ဒီလိုပဲ ရောက်တတ်ရာရာ တွေးတုန်း မြန်မာပြည်မှ အလုပ်သင်ဆရာဝန်လေးရဲ. ဘ၀ကို သတိရမိပါတယ်။ အလုပ်စစချင်း ကျမတို.အဖွဲ.က စနေ၊ တနင်္ဂနွေ ဂျူတီ နဲ. စခဲ့ရပါတယ်။ ပထမဆုံးနေ.အူကြောင်ကြောင်နဲ. ဆေးရုံဆောင် ထဲကို သွားတော့ ဘယ်ကစလို. ဘယ်လိုလုပ်ရ မှန်းမသိ။ အဒေါ်ကြီး တစ်ယောက် အမောဖောက်ပြီး ဆုံးသွားတော ကိုယ့်မှာ ခိုးပြီး ငိုခဲ့ရပါသေးတယ်။ ဆရာဝန်ဖြစ်တာ ဘယ်လောက်ပဲကြာလာပေမယ့် လူနာ တယောက်ကို ဆုံးရှုံးရတိုင်း ဖြစ်ရတဲ့ ဝမ်းနဲမှုကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။
မြန်မာပြည်မှာ ဆေးရုံကို ရောက်လာတဲ့ သူတွေက အင်မတန်မှ ဆင်းရဲကြပါတယ်။ ဆေးက ကိုယ့်ပိုက်ဆံနဲ.ကိုယ် ဝယ်ရမှာ ဆေးဖိုး လုံးဝ မတတ်နိုင်တဲ့ သူတွေက အများစုပါ။ မှတ်မှတ်ရရ လူနာ တစ်ယောက် ဆိုရင် ညဂျူတီမှာ ဝမ်းသွားပြီး ရောက်လာတာ သွေးပေါင်က လုံးဝ တိုင်းလို. မရတော့တဲ့ အခြေအနေ ရောက်နေပါပြီ။
လိုအပ်တဲ့ ဆုံးရှုံးထားတဲ့ ဓါတ်ဆားရေ အမြန်ဆုံး ပြန်မသွင်းနိင်ရင် အသက်ပါ ဆုံးရှုံးသွား နိုင်ပါတယ်။ ဓါတ်ဆားရေ ဝယ်ဖို.က ပိုက်ဆံကတပြားမှ ပါမလာပါဘူး။ အဲဒီတုန်းက ကိုယ့်မှာ ရှိတဲ့ ပိုက်ဆံ ကိုယ့်အိတ်ထဲက ထုပ်ပြီးတော့ ဆေး ဝယ်ခိုင်း ခဲ့ရပါတယ်။ မနက်ကျတော့ သေခါနီး ဖြစ်နေတဲ့ညက လူနာက သူ.ခုတင်မှာ နံနက်စာ စားနေတာ တွေ.ရတော့ ဖြစ်ခဲ့ရတဲ့ ပီတိက ဘာနဲ.မှ နှိုင်းလို. မရနိုင်ပါဘူး။ အဲဒီတုန်းက ဆေးရုံမှာ လူပြည့်နေ လို. အဲဒီ လူနာကို အပြင် ဝရန်တာမှာ ထားခဲ့ရတယ်ကိုလဲ မှတ်မိပါသေးတယ်။ မိုးကလဲရွာနေတော့ ည မှောင်မှောင် မဲမဲ နဲ. လူနာခုတင် အောက်က ရေတွေကို မိုးပက်ထားတဲ့ရေတွေလို. အောင့်မေ့ ခဲ့တာ၊ နောက်မှ သူနာပြုဆရာမလေးဆီမှ ပြန်သိရတာကတော့ အဲဒီလူနာရဲ. အီးအီးရေ တွေပါတဲ့။ ကျမမှာ တညလုံး အခေါက်ခေါက် အခါခါ ကူးဖြတ်နေတာ အခေါက်ပေါင်း မရေမတွက်နိုင်ပါဘူး။ အသက်တချောင်း ကယ်တင်နိုင်လိုက်တာနဲ.စာရင် ဒါတွေဟာ ပြောနေစရာကို မဟုတ်တော့ပါဘူး။ ကျမရဲ. သိပ်ကြိုက်ခဲ့တဲ့ ဖိနပ်လေးတော့ ပြန်မစီးနိုင်တော့ဘူးပေါ့။