Menu bar

1 May 2013

National Anthems



God Save the Queen


ငယ်ငယ်ကဆို ကျောင်းမှာ နေ.စဉ် မနက် မနက် ဆို သြကာသရွတ်၊ ညနေ ကျောင်းမဆင်းမှီ နိုင်ငံတော် သီချင်းဆိုခဲ့ရတာ အမှတ်ရမိပါတယ်။ အဲဒီတုန်းကတော့ ဘာရယ် တန်ဖိုးမထားပေမယ့် အခုတော့ အဲဒီ စနစ် စည်းကမ်းကြောင့်သာ ကျမတို. အားလုံး သြကာသရွတ်တတ် ကမ္ဘာမကျေ ဆိုတတ်တာမို. ကျေးဇူးတင်ရပြန်ပါတယ်။ 

အခုရက်ပိုင်း မကြာခဏ အားကစားပွဲတွေ သွားရလွန်းတော့ တချို.ပွဲတွေမှာဆို နိုင်ငံတော် သီချင်း ဆိုရပါတယ်။ ကျမကတော့ ဒီနိုင်ငံရဲ.သီချင်း ဘယ်လိုက်ဆိုနိုင်မှာလဲ။ ခုထိတော့ ကမ္ဘာမကျေကလွဲလို.လဲ သူတို. သီချင်းကို လိုက်မဆိုချင်ဘူးလေ။ အဲ ကျမတယောက်ထဲ အားကျိုးမာန်တက် နိုင်ငံတော် သီချင်းလိုက်မဆိုနိင်တာလား ဆိုတော့လဲ မဟုတ်ပြန်ဘူး။ ခက်တာက ဒီနိုင်ငံက လူတော်တော်များများကတောင် သူတို.နိုင်ငံရဲ. နိုင်ငံတော်သီချင်းကို စာသားတွေ မရကြဘူးတဲ့။ ကဲ မခက်ပေဘူးလား။ ကျမတော့ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်တခုလို. မြင်မိပါတယ်။
ကျမတို. နိုင်ငံမှာတော့ မေးကြည့်လိုက်။ ကိုယ့်နို်င်ငံတော် သီချင်း မရတဲ့သူ မရှိဘူး။ မျိုးချစ်စိတ်ဓါတ် ပြင်းထန်လွန်းလို.ရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ သီချင်း လူတိုင်း သိသင့်ရသင့်တယ်လို. ကျမတော့ ထင်တာပါပဲ။ တခါပဲ မှတ်မှတ်ရရ၊ မျိုးလှိုင်ဝင်းတို. အရှေ့တောင် အာရှ ဘောလုံးပွဲမှာ ဝင်ပြိုင်တာ တီဗွီကနေ အသားကုန် အားပေးရတုန်းက ပွဲမစခင် သူတို.တွေ ကမ္ဘာမကျေဆိုတော့ မျိုးချစ်စိတ်တွေ တဟုန်းဟုန်း ထတောက်ဖူးတာတော့ မှတ်မိပါတယ်။  ကဲ အခုလို အချိန်မှာ နိုင်ငံကိုယ်စားပြု အားကစား သမားများ ကိုယ့်နိုင်ငံတော် သီချင်းကို လိုက်မဆိုနိုင်ရင် ရှက်ဖို.မကောင်းပေဘူးလား။ အဲအဲ အင်္ဂလန်မှာတော့ ဒါဟာ အဆန်း မဟုတ်ဘူးခင်ဗျ။ ကျမနဲ. သိတဲ့ နိုင်ငံကိုယ်စားပြု အကျော်အမော် အားကစားသမား အများစုကတော့ နိုင်ငံတော်သီချင်း စာသားမရကြသလို၊ မရကြောင်းလဲ ပေါ်တင် ပြောတာပါဘဲ။ 

ခက်တာက နိုင်ငံတော်သီချင်းကလဲ မကြာခဏ ပြောင်းတတ်သေးတာကိုး။  God Save the Queen ကတော့ The Great Britain ရဲ. အများဆုံး သုံးတဲ့ နိုင်ငံတော်သီချင်းပေါ့။ ဒါပေမယ့် Jarusalem ဒါမှမဟုတ် Land of Hope and Glory ဆိုတာနဲ. တချို. သီချင်း (ကျမနာမည်တွေ မသိပါ) တွေကိုလဲ နိုင်ငံတော် သီချင်း အဖြစ်နဲ. သုံးကြပြန်ပါသေးတယ်။ 

မှတ်မိပါသေးတယ်။ ပြီးခဲ့တဲ့ Common Wealth Games မှာတုန်းက အင်္ဂလန်အနေနဲ. နိုင်ငံတော်သီချင်း မရှိဘူး ဖြစ်နေလို.လေ။ God Save the Queen ကိုလဲ မသုံးသင့်ပြန်ဘူး။ ဒါက UK (OR) Great Britain နိုင်ငံကြီး တခုလုံးရဲ့. သီချင်း။ Common Wealth Games ဆိုတာ အင်္ဂလန်၊ စကော့တလန်၊ Wales (ဝေလ)၊ အိုင်ယာလန် တို.ဆိုပြီး နိုင်ငံသပ်သပ်စီ အနေနဲ. ယှဉ်ပြိုင်တာကြတာလေ။ Great Britain (OR) United Kingdom ဆိုတာ မရှိတော့ဘူး။ နောက်ဆုံး ဟိုသီချင်း သုံးရမလို၊ ဒီသီချင်းသုံးရမလိုနဲ. Jarusalem ကို ဆုံးဖြတ် ရွေးခြယ် လိုက်ကြပါတယ်။ အဟဲ အင်္ဂလိပ် အားကစားသမားများ ပထမဆုရတော့ နိုင်ငံတော်သီချင်း ဖွင့်ပေး နိုင်ငံတော် အလံ တင်ပေးရတယ်ဟုတ်။ အားကစားများကတော့ အပြုံးလေးတွေနဲ.ပဲပေါ့ ... ငါ့နိုင်ငံ ငါကိုယ်စားပြုပြီး ဒီတံဆိပ်ကို ငါရပြီဆိုတဲ့ မျိုးချစ်စိတ်ဓါတ်တော့ ဝင်မယ် ကျမ မထင်။

အခုလောလောဆယ် ဘုရင်မကြီး အုပ်ချုပ်နေတော့ Gad Save the Queen ကို နိင်ငံတော် သီချင်းအဖြစ်သုံးတာ ထားပါတော့။ ဘုရင်မကြီးလဲ အသက်ကြီးပြီ။ သူမရှိတော့ရင် ဘယ်သီချင်းကိုများ သုံးမလဲ ကျမ တွေးတောရင် ဒီစာ ဒီမှာ ချုပ်လိုက်ပါပြီ (နိဂုံး)။


Jarusalem



Land of Hope and Glory