Menu bar

6 May 2013

english usages

ကျမတို. ဒီအင်္ဂလန်မှာ နေတာလာ ရ-နှစ်ခွဲရှိပါပြီ။ ဒါပေမယ့် အင်္ဂလိပ်စကားကတော့ သင်လို.မဆုံးနိုင်စရာ၊ အခုထိ လေ့လာစရာ မှတ်သားစရာတွေ အများအပြား ရှိနေဆဲပါ။ ဆေးပညာနဲ. ပက်သက်ပြီး ပြောရတာ ရှင်းပြရတာ မခက်ပေမဲ့ တခါတလေ ဟိုအကြောင်း ဒီအကြောင်း လေပေါချင်ရင်တော့ အင်္ဂလိပ်စကားရှာမရ ဘာသာပြန်မရ အခက်တွေ.တာ ဖြစ်တတ်တုန်းပါ။ 

ဒီတပါတ် စနေ တနင်္ဂနွေ တနလာင်္ ၃ရက် ပိတ်ရက်ရပါတယ်။ နေကလဲသာ၊ ရာသီဥတုကကောင်းတော့ သူငယ်ချင်းတွေ နေရာ အရပ်ရပ်က လာလည်ကြပါတယ်။ အရမ်းခင်တဲ့ အင်္ဂလိပ် သူငယ်ချင်း ၂ယောက်ပါ အပါအဝင်ပေါ့။ သူတို.နဲ. ပန်းခြံထဲ လမ်းလျှောက်လို. ဒီလိုပဲ အလာပ သလာပ စကားတွေ ပြောရင်း မြွေတွေအကြောင်း ရောက်သွားပါတယ်။ 

အင်္ဂလန်မှာတော့ မြွေမရှိကြောင်း၊ ကျမတို. ငယ်စဉ်က ကွမ်းခြံကုန်းမှာ နေတုန်းက အိမ်နားမှာ မြွေကြီး အကြီးကြီးတကောင် ရှိကြောင်းနဲ. သူထွက်လာရင် ကျမတို. ဘယ်လို ခြောက်တော့မှ မြွေက ထွက်ပြေးသွားကြောင်း (Snake ran away) ကျမက ဆရာမကြီး လူတတ်မကြီး လုပ်ပြီး ပြောပြပါမိပါတယ်။ အဲဒီစကား ကြားတော့ ကျမသူငယ်ချင်း ဘိုနှစ်ယောက်မှာ ရယ်လိုက်ကြတာဆိုတာ။ နောက်တော့မှ သူတို.ပြန်ရှင်းပြတာက မြွေမှာ ခြေထောက်မရှိတော့ မပြေးနိုင်ကြောင်း။ ဒီအတွက် Run ဆိုတာ မသုံးရကြောင်း။ Snakes can not run, they slither and slide တဲ့။ ဟုတ်ပါ့။ ပြန်တွေးမှ အဲဒီတော့လဲ မှန်သား။ မြန်မာလိုတော့ မြွေထွက်ပြေးသွားတယ်ပဲ ပြောတာကိုး။ 

ဒီတပါတ် စနေ တနင်္ဂနွေရဲ့ မှတ်သားမိတဲ့ သင်္ခန်းစာ တခုပါ။