Menu bar

23 February 2012

စကားပုံ အကိုးအကား

မှတ်မှတ်ရရ ငယ်ငယ်က စကားပြောရင် မပီလို. အနောက် ခံခံ. ရတာ။ စကားပုံ ကိုးကားပြီး ငြင်းချင်ရင် လဲ ဘယ်တော.မှ စကားပုံကို အစအဆုံး မမှတ်မိတာ။ တဝက်မှာ “ဟဲ. ဒါပြီးတော. ဘာဘာလိမ်.” လို. သူငယ်ချင်း ကိုမေးရင် အရမ်းကို အရီခံ ခဲ.ရတာ။ ကိုယ်ကချည်းပဲ အစခံရတာ ဆိုတော. အသေးစိတ်တော. မမှတ်မိတော.ပါဘူး။ 

ဒါပေမယ်. ခုထိ ကျွန်မ ခင်ပွန်း ကျားကျား က ကြုံတိုင်း စနောက် နေတုန်း မို. မှတ်မိတာ လေး နှစ်ခုတော. ရှိနေပါတယ်။ ဒီ အင်္ဂလန် ရောက်ခါစမှာ ကျားကျား ကို ပိုက်ဆံချွေတာဖို. စုစုဆောင်းဆောင်း နေဖို. နို.မဟုတ်ရင် “ခြေသလုံးကို တိုင် ဆောက်ပြီး နေနေရမယ်” လို. ပြောမိတော. လိုချင်တဲ. အဓိပါယ်ရောက် သူ.ခေါင်းထဲ ရောက်ဖို. နေနေ သာသာ၊ ဒင်း က အရမ်း ကို ထရယ် ပြီး ခုထိ ကြုံတိုင်း နောက်လို. မဆုံး ပါဘုး။ ပြောချင်တာက ခြေသလုံး အိမ်တိုင် ဖြစ်နေမယ်လို.ပါ။ နောက်တစ်ခုက ညားခါစမှာ သူ.ကို မိန်းမ မရှုပ်ဖို. နဲ. “ငါးရံ.နှစ်ကောင် ခွ နင်းရင်တော. လုံးဝ ခွင့်မလွှတ်ဘူး” ဆိုတာ။ ကျွန်မရဲ. လင်မယားနှစ်ယောက် ကြားမှာ သိပ်အရေကြီး တဲ. အချက်လေးဟာ ကျွန်မ ဒီ စကားပုံ မေ့တာနဲ. ဟာသ တစ်ခုဖြစ်သွား ရပြန်ပါတယ်။ ဒါပေါ.နော် ငါးရံ. နှစ်ကောင် ဘယ်လို ခွနင်း လို. ရနိုင်ပါ. မလဲ။“ လှေနံ နှစ်ဖက် နင်း” တာနဲ. “ငါးရံ. နှစ်ကောင် ဖမ်း” တာနဲ. ရော သွားလို.ပါ။