Menu bar

23 February 2012

နိဒန်း

အင်္ဂလန်နိုင်ငံမှာ နေတာကြာပြီ ဆိုတော. မြန်မာ Font တွေလဲ မမှတ်မိ (ပြောရရင်တော့ အရင်ထဲက သိပ်မကျွမ်းကျင်တာပါ။)  သတ်ပုံတွေလဲ မမှတ်မိ ပေမယ်. မြန်မာ ဘလော့ လေးတော. ဖွင့်လိုက်မိပါပြီ။ မြန်မာ တစ်ယောက်ကများ လာဖတ်ရင် ကြီးကျယ်လိုက်တာ မြန်မာ သတ်ပုံ မမှတ်မိရ ကောင်းလား ပြောလာရင်လဲ အပြစ်တင်တာ ခံရမှာ ပါပဲ။ ကျွန်မရဲ. ဦးဏှောက် ကလေးက သေးလွန်းတော့ နဲနဲ မသုံးတာ ကြာလာရင် အကုန်ကို မေ့ကုန် တာပါပဲ။ ဒါဒီမြန်မာလိုမှ မဟုတ်ပါဘူး။ ဆေးပညာမှာဆို အဆိုးဆုံးပေါ့ နော။ 


စာမေးခံရရင် .. “အဲခဏလောက်နေပါဦး၊ သိပါတယ် ဆရာရယ် နဲနဲလောက် စဉ်းစားပါရစေဦး” ပြောတိုင်း ဆရာက “ခိုင် ညည်းရဲ. မှတ်ထားတာတွေ က ဟိုး ဦဏှောက် ရဲ. အောက်ဆုံး အလွှာကို ရောက်နေတာလား နှိုက်မရ ဖြစ်နေပြီ” လို. အင်္ဂလိပ်လို မကြာခဏ အဆူကို ခံရတာပါ။



ကဲငယ်ငယ်လေးထဲ ကရည်ရွယ်တဲ. ကြီးလာရင်စာတွေရေးမယ် .. ဆိုတဲ. .. အိမ်မက်ကလေး ဘယ်အထိရောက်မလဲဆိုတာ ..တော့ အချိန်ကပဲ အဖြေပေးနိုင်ပါတော့မယ်။ အခက်ဆုံးဆိုတဲ့ ပထမဆုံး ခြေလှမ်းကတော့ စမိပြီမို. အဆုံးထိရောက်အောင် ကျိုးစား လျှောက်ရပါတော့မယ်။