တနေ.ကပေါ့ ကျမလုပ်တဲ့ ဆေးရုံမှာ ဘီးတပ်ကုလားထိုင်လေးတွေ သွားကြည့်မိတယ်။ အားကစားမှာလဲ မသန်စွမ်းသူများက ဘီးတပ်ကုလားထိုင်နဲ. ကစားနည်းမျိုးစုံ ကစားတာရှိတော့ သူတို. သုံးတဲ့ ကုလားထိုင်တွေ ကျမလဲ နားလည်ထားအောင် သွားလေ့လာတဲ့ သဘောပါ။ အဲဒီမှာ သဘောကောင်းတဲ့ ဆရာကြီးတယောက်က ဒါဆိုလဲ ဘီးတပ်ကုလားထိုင် တခုလောက် ယူပြီး ဆေးရုံဘေးပတ်ဝန်းကျင် လျှောက်မောင်းကြည့်ပါလားတဲ့။ အဲဒီတော့ ကျမ တွေးမိတာ ဘီးတပ် လက်တွန်းလှဲ ဆိုရင်တော့ ကျမ လက်မောင်းက အဲလောက် သန်တာမဟုတ်။ ပင်ပန်းရော့မယ်။ လျှပ်စစ်နဲ. လုပ်တဲ့ ကုလားထိုင်လေးတွေ ဆိုရင်တော့ လက်ညှိုး လက်မ ၂ ချောင်းထဲနဲ. မောင်းလိုရတော့ စမ်းကြည့်တာပေါ့ ဆိုပြီး ကျမနဲ. အသိ လုပ်ဖေါ်ကိုင်ဖက် ကောင်မလေးတယောက်နဲ. အတူ ဆေးရုံ အပြင်ဘက်ကို လျှပ်စစ် ဘီးတပ် ကုလားထိုင် တယောက်တလုံးနဲ. ထွက်ဖြစ်ခဲ့ ကြပါတယ်။
စမောင်းခါစဆိုတော့ ဟိုယိုင်ယိုင် ဒီယိုင်ယိုင်၊ ဟိုတိုးလိုက် ဒီတိုးလိုက်။ လမ်းမှာတွေ.တဲ့ လမ်းသွားလမ်းလာတွေတော့ ကျမတို.ကို ကြည့်ပြီး မသန်မစွန်းသူ ကောင်မလေးတွေ တကယ်ထင်ပြီး တချို.လဲ သနားတဲ့ မျက်လုံးလေးတွေနဲ.။ တချို.လဲ သေသေချာချာ လမ်းဖယ်ပေးကြ။ တချို.ကလဲ အားပေးတဲ့ အပြုံးလေးတွေ ပြုံးပြသွားသေး။ တချို.ကတော့ ကျမတို.လမ်းကျဉ်းလေးကို မရမက ဖြတ်နေတော့ ဘာကူပေးရမလဲ အဆင်ပြေရဲ.လား ဆိုပြီး ဖေါ်ရွှေတဲ့ အပြုံးတွေနဲ. လာကူပေးကြ ပြန်ပါတယ်။ လမ်းကူးတော့လဲ ကားတွေက ကျမတို. လမ်းဖြတ်ပြီးတဲ့ အထိ စိတ်ရှည်လက်ရှည်နဲ. စောင့်ပေးကြပါတယ်။ တချို.ဆို လက်တောင် ပြသွားလိုက်သေး။
ကျမတော့ စိတ်ထဲ တမျိုးချည်း ဖြစ်မိတာ အမှန်။ ဘယ်လို ပြန်ပြောရမယ် မပြောတတ်။ တခါတလေ လမ်းဖြတ်ကူးရမယ်ဆိုရင် စိတ်ထဲ ကြောက်တာ စိုးရိမ်တာမျိုး ဖြစ်မိသလို၊ လမ်းက မညီညာ အဖုအထစ်တွေ များနေရင် ငါဖြတ်လိုရပါ့မလား ပူပန်မိတာလဲ မကြာခဏပါ။ ဘေးကလူတွေရဲ. ဂရုဏာ အပြုံးတွေကို ကြည့်ပြီးတော့လဲ တကယ် မသန်းစွမ်းသူတွေ ဘယ်လိုများ ခံစားရမလဲ တွေးမိတာ အမှန်။
ဒီမှာ ဒုက္ခတွေ.စရာက ပေါ်လာသေး။ ကျမရဲ. ဘီးတပ်ကုလားထိုင် ဘီးက မြေနိမ့်ထဲ ကျွန်ကျပြီး ပြန်ရုန်းလို မရတော့။ ကားဘီး နွံနှစ်သလို ဘီးက တဝှီဝှီလယ်ပြီး ကုလားထိုင်က မရွေ.။ ကျမလဲ ဘာလုပ်ရမှန်းမသိ။ အဲဒီအချိန်မှ ခပ်တည်တည်နဲ. ဘီးတပ်ကုလားထိုင်ပေါ်က ထပြီး ကုလားထိုင်မရွှေ.ရင်လဲ ဘေးကလူတွေ၊ စောစောက ဂရုဏာ အပြုံးနဲ.လူတွေ၊ တွေ.သွားရင် ကျမကို ဒုက္ခသည် ယောင်ဆောင်သူဆိုပြီး ကလော်ဆဲတော့မယ်။ ထမရ ပြုမရ၊ ဘီးကလဲ မရွေ. ကျမ တော်တော် ချွေးပြန်သွားခဲ့ရပါတယ်။ တော်ပါသေးတယ်။ လမ်းဟို တဘက်ချမ်းက လူတယောက်က လာပြီး တွန်းမပြီး လမ်းပေါ်ပြန်တင်ပေးလို. ပြန်ဆက်သွားလို.ရသွားပါတယ်။ တကယ် မသန်စွမ်းသူသာဆိုရင် ဘယ်လောက်တောင်များ စိုးရိမ် ကြောက်စိတ်ဝင်သွားမလဲနော်။
အဲဒီလိုနဲ. ၁နာရီနီးနီး ကျမတို ၂ယောက် တွေ.ရာ လမ်းလျှောက်မောင်းပြီး ဆေးရုံထဲ အဆင်ပြေစွာ ပြန်ရောက်လာပါတယ်။ ကဲ ဘာ အထစ်အငေါ့မှ မရှိ။ လူကလဲ ဘီးတပ်ကုလားထိုင်ပေါ်မှာ နဲနဲ ရဲလာပြီ။ အားလုံးလဲ ပြီးပြီဆိုတဲ့ စိတ်နဲ. ဆေးရုံ ရှေ.တဲ့တဲ့ ပလက်ဖေါင်းပေါ် ကျမ အရှိန်နဲ. တက်လိုက်တာ ပလက်ဖေါင်းက နဲနဲ မြင့်ပြီး အဖုဖြစ်နေတော့ ကုလားထိုင်က ဝုန်းကနဲ ဆောင့်ခုန်လိုက်တာ ကျမလဲ အုန်းကနဲ ကုလားထိုင်ပေါ်က မြောက်တက်ပြီး လမ်းမပေါ် ဖင်နဲ ပြုတ်ကျပါရော။ ဆေးရုံရှေ.တဲ့တဲ့ လူနာတင်ယဉ်တွေ ရပ်ထားတဲ့နေရာ။ Paramedics လို.ခေါ်တဲ့ ရှေးဦးပြု ကုသတဲ့ သူတွေရဲ. ရှေ.တဲ့တဲ့ကို ပြုတ်ကျတာ။ သူတို.က ကျမကို သိနေပြီးသား သူတွေဆိုတော့ တကယ် မသန်စွမ်းသူ မဟုတ်မှန်း သိနေတော့ ရယ်ချင်တဲ့ မျက်နှာတွေနဲ. တခွိခွိ လုပ်ပြီး .. “အဆင်ပြေရဲ.လား၊ ဘယ်နားနာသွားလဲ” လာမေးကြ လာထူပေးကြပါရော။ ကျမလဲ အရှက်ပြေ ရယ်ကျဲကျဲ နဲ. .. “ဟဲဟဲ နာပါဘူး ရပါတယ် ရပါတယ်” ဆိုပြီး .... ကျမရဲ. တနေ.တာ စွန်.စားခန်းလေး ပြီးစီးသွားခဲ့ရပါတယ်။