Menu bar

19 June 2013

ပိန်ဖို. အစားအသောက်

ဒီရက်ပိုင်း ပိန်ချင်တဲ့ လူနာတွေ တွေ.ရတာ များလွန်းပါတယ်။ ပိန်ချင်လို. ဘယ်လို စားသောက် နေထိုင်ရမယ်ဆိုတာ ခဏ ခဏ အမေးခံနေရပါတယ်။ မကြာခဏလဲ Diet လုပ်တယ် အလေးချိန် ကျတာ ကြာကြာ ထိန်းထားလို.မရဘူးလို ဆိုလာတဲ့ လူတွေ အကြံပေးဖြစ်တာကတော့ 

၁။ တနေ. ရေ ၂လီတာ သောက်ပါ
၂။ gas ပါတဲ့ Carbonated/ Fizzy Drinks (Coke, Diet coke) ဆိုတာတွေ ဟာ လူကို ဝစေပါတယ်။ 
၃။ အရက် မသောက်ပါနဲ.  ... ကယ်လိုရီတွေ သိပ်များတာလေ။
၎။ ကော်ဖီ တနေ. ၃ခွက်ထက် မပိုပါနှင့်။ 

လူတွေ အထင်မှားကြတာက အဆီစားမှ ဝတယ်တဲ့။ အမှန်က ကစီဓါတ်က ပိုဆိုးတာပါ။ ပိုတဲ့ ဂလူးကို.စ် နဲ. အဆီ (free fatty acid)နဲ. ပေါင်းမှ အဆီဆိုတာ ဖြစ်တာကိုး။ လှုပ်ရှားသွားလာမှု အတွက် အင်နာဂျီကလဲ အဓိက ဒီ ကစီဓါတ်ကပဲလာတာ။ အဲဒီတော့ ပိန်ချင်ရင် အဓိက က ကစီဓါတ်လျှော့စား။ တကယ် အလေးချိန်လျှော့ဖို. လိုအပ်နေတယ်ဆိုရင် ကစီဓါတ် (ထမင်း၊ ပေါင်မုန်. အာလူး pasta ဆိုတာတွေ) လုံးဝမစားပဲ တပတ်လောက်သာနေကြည့်

အသားများများစား (White meat လို.ခေါ်တဲ့ ငါး၊ ကြက်သား ဆိုတာတွေက red meat အမဲသားလို ဟာမျိုးထက် ပိုကောင်းပါတယ်)

အရွက်တွေက Fiber ပါတော့ ဗိုက်ပြည့်စေတယ်။ ကယ်လိုရီ နဲတယ်။ ဗိုက်တာမင်တွေ အများကြီးပါတယ်။ စားနိုင်သလောက် အများကြီးကို စားသင့်ပါတယ်။

အသီးအနှံတွေက ကျန်းမာရေး အတွက် ကောင်းပေမယ့်၊ ဗိုက်တာမင်တွေ အများကြီးပါပေမယ့် သကြားဓါတ်တွေလဲ အများကြီးပါကြောင်း သိထားသင့်ပါတယ်။ သကြားဆိုမှတော့ ကယ်လိုရီတွေပေါ့။

ဆီကျော်စာတွေကတော့ ပြောစရာမလို လျှော့ရမှာပေါ့နော။

နွားနို.က ကယ်လ်စီယံပါတယ်။ အရိုး အတွက်ကောင်းတယ်။ ဒါပေမယ့် သူက အဆီတွေလဲ များတော့ ဒီမှာတော့ အဆီထုပ်ထားတဲ့ နို.ကိုသောက်ရပါတယ်။ နို.ထွက်ပစ္စည်းများ ဖြစ်တဲ့ ရေခဲမုန်. အဆီများတဲ့ ဒိန်ချဉ် cream  တို. ဆိုတာတွေကိုလဲ ရှောင်သင့်ပါတယ်။

ဘီစကွတ်၊ ကွတ်ကီး၊ ကိတ်မုန်.ဆိုတဲ့ မုန်. အများစုဟာ ထောပတ်နဲ. သကြားတွေချည်းပဲဆိုတာလဲ သိသင့်ပါတယ်။ ကွတ်ကီး တချပ်စားလိုက်တဲ့ ကယ်လိုရီဟာ ၁၀မိနစ် မြန်မြန် ပြေးဖို. ကောင်းကောင်း လုံလောက်နိုင်တယ်တဲ့။ ဖြစ်နိုင်ရင် အစား ၃နှပ် မှန်အောင်စားပြီး ကြားထဲ သွားရည်စာ မစားတာ အကောင်းဆုံးပါ။ 

ကဲ ဘာမှလဲ အထူးတလည် မကြားဖူး မသိဖူးတာ ထူးဆန်းတာတွေ ကျမရေးထားတာ မဟုတ်။ ဒီက ကျမ လူနာများ တချိန်လုံး ကယ်လိုရီ အရေအတွက် တွက်ပြီး အလေးချိန်ချလို. မအောင်မြင်သူများ အတွက် ကျမ အကြံပေးနေကျ စကားလေးတွေပါ။ ဒါလေးတွေကို လိုက်နာလိုက်ရင် အလေးချိန် ကျမကျ တော့ ကျမ မသိ။ ကျန်းမာရေးအတွက် ပို ကောင်းသွားမှာကတော့ အမှန်။