Menu bar

13 December 2013

လောဘတွေ

တနေ.ကမှ အမျိုးသမီး ဘောလုံး ယူရိုပီယန် ချန်ပီယန်ပွဲမှာ ဆရာဝန် အနေနဲ. တာဝန်ကျလို. အလုပ်ပြီး အိမ်ပြန်လာပါတယ်။ Tournament ကြီး တခုလုံးပြီးတော့ အိမ်ပြန်ကြဖို. ပစ္စည်းတွေ သိမ်းကြရပါတယ်။ အဲဒီတော့ ပိုနေတဲ့ အဝတ်တွေ ဘောလုံး၊ ကော်ဇော၊ အစရှိတဲ့ ပစ္စည်းတွေမှ သောင်းခြောက်ထောင်ပါ။ အဲဒီတော့ ကျမတို.လို ဝန်ထမ်းတာဝန် ထမ်းဆောင်ခဲတဲ့ သူတွေက လိုချင်တာတွေ ခွဲယူပြီး မလိုအပ်တာတွေကို လှူဖို.အတွက်ပေးလိုက်ပါတယ်။ 

လူ.တယောက်ရဲ. လောဘ ပြောပါတယ်။ ကျမမှာ ပစ္စည်းအပိုတွေ ကြည့်ပြီး ဟိုဟာ လိုချင်။ ဒီဟာ လိုချင်။ ဟိုပစ္စည်း ပြေးဆွဲလိုက် ဒီဟာ ပြေးထဲ့လိုက်နဲ.ဆိုတာ။ ပြီးရင် ဒီပစ္စည်း အများစုဟာ အိမ်မှာ အသုံးလိုမှာလဲ မဟုတ်။ အရင့် အရင်က အားကစား ပွဲက ရထားတဲ့ ပစ္စည်းတွေနဲ.တင် အိမ်းမှာ အတော် ပြည့်ကျပ် ရှုပ်ထွေးနေပြီ။ 

ကိုယ့်ရဲ.လောဘတွေ ကိုယ်သတိထားမိတော့ ဘုရား ဟော တရားအတိုင်း သတိလေးဝင်ကြည့်ပြီး “ဒီ လောဘတွေ များလိုက်တာ နော်။ လျှော့မှ။ ကိုယ့်မှာလိုတာလဲ မဟုတ်။ လောဘသတ်မှ” ဆိုပြီး သတိနဲ. ကိုယ့် လောဘ လျှော့ဖို.ကျိုးစားပေမယ့်လဲ့ မအောင်မြင်။ တွေ.သမျှ အားလုံး ဒါလေး တခုတော့ ယူပါဦးမယ်။ ဟိုဟာလေးတော့ တခုထဲပါ၊ ထည့်လိုက်ဦးမယ် ဆိုပြီး ယူလာလိုက်တာ။ အိမ်အပြန်လမ်းမှာ ကားနောက်ခန်း နဲ. နောက်ဖုံး အပြည့်အလျှံပါ။

အပြန်လမ်းမှာ ကားမောင်းရင်းနဲ. တွေ.လာမိတယ်။ လူ.ရဲ. စိတ်ဟာ ဘယ်လောက် ထိန်းချုပ်ရ ခက်တယ်ဆိုတာ။ မကောင်းတာလဲ သိနေပေမယ့် မထိန်းချုပ်နိုင်၊ ထိန်းချုပ်ဖို. ခက်ခဲတာကို ပြောတာပါ။ အကျင့်ဆိုးဆိုတာ ရပြီးရင် ဘယ်လောက် ဖြတ်ရခက်တာ။ 

အဲဒီတော့ အကောင်းဆုံးကတော့ ဘာအကျင့်ဆိုးမှ ကိုယ်မှာ မစွဲကပ်အောင် ကျိုးစားနေရဦးမယ်လို. တွေးမိတော့တာပါဘဲ။ အခုတော့ ယောက်ျားရဲ အိမ်ရှုပ်လိုက်တာ ဆိုတဲ့ ပူပူညံညံ အသံတွေကို သည်းခံ ပြီး ပစ္စည်းတွေ သိမ်းလိုက်ပါဦးမယ်လို.ပါ။