Menu bar

20 August 2013

ဆေးရုံသစ်မှ အထင်မှားမှု တခု

ဒီနေ. ဆေးရုံ အသစ်မှာ အလုပ်အသစ် စပါတယ်။ ကျမရဲ. အလုပ် အတွက် အတွေ.အကြုံယူဖို. "Spinal Surgery" လို.ခေါ်တဲ့ ခါးနောက်မှာ ရှိတဲ့ အာရုံကြော ခွဲစိတ်တဲ့ ဋ္ဌာနမှာ ၂ပတ် သွားရမှာပါ။ ဆေးရုံက တကယ့် Tertiary Specialist Centre ကိုသွားရတာဆိုတော့ ကျမအိမ်နဲ. မိုင် ၇၀ လောက် ဝေးပါတယ်။ ကားမောင်းသွားတော့ အသွား ၁နာရီခွဲ အပြန် ၁နာရီခွဲ ကြာပါတယ်။ 

ဒီနေ. ပထမဆုံး အလုပ်စတဲ့နေ.ဆိုတော့ အားလုံး တွေ.သမျှ လူအသစ်၊ နေရာ အသစ်။ ရောက်ရောက်ခြင်း Consultant ကိုသွားနှုတ်ဆက်။ သူက မနက်ခင်း ဆေးရုံဆောင် Inpatients မှာ ခဏကြည့်ထားတဲ့။ အဲဒါနဲ. ဆေးရုံ အဆောင်ထဲကိုသွား။ လူနာ တွေ review လုပ်။ အဲဒီအချိန်မှာ ဆေးရုံဆောင်ထဲကို အသက် ၅၀လောက်ရှိမယ့် သားသားနားနား ရှပ်အင်္ကျံ အဖြူနဲ. လယ်ပင်း နက်တိုင်နဲ. လူတယောက်၊ သူနောက်မှာ ခက်ရွယ်ရွယ် လူတယောက်နဲ. အသက် ၂၀လောက်ရှိတဲ့ လူငယ်လေး တယောက် နောက်က လျှောက်လိုက်လာပါတယ်။ ကြည့်လိုက်တော့ ကျမ စိတ်ထဲ မြင်မိတာက တကယ့် ခွဲစိတ်ဆရာဝန်ကြီးနဲ. နောက်လိုက် ၂ယောက် လမ်းလျှောက်ဝင်လာတဲ့ စတိုင်။ (အင်္ဂလန်မှာ ဆရာဝန်တွေ White coat မဝတ်ပါ။ ဆရာဝန် အများစုက ရှပ်အင်္ကျီလက်ခေါက်နဲ.။ တချို.က Necktie ပါ ဝတ်ကြပါတယ်။ ဆေးပညာက ဆရာဝန်တွေကတော့ Stethoscope ကို လည်ပင်းဆွဲ၊ ခွဲစိတ်ဆရာဝန် အများစုက Clinic ထိုင်ရင် Suit နဲ. ဝတ်တတ်ကြပါတယ်)

အဲကျမစိတ်ထဲ ထင်လိုက်တာက Consultant wardround လာတယ်၊ Ward ထဲမှာ သူတို. ၃ယောက်သား ဘာကိုမှန်း မသိ အလိုမကျ ဖြစ်နေပုံရတာနဲ. ကျမလဲ ဘေးမှာ သူနာပြုတွေနဲ. မေးတာ စမ်းတာ မလုပ်မိပဲ၊ လျှာရှည်ပြီး သွားကူညီ လိုက်ဦးမယ်ဆိုပြီး ခပ်တည်တည်နဲ. လမ်းလျှောက်သွားပြီးတော့ ကျမကိုယ်ကျမ ခပ်တည်တည်နဲ. မိတ်ဆက်ပြစ်လိုက်တာ 
“ဟဲလို ကျမနာမည်က .. .. ဘယ်မှာလုပ်ပါတယ် .... ဘယ် Year ရောက်ပါပြီ။ အခု Spinal ကို ၂ပတ် လုပ်ငန်းခွင် လာသင်ယူတဲ့ သဘောပါ။ အခု ဒီ Ward ထဲ မှာပါ။ လူနာတွေနဲ. လျှောက်ကြည့်နေတာပါ ........” တောက်လျှောက် တော်တော် ပြောချ မိတ်ဆက်ပစ်လိုက်ပါတယ်။ 

အဲဒီတော့ အဲဒီ ကျမ Consultant Surgeon လို.ထင်တဲ. သူက ကျမကို အူကြောင်ကြောင်နဲ. ပြန်ကြည့်ပြီး ခေါင်းတချက် ငြိမ့်ပြပါတယ်။ သူနာမည်လဲ မပြော ပြန်လဲ မိတ်မဆက်။ ကျမထင်တာက ထုံးစံအတိုင်း Surgeon ပီပီ ရိုင်းပြန်ပြီလို.ထင်လိုက်တာ။ 

ဒါနဲ. ကျမလဲ ”သြ နင်က Consultant Spinal Surgeon တယောက်လား” မေးလိုက်တော့မှ သူက သဘောပေါက်သွားပုံနဲ. ပြုံးဖြီးဖြီးလုပ်ပြီး “ဟုတ်ဘူး ငါတို.က ဒီဆေးရုံရဲ. Porter တွေ” တဲ့။ မှတ်ကရော ....။ 

ဆေးရုံတွေမှာ ပစ္စည်းသယ်ပို. လူနာကုတင်တွန်း လူနာတွေကို ဓါတ်မှန် ခွဲခန်း အစရှိသဖြင့် ပိုပေးတဲ့ အောက်ခြေသိမ်း အလုပ်တွေ တော်တော် များများလုပ်တဲ့ Porter တွေဆိုတာ အများကြီး ရှိတာလေ။ ဒီ အဖွဲ.လောက် သားသားနားနား ဝတ်ဆင်တာတော့ အရင်က ကျမ မမြင်ဘူး။ ကျမ အထင်မှားလဲ မှားစရာပေါ့နော်။

အဲဒီ ကျမလဲ အရှက်ပြည် ရယ်ကျဲလေးနဲ. အလာပ သလာပ ပြောပြီး ပြန်ထွက်လာခဲ့ရပါတော့တယ်။