Menu bar

23 February 2012

လန်ဒန် ခရီးစဉ်

ဒီနေ. လန်ဒန်ကို အလုပ်ကိစ္စနဲ. သွားရပါမယ်။ တွေးမိတော့ နောက်ဆုံး တစ်ခေါက် သွားခဲ့.စဉ်က နှင်းတွေ တအားကျနေလို. ခင်ပွန်းသည်က ကားသိပ်မမောင်း ရဲတာနဲ. မိုင် ၇၀ လမ်းမှာ မိုင် ၃၀ထက် သူ.မှာ ပိုမမောင်းခဲ့ပါဘူး။ ကျွန်မ ကလဲ အင်မတန်မှ စိတ်မြန်တတ်ပါတယ်။ ကျွန်မ  မေမေပြောသလို ဒုံးကျည်များ ဖင်မှာ တပ်ထားသလား ဆိုလောက်အောင် စိတ်မြန်တတ်သူပါ။ သူ.ကို သွားပါဦး နဲနဲ လေးမြန်လိုက်ပါဦးလို. တလမ်းလုံး တွန်းထိုးပေး ခဲ့ရပါတယ်။ တခါတလေ ငါ.ဟိုမုန်းတွေ (Thyroid)များ နဲနဲများ အိုဗာ ဖြစ်နေလား လို.မကြာခဏတော့ ပြန်စဉ်းစား မိပါတယ်။



လန်ဒန် အကြောင်းပြန်ပြော ရရင် အဲဒီမှာ အစီးအဝေး တစ်ခု အတွက် သွားခဲ့ရတာပါ။ ဒီနှစ်မှာ လန်ဒန်မှာ ကျင်းပမဲ. အိုလန်ပစ် အတွက် ဆွေးနွေးကြတာပါ။ အစီးအဝေးမှာ အရင်ပွဲတွေတုန်း က ဆုတွေရခဲ့တဲ့ အားကစားသမားကြီးတွေရဲ. အောင်မြင်မှု အပြုံးပန်းတွေကိုပြန်ပြပါတယ်။
အားကစား တွေရဲ. သဘောက ကိုယ်အားပေးသည် ဖြစ်စေ အားမပေးသည် ဖြစ်စေ၊ သူတို.ရဲ အနိုင်မခံ အရှုံးမမေး ကျိုးစားတာတွေ၊ ကျိုးစားမှုရဲ. ရလဒ် အောင်မြင်မှုရဲ. အပြုံးပန်းတွေကို မြင်တိုင်း သူတို.နဲ. ထပ်တူထပ်မျှ နီးပါး ခံစားရတတ်ပါတယ်။ ကိုယ်အားပေးတဲ့ အားကစာသမား ဒါမှမဟုတ် အသင်းဆိုရင်တော့ ပြောစရာကို မလိုလောက်အောင်ကိုပါပဲ။ ဒါကြောင့်လဲ တောင်အာဖရိကရဲ. ပထမဆုံး လူမဲ သမ္မတ မန်ဒဲလားက တောင်အာဖရိကရပ်ဘီ(Rugby)အသင်း စပရင်းဘွတ်(Springbok)(အမေရိကန်ဘောလုံး လို.လဲ ခေါ်ပါတယ်) ရဲ. ကမ္ဘာ့ ဖလား အောင်မြင်မှု နဲ. အတူတူ နိုင်ငံရဲ. လူဖြူလူမဲ စည်းလုံးညီညွတ်မှုကို ရယူခဲ့ပါတယ်။  


အစည်းအဝေးပွဲရဲ. နောက်ထပ်နှလုံးသား လာမှန်စေတဲ့ ဗွီဒီယိုတခုကတော့ လန်ဒန်ကို ဒီနှစ် အိုလန်ပစ်ပွဲ အတွက် ရွေးခြယ်လိုက်ပြီလို. စင်္ကာပူမှာ ၂၀၀၅ တုန်းကကြေညာစဉ်က အကြောင်းပါ။ လန်ဒန်ကို မဲပေးကြဖို. ဆွဲဆောင်ခဲ့တဲ့ အခြေခံအကြောင်းက “ဒီ အိုလန်ပစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာတဝှမ်းမှ ခလေးငယ်တွေကို အားကစားထဲ စိတ်ပါလာအောင် ဘယ်လို ဆွဲဆောင်မယ်” ဆိုတဲ့ အချက်နဲပါ။ ကြေငြာလိုက်စဉ်က အပြုံးပန်းတွေနဲ. အတူတူ တစ်ယောက်နဲ. တစ်ယောက်ဖက်ပြီး ဝမ်းသာ မျက်ရည်တွေ ကျခဲ့တာတွေကို ဗွီဒီယိုနဲ. ပြန်ပြပါ တယ်။ ကိုယ့်မှာလဲ ဘာရယ်တော့မသိ သူတို.နဲ. ရောပြီး မျက်ရည်လေး ကျခဲ့ရပါသေးတယ်။ ကိုယ့်ကိုယ် ကိုလဲ အထင်တွေ ကြီးလို.။ သူတို.တွေပြောတဲ့အတိုင်း ငါဟာ ဒီသမိုင်းကို ရေးတဲ.နေရာမှာ အရေးကြီးတဲ. အခန်းကဏ္ဍမှာ ပါဝင်တော့မှာပါလား ဆိုပြီး ပီတိတွေဖြာ အီးအီးတွေပါရယ် လိုပေါ့။ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ။


ဆွေးနွေးပွဲရဲ. အဓိက အကြောင်းရင်းကတော့ ဒီအိုလန်ပစ် ပြိုင်ပွဲကို ဘယ်လိုအောင်မြင်အောင် အားလုံးရဲ.ညီညွတ်အင်အားနဲ. ဘယ်လိုလုပ်ကြမလဲ ဆိုတာ ဆွေးနွေးဖို. ရယ်ပါ။ အစည်းအဝေး အများစုရဲ. ထုံးစံအတိုင်း လိုရင်းထက် စကားလုံးကြီး တွေကို ပြစ်ထဲ့တာက ပိုများမယ်ထင်ပါရဲ.။ ငယ်တုန်းက ဘဝကိုလဲ အမှတ်ရမိပါတယ်။ စာစီစာကုံးပြိုင်ပွဲတွေ မကြာခဏ ဝင်ပြိုင်ခဲ့တုန်းက ကြားကြား ဖူးသမျှ စကားလုံးကြီးတွေနဲ.နားလည်လည် မလည်လည် ပြစ် ဆော်ခဲ့တာလေ။ တကယ် သဘောပေါက်လှတယ် ရယ်တော. မဟုတ်ပါဘူး။

ခုလဲ အဲဒီဘဝမျိုးကို ပြန်ရောက်လို.နေပြန်ပါပြီ။ သူတို.ကပြောလာတဲ့ ဗျူရိုကရေစီတွေ (bureaucracy) .. ဗွစ်ရှင်တွေ (Vision) .. လီဂေစီတွေ (Legacy) ဆိုတာတွေ နားတဖက်ကဝင် တဖက်ကထွက်နဲ. တနေ.တာခရီးကို အဆုံးသပ်ခဲ့ပါတော့တယ်။