Menu bar

20 February 2013

Oscar Pistorius - Highs and Lows, good and bad

အော်စကာ ပစ်စ်တိုးရိယပ်စ် ဆိုတဲ့ နာမည်ဟာ အားကစားတွေ အကြောင်းစိတ်ဝင်စားတဲ့ သူများ အများစု ကြားဖူးပြီးသား ဖြစ်နိုင်လောက်ပါမယ်။ ဒါမှမဟုတ် သတင်းဖတ်တဲ့ လူများ သူ.ရဲ့ လောလောလတ်လတ် မော်ဒယ်ရည်းစားကို သေနတ်နဲ. ပစ်သတ်တဲ့ သတင်းကို တွေ.မိဖတ်မိကောင်း ဖတ်မိပါလိမ့်မယ်။ သူဟာ ကျမရဲ့ အရင်က အားကစားသမားတွေ ထဲမှ ချီးကျူးအားကျခဲ့ရတဲ့ အားကစားသမား တယောက်လဲ ဖြစ်ခဲ့ပါတယ်။ ဟိုးအရင်ထဲက ကျမ အချိန်ရရင် သူ. အကြောင်းရေးဦးမယ် ဆိုပြီး အားခဲထားတာပါ။

သူဟာ တောင်အာဖရိကနိုင်ငံမှ ခြေနှစ်ဖက်လုံး ဖြတ်ထားပြီး အိုလန်ပစ်ရော၊ မသန်စွမ်းသူတွေပဲ ပြိုင်တဲ့ ပါရာအိုလန်ပစ်ရောမှာပါ ဝင်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ကိုင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အခု အမြန်ဆုံး ဆိုတဲ့ world record ကို ကိုင်ထားသူလဲ ဖြစ်ပါတယ်။ သူ.ကို သူရဲ့ ခြေတုကြောင့် လူအများ၊ သတင်းစာတွေထဲမှာ Blade Runner လို.လဲ အသိများကြပါတယ်။

သူဟာ မွေးတုန်းက ခြေနှစ်ဖက်လုံးမှာ fibula လိုခေါ်တဲ့ အရိုးမပါဘဲ မွေးလာတဲ့ သူပါ။ အသက် ၁၁လသားအရွယ်မှာ ခြေနှစ်ဘက်လုံး ဒူခေါင်းအောက်ကနေ ဖြတ်လိုက်ရပါတယ်။ ငယ်စဉ်ကထဲက ခြေထောက်မရှိပေမယ့် ဘဝကို အရှုံးမပေး ခြေတုနဲ. အားကစားပေါင်း မြောက်များစွာမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ဥပမာ အမေရိကန် ဘောလုံး (Rugby)၊ တင်းနစ်စ်၊ water polo နပန်းလုံး အစုံပါပဲ။ သူအသက် ၁၇နှစ်မှာ တာတို ပြေးတာ စလေ့ကျင့် ယှဉ်ပြိုင်ခဲပြီး၊ ၂၀၀၄ ပါရာအိုလန်ပစ်မှာ မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ကို ရခဲ့ပါတယ်။ 


အဲဒီမှာ နဲနဲပြောရမှာက သူ.ရဲ့ ခြေတု အကြောင်းပါ။ ကမ္ဘာပေါ်မှာ ခြေတုတွေစသုံးတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ထဲကလို. ဆိုထားပါတယ်။ အီဂျစ်လူမျိုးတွေရဲ့ ရာဇဝင်စာသားတွေမှ အတည်ပြုတွေ.ရှိထားတဲ့ သမိုင်းစာသားများမှလို. ဆိုပါတယ်။ သုံးတာကတော့ သံ၊ အုတ်၊ သစ်သား အစရှိသဖြင့် ရရာပေါ့နော်။ ၁၆ရာစုမှာတော့ ခြေတုတွေမှာ အဆစ်တွေ (ဥပမာ ခြေကျင်းဝတ်၊ ဒူးခေါင်းဆိုတာတွေ) ထဲ့ ပြီးလုပ်နိုင်လာတယ်၊ ပိုပြီး လှုပ်ရှားသွားလာရတာ လွယ်ကူလာတယ်။ ၂၁ ရာစုမှာတော့ ဒီထက်ကို ပိုခောတ်မှီတဲ့ ခြေတုတွေ၊ ပိုပေါ့ပေါ့ ပါးပါး လူရဲ့ ခြေထောက်နဲ. တူတဲ့ ခြေတုတွေ ပေါ်လာပါတယ်။ အခုနောက်ဆုံး ခေတ်အမှီဆုံး သုံးတာက Flexed Foot လို.ခေါ်တဲ့ ကာဘွန်ဖိုင်ဘာနဲ့ လုပ်ထားတဲ့ ခြေတုတွေပါ။ အလွန်အင်မတန် ပေါ့ပါးပြီး အသုံးပြုရတာ လွယ်ကူသက်သာပါတယ်။ Oscar Pistoris သုံးတဲ့ ကမ္ဘာကျော် လောလောဆယ် ကမ္ဘာ့အကောင်းဆုံး ခြေတုကတော့ "Cheetah" Flexed Foot လို ခေါ်ပါတယ်။  

ကျမတို.အနေနဲ. ဘာအားကစားလုပ်လုပ်၊ ဘယ်လို လှုပ်ရှားမှုကိုပဲ လုပ်လုပ် ကျမတို.ခန္တာကိုယ်ထဲမှာ အင်နာဂျီထုတ်သုံးရပါတယ်။ ဥပမာ ကားမောင်းရင် ကားရွှေ.အောင် Fuel ဓါတ်ဆီ ဒီဇယ်သုံးရတယ် မဟုတ်ပါလား။ ကားဝယ်ရင် ဒီကားက ဆီစား သက်သာလား ဆီကျိတ်တဲ့ ကားလားဆိုတာ ကျမတို. စုံစမ်းရပါတယ်။ ကျမတို ခန္တာကိုယ်မှာလဲ အားကစားလုပ်တဲ့ အခါ အင်နာဂျီကို ထုတ်သုံးရတဲ့အတွက် ဘယ်လိုမျိုး အင်နာဂျီကို သက်သာအောင်လုပ်ရမလဲ ဆိုတာတွေ ရှိပါတယ်။ အားကစား သမားတွေအတွက် ဆုတံစိတ်တွေ ရရှိအောင် မိမိရှိတဲ့ အင်နာဂျီနဲ. ဘယ်လို သက်သာပြီး အသုံးအတဲ့ဆုံး ဖြစ်အောင် မလိုအပ်တဲ့ ဓါတ်ပစ္စည်းတွေ (eg: Lactate) မထွက်အောင် သုံးရမယ် ဆိုတာတွေရှိပါတယ်။ ဒီ ဘေးထွက် ဓါတ်တွေက အားကစားသမားတွေရဲ့ စွမ်းဆောင်ရည် Performance ကို ထိခိုက်နိုင်ပါတယ်။ ဒါကို တနည်းပြောရရင်တော့ Running Economy လို.လဲ ခေါ်ပါတယ်။ 

Oscar အကြောင်းကို ပြန်ပြောမယ်ဆိုရင် သူဟာ ၂၀၀၄ ပါရာအိုလန်ပစ်မှာ ရွှေတံဆိပ် ရပြီးတဲ့နောက် ပိုပြီး လောဘကြီးလာတယ်။ မရပ်မနား မနေမနား လေ့ကျင့်မှုတွေ တရပ်စပ် လုပ်လာတယ်။ သူ.ရဲ့ အပြေးသန်တာ မြန်တာတွေဟာလဲ အလျင်အမြန်ကို တိုးတက်လာခဲ့ပါတယ်။ ဒီလို ပိုမြန်အောင် ပြေးနိုင်လာလေ၊ သူ.ရဲ. ရည်မှန်းချက်တွေဟာ ပိုကြီးလာလေပေါ့။ ဒီလိုနဲ ၂၀၀၈ ဘေကျင်းမှာ လုပ်တဲ့ အိုလန်ပစ်မှာ မသန်မစွမ်းသူများရဲ့ ပါရာအိုလန်ပစ် အပြင် ပုံမှန်သန်စွမ်းသူတွေပြိုင်တဲ့ အိုလန်ပစ်မှာပါ သူဝင်ပြိုင်မယ်လို. ကြေညာပါတယ်။ အဲဒီလို အိုလန်ပစ်ရော ပါရာအိုလန်ပစ်ရောမှာပါ ယှဉ်ပြိုင်ခဲ့တာ သူ.တယောက်ထဲမှ မဟုတ်ပါဘူး။ ၁၉၈၄ အိုလန်ပစ်မှာ အောက်ပိုင်းသေလို. လက်တွန်းကုလားထိုင်နဲ. သွားလာရတတဲ့ Neroli Fairhall ဟာ လေးပြစ်ပြိုင်ပွဲမှာ အိုလန်ပစ်ရော ပါရာအိုလန်ပစ်မှာပါ ဝင်ပြိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ ညာလက်မပါဘဲ မွေးလာတဲ့ Natalia Partyka ဟာ စားပွဲတင် တင်းနစ်စ်မှာ ဘေကျင်းမှာလုပ်တဲ့ အိုလန်ပစ်နဲ. ပါရာအိုလန်ပစ် နှစ်ခုလုံးမှာ ယှဉ်ပြိုင်ခဲ့တာပါ။ 

ဒါပေမယ့် အော်စကာအတွက်တော့ ပုံမှန် အားကစားသမားတွေ၊ သက်ဆိုင်ရာ လူတချို.တွေက စိုးရိမ်တာ တခုဖြစ်လာပါတယ်။ အော်စကာရဲ့ ခြေတုက အလွန်ပေါ့ပြီး သယ်ရလွယ်တော့ ပုံမှန် အပြေးသမားတွေထက် ပိုမြန်အောင် ပြေးနိုင်လိမ့်မယ်၊ သူ.ရဲ Running Economy ကလဲ ပုံမှန်လူတွေ ထက် ပိုကောင်းလိမ့်မယ်။ ပုံမှန်လူတွေလို ခြေထောက်က ကြွက်သား သိပ်မသုံးရတဲ့ အတွက်ကြောင့် အင်နာဂျီထုတ်ရင်း မလိုအပ်ဘဲ ထွက်လာတဲ့ Lactic acid ဆိုတာတွေကလဲ သူမှာနဲနေလိမ့်မယ်။ ဒီခြေထောက်တုတွေကြောင့် သူဟာ ပုံမှန်လူ.ခြေထောက်နဲ. ပြေးတဲ့ သူတွေထက် အများကြီး အကြောသာ တပန်းသာ ရနေတယ်ဆိုပြီး ကန်.ကွက်တာတွေ ထွက်လာပါတယ်။ သူ.ကို နည်းပညာသစ်တွေ သုံးပြီး ပုံမှန်လူတွေထက် အသားစီးက ဝင်ပြိုင်တယ်ဆိုပြီး စွပ်စွဲတာတွေလဲ ပေါ်လာပါတယ်။ တချို.ကလဲ အားကစားမှာ နည်းပညာကို အသုံးပြုပြီး 'Cheat' လုပ်တယ်ပြီး သူ.ကို ဝိုင်းအပြစ်တင် ဝိုင်းဝေဖန်ကြတယ်။ ဒီလိုနဲ. သူ.ကိစ္စဟာ လူအတော်တော်များများရဲ. စိတ်ဝင်စားမှုကို ရလာပါတယ်။ သုတေသန အသစ်တွေလဲ၊ စူစမ်းလေ့လာမှုတွေလဲ အများကြီး စလုပ်လာရတယ်။ တချို.ကလဲ သူ.ရဲ. ခြေမရှိတဲဘဝကို သနားပြီး ချီးကျူးသလို၊ တချို.ကတော့ မကောင်းမြင် အားကစား လောကရဲ့ အလိမ်အညာ အဖြစ်မြင်ကြတယ်။ အဲ တချို.ကြပြန်တော့လဲ ငါမြန်မြန် ပြေးနိုင်ချင်ရင် ရှိတဲ့ ခြေထောက် အကောင်းကြီးကို ဖြတ်ပြစ်ပြီး အော်စကာလို ခြေတုတပ်ရမလား ဆိုတဲ့ အူကြောင်ကြောင် အတွေးမျိုးတွေ ဝေဖန်တာ မျိုးတွေတောင် ထွက်လာပါတယ်။

အားလုံးပဲ ဒီလို အော်စကာ အိုလန်ပစ်မှာ ပြိုင်မှာလား မပြိုင်ဘူးလား၊ ပြိုင်ရင်ကော သူများတွေ စွပ်စွဲတဲ့ အတိုင်း နည်းပညာကြောင့် ရွှေတံဆိပ်တွေ အများကြီးရမှာလား၊ ရတဲ့ ရွှေတံဆိပ်ကကော သူ.ကို ပေးမှာလား သူ.ခြေတုကို တီထွင်ပေးတဲ့ သိပ္ဗံ ပညာရှင်ကိုပဲ ပေးရတော့မလားဆိုပြီး စိတ်ဝင်စားနေတုန်းမှာ၊ IAAF ကမ္ဘာ့ ပြေးခုန်ပြစ် အဖွဲ.အစည်းကြီး ကနေ အော်စကာကို ပုံမှန် သန်စွမ်းတဲ့ လူတွေ ပြိုင်တဲ့  ပြိုင်ပွဲမှာ မပြိုင်ရဘူး။ သူတို.ရဲ့ ဥပဒေ ပုဒ်မ ၁၄၄.၂ အရ နည်းပညာ စက်ပစ္စည်းအကူအညီ ယူပြီး တခြားပြိုင်ဖက်တွေထက် သာအောင်လုပ်တာ ခွင့်မပြုနိုင်ဘူး ဆိုတဲ့ အမိန်.ချမှတ်ချက်ကို ၂၀၀၇ခုနှစ်၊ ဘေကျင်း အိုလန်ပစ်မတိုင်မီမှာ ထုတ်ချလာပါတယ်။ 

နောက် Post မှာ ဆက်ပြီး ရေးပါမယ်။