Menu bar

24 February 2012

ကြိုးစားမှုရဲ. ရလဒ်များ

FINA diving championship 2011

ဒီနေ. ကမ္ဗာ. ဖလား ဒိုက်ဗင်း ချမ်ပီယံ ပြိုင်ပွဲ (FINA world championship 2012) မှာ ဆရာဝန်တစ်ယောက် အနေနဲ. ဂျူတီကျပါတယ်။ ဒီလိုပဲ ရောက်ရာပေါက်ရာ အလုပ်ထဲမှာ စကားပြော ကြရင်းနဲ. ဗြိတိသျှ ရဲ.နာမည်ကျော်၊ ဗြိတိန် ကိုယ်စားပြုပြီး ဒိုက်ဗင်မှာ ဆုတွေမြောက်များစွာ ရထားတဲ့၊ သူဒိုက်ဗင် စတဲ့ အချိန်မှာ ကမ္ဗာ. အသက်ငယ်ဆုံး ရယ်လို. သတ်မှတ်ခံခဲ.ရတဲ့ တွမ်မ်ဒေလီ (Tom Daley) အကြောင်းလဲပြောမိပါတယ်။ အောင်မြင်မှု ဆုတဆိပ်တွေ မြောက်များစွာကို အသက် ငယ်ငယ်လေး နဲ. ရရှိထားတာမို.၊ ရုပ်ကလဲဖြောင်.တော. သတင်း၊ ကြော်ငြာတွေမှာ အများ ကြီးပါဖူးတာမို.၊ သူကိုဒီမှာ မသိသူ မရှိသလောက်ပါ။ ဒါပေမဲ. အခု တလောမှာ လေ.ကျင်.ရမဲ. ရက်တွေ ပျက်ကွက်ပြီး ပြိုင်ပွဲမှာ အဆင်.တွေကျလို. တအား ဝေဖန်ခံနေ ရပါတယ်။ သူ.ရဲ. နည်းပြဆရာကတော. သူ.ကို ရုရှား ရဲ. တင်းနစ်စ်မယ် တစ်ယောက်နဲ. (Anna Kournikova) နှိုင်းယှဉ်ပြီး ပြောလာပါတယ်။ ကိုယ်.ရဲ. အလုပ်ပေါ်မှာ အာရုဏ်မစိုက်ရင်၊ မကြိုးစား ရင်၊ ဒီမီဒီယာတွေ နဲ.ပဲ အချိန်ကုန်တာ များနေရင်၊ ရုရှား မလေးလို သတင်းတွေထဲမှာ တော. ကောင်မလေး လှလှလေး ဆိုပြီး ဓါတ်ပုံတွေတော. ပါလာ နိုင်ပါတယ်။ ကမ္ဗာ. ချန်ပီယံကြီး ပေါ. ဆိုတာတော. ဖြစ်မလာနိုင်တော့ ဘူးပေါ့ နော်။ ရွှေတံဆိပ် ကြီးတွေကတော့ သူ. အလိုလို ရောက်လာမှာ မှ မဟုတ်ပဲ။ 

အမှတ်တွေ ပြထားတဲ. တီဗွီ မျက်နှာပြင်း ကြီးကြည်. လိုက်ရင်တော. တရုပ်တွေ က ထိပ်ဆုံးမှာ အတော်များ ပါတယ်။ သူတို. ဒိုက်ဗင်း လုပ်တာကို ကြည်.လိုက်ရင်လဲ အခါ တစ်ထောင် တစ်သောင်း တစ်သိန်း လေ.ကျင်.ထားမှန်း သိပ်သိသာပါတယ်။ 

တရုပ်နိုင်ငံ အားကစား သမားတွေရဲ. ကြိုးစားအားထုတ်မှုကတော. ကမ္ဗာမှာ တော်တော် လေးကို. အံ့ချီးပေးရတာပါ။ ဒါ ကျမရဲ. သိပ် အတွေ. အကြုံ မရင့်ကြပ်သေး တဲ. သူတစ်ယောက်ရဲ. အတွေ.အကြုံကနေပဲ ပြောတာပါ။ ဘားတန်းခုန် တဲ.နေရာမှာလဲ (Gymnastics) တရုပ်တွေက ကမ္ဗာ.ထိပ်တန်းပါ။ အဲဒီလို ဖြစ်လာအောင် ဘယ်လောက်တောင် သွေး ချွေး တွေ ရင်းနှီးမြှုတ်နှံရတယ် ဆိုတာ စာစောင်တွေ၊ တီဗွီးစီးရီး တွေမှာ လဲ အမြောက် အများ ဖော်ပြထားပါတယ်။ ကမ္ဘာ တစ်ခုလုံးမှ သြချယူရတာပါ။ ဒီနေ. အိမ်ကိုပြန်လာတဲ. လမ်းမှာ အတွေးတခု ကပ်ပါလာပါတယ်။ ကိုယ်လိုချင်တဲ. ရည်မှန်းချက်ကို ရောက်ဖို. ကျမ ချွေး သွေး ခွန်အားတွေ ပိုမို စိုက်ထုပ်ရဦးမယ် ရယ်လို.ပါ ...