အလုပ်လုပ်တာ အရမ်းကိုနှေးနေတာ သတိပေးစကား မပြောဘူးလား” ဆိုတဲ. စကားတွေ ဒုံးကျည်နဲ. ပြစ်သလို မေးလာတဲ. အခါမှာ တော. ကျမရဲ. အပြုံးမျက်နှာလေးကနေ “ငါတော်တော် ညံ့ပါလား” ဆိုတဲ. စိတ်ကိုရောက်ရပါတော.တယ်။

ဒီလိုနဲ. အိမ်ပြန်ချိန်ရောက်တော. ကိုယ်.ရဲ. တစ်နေ. တာ လုပ်ဆောင်မှု တွေ သုံးသပ် ပြီး ပြန် တွေးမိတာတွေက တော. လူနာကြည်.ပြီး ဆေးကုတတ် ရုံနဲ. မဖြစ်ပါဘူး။ အောင်မြင်တဲ. လူတယောက်ဖြစ်လာဖို. ဆိုရင် ဒီစီမံ ခန်.ခွဲတာတွေ ကျွမ်းကျင်ဖို.လဲ လိုအပ်ပါတယ်။ တခါတလေ  သူများကို ပြောစရာရှိတာ ပြော ရမှာကိုလဲ သူ များ ကြိုက်ပါ. မလား အားနာပါတယ် ဆိုတဲ. အတွေးတွေကို ဖြောက်ပြီး ပြောသင်.တာတွေ ရဲရဲဝံ.ဝံ. ပြောရဲဖို. လဲ ကြိုးစား ရပါဦးမယ်။ ကျမ  အများကြီး ကျိုးစား ဖို. လိုပါသေးတယ် လို. ....