Menu bar

24 January 2013

Sports related feel good movies

တကယ်လို.များ စိတ်ညစ်နေရင် ဘဝမှာ အဆင်မပြေတာ၊ စိတ်ပူစရာ၊ စိတ်ဓါတ်ကျစရာများ ကြုံနေရရင် တခါတလေ ရုပ်ရှင် ကောင်းကောင်းလေးတွေ ကြည့်လိုက် အလွန် နေလို.ကောင်းသွား စိတ်ညစ်တာတွေ ပြေသွားတတ်ပါတယ်။ ကျမရဲ့ ကိုယ်တွေ.ပါ။ ကျမရုပ်ရှင် အလွန် ကြိုက်ပါတယ်။ ဒါပေမယ် ဝမ်းနည်းစရာ စိတ်ညစ်စရာ ရုပ်ရှင်မျိုးတော့ ဘယ်တော့မှ မကြည့်ပါ။ ကျမက အလွန်စိတ်ပျော့ပြီး ရုပ်ရှင် ပြီးလဲ မပြီးနိုင် ဆက် စိတ်ဆင်းရဲ ငိုပြဲနေတတ်လို.ပါ။ 

အားကစား အခြေခံရိုက်ထားတဲ့ ရုပ်ရှင်ပေါင်း မြောက်များစွာထဲကမှ ကျမ အလွန် ကြိုက်တဲ့ ကားလေးတွေတချို.ကို ပြန်ရှယ်ပေးချင်တာပါ။ မကြည့်ရသေးရင် ရှာပြီး ကြည့်ကြည့်ပါလို. တိုက်တွန်းပါတယ်။ 

ပထမဆုံးကားကတော့ Invictus ပါ။ Nelson Mandela အကြောင်း အားလုံး ကြားဖူးကြမယ် ထင်ပါတယ်။ တောင်အာဖရိကမှာ လူဖြူလူမဲ အလွန်ခွဲခြားရာကနေ လူမဲတွေ ပထမဆုံး မဲပေးခွင့်ရတော့ Mandela သမ္မတဖြစ်လာပါတယ်။ လူမဲတယောက် သမ္မတ ဖြစ်လာပေမယ့် လူဖြူလူမဲကြားက တိုက်ပွဲဟာ မရပ်စဲသွားတဲအပြင် အချင်းချင်း မတဲ့တာ၊ လုကြ၊ သတ်ကြ ဖြတ်ကြ တာတွေဟာ ပိုတောင် ဆိုးလာပါသေးတယ်။ အဲဒီအချိန်မှာ တောင်အာဖရိကနိုင်ငံမှာ Rugby World Cup ကို ကျင်းပဖို. ရှိပါတယ်။ တောင်အာဖရိက နိုင်ငံကိုယ်စားပြု Rugby team (Springboks) ဆိုတာ အရင်က လူဖြူတွေပဲ ကစားခွင့် ဝင်ခွင့်ရတဲ့ အသင်းပါ။ မန်ဒဲလားက ဒီအားကစား အသင်းကြီးကို အခြေခံပြီး လူဖြူလူမဲကြားက အငြှိုးအတေးတွေ ပြေအောင်၊ အသင်းရဲ့ အောင်မြင်မှုနဲ. အတူ လူမျိုးစည်းလုံးမှုရအောင် ဆောင်ရွက်တာကို ပြတဲ့ ကားပါ။ အလွန်စိတ်ဝင်စားဖို.ကောင်းသလို ကြည့်လို.လဲ ကောင်းပါတယ်။ မန်ဒဲလား အနေနဲ. သရုပ်ဆောင်တာက Morgan Freeman ပါ။ ကျမ အလွန်ကြိုက်တဲ့ မင်းသားတယောက်လဲ ဖြစ်ပါတယ်။ သူပြောတဲ့ မန်ဒဲလားပြောခဲ့တဲ့ မိန်.ခွန်း စကားတွေဟာလဲ တကယ့်ကို ရင်ပတ်ကို အတော်တော် များများ လာထိစေပါတယ်။ Rugby Captain “Francois” အနေနဲ သရုပ်ဆောင်တာကလဲ Matt Damon ပါ။ မကြည့်ဖူးရင် ကြည့်ဖြစ်အောင်ကို ကြည့်သင့်ပါတယ်။


The Blind Side (Sandra Bullock)
ဒီကားကတော့ အမေရိကန် ဘောလုံး NFL (National football union) Baltimore Ravens က ကစားသမား တယောက်ဖြစ်တဲ့ Michael Oher ရဲ. တကယ့် ဘဝဖြစ်ရပ်မှန်ကို ရိုက်ပြထားတာပါ။ သူဟာ ငယ်ငယ်က လူကောင်က တအားကြီးပြီး IQ အလွန်နဲပါတယ်။ အဖေ ဘယ်သူဆိုတာ မသိ၊ အမေကလဲ လူတကာနဲ. လှဲ.ပတ် ပေါင်းပြီး ကလေးပေါင်း မြောက်များစွာနဲ. Michael Oher ကို မမွေးနိုင်၊ မပြုစု မစောင့်ရှောက်နိုင်။ သူငယ်စဉ်က နေစရာ အိမ်မရှိ၊ စားစရာ အစာ မရှိနဲ. နေခဲ့ရပါတယ်။ သူ.ရဲ. လူကောင် အားကစား စွမ်းရည်ကို အားကစားနည်းပြ တယောက်က မြင်ပြီး ကံကောင်းထောက်မစွာ private school တခုမှာ ကျောင်းနေခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် သူ. IQ တက်လာပြီး လိုအပ်တဲ့ စာပိုင်ဆိုင်ရာ၊ စာမေးပွဲ အမှတ်တွေ မတက်သ၍တော့ သူဟာ အားကစား (Extracurriculum activities) တွေမှာ ပါခွင့်မရသေးပါ။ အဲဒီမှာ  Sandra Bullock (ရုပ်ရှင်ထဲက နာမည် Leigh Ann Tuohy)တို.မိသားစုနဲ. ကြုံဖို. အခွင့်အလန်းက ပေါ်လာပါတယ်။ Sandra Bullock မိသားစုက စားသောက်ဆိုင်ပေါင်း ၁၀၀နီးနီးပိုင်တဲ့ အလွန်ချမ်းသာတဲ့ မိသားစုပါ။ သူ.ကလေးတွေနဲ. ပက်သက်ပြီး Michael Oher ကို ကျောင်းမှာ တွေ.ဖူး မြင်ဖူးရာကနေ အလွန်သနားသွားပြီး မွေးစားဖြစ်သွားပါတယ်။ အဲဒီကနေ မိသားစု စိတ်ဓါတ်လေးတွေ၊ အလွန် စိတ်ဖြူစင်ပြီး ကူညီတတ်တဲ့ ထူဟီ (tuohy) မိသားစုရဲ့ အကြောင်းတွေ၊ Michael Oher ရဲ. ဘဝ၊ ကြိုးစားမှုနဲ. သူဘယ်လို ကျောင်းစာတွေကိုလုပ် အားကစားကို စသင် လေ့ကျင့်ပြီး NFL ကို ရောက်လာတယ်၊ မီလျှန်နယ်ကြီး ဖြစ်လာတယ် ဆိုတာ ရိုက်ပြထားတာပါ။ အလွန်ကြည့်ကောင်းပါတယ်။ Sandra Bullock ကလဲ အလွန်. အလွန်ကို သရုပ်ဆောင်ကောင်းပြီး ဒီကားမှာ အကယ်ဒမီတောင်ရသွားပါတယ်။ ကျမကတော့ သူကိုင်သွားတဲ့ Gucci ဟန်းဘက်အိပ်တွေ ကြည့်ပြီး သွားရည်တွေလဲကျပေါ့။


Remember the Titans (Denzel Washington)
ဒီကားကလဲ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ပြထားတာပါ။ လူဖြူ လူမဲ ကတောက်ကစတွေ မပြီးဆုံးသေးတဲ ၁၉၇၀ ခုနှစ်ကို အခြေခံထားပါတယ်။ ဗာဂျင်းနီးယားက မြို.ငယ်လေးတခုမှာ လူဖြူကျောင်းနဲ. လူမဲကျောင်း သပ်သပ်စီရှိနေကျ ကနေ ကျောင်း၂ကျောင်း ပေါင်းလိုက်ပါတယ်။ အဲဒီတော့ လူဖြူကျောင်းသား လူမဲကျောင်းသား မတဲ့ကြတာ။ မိဘအချင်းချင်း မတဲ့ကြတာ၊ ရန်တွေဖြစ်ကြတာ အများအပြားပါ။ ကျောင်းရဲ့ Rugby အသင်းမှာလဲ အလွန်အောင်မြင်တဲ့ လူဖြူ နည်းပြအစားမှာ လူမဲ နည်းပြကို ခေါင်းဆောင် နည်းပြ အဖြစ် ခန်.လိုက်ပါတယ်။ ဒီခေါင်းဆောင်ရဲ့ အောက်မှာ လူဖြူ နည်းပြအကူနဲ. အားကစားသမားများ အားကစားကို အခြေခံပြီး လူဖြူလူမဲ အထိကရုန်းကို ဘယ်လို ကျော်လွှားနိုင်ခဲ့တယ်၊ အသင်းသား အချင်းချင်း ယုံကြည် အားကိုးမှုရအောင် ဘယ်လို တက်ညီလက်ညီ ကြိုးစားခဲ့ကြရတယ်။ ဒီကစလို. တမြို.လုံးရဲ့ စည်းလုံးမှုကို ရအောင်လုပ်နိုင်ခဲ့တယ် ဆိုတာတွေကို ရိုက်ပြထားတာပါ။ 


Glory Road
နောက်ထပ် လူဖြူလူမဲ ခွဲခြာတဲ့ ပြဿနာတွေကို ပြတဲ့ကားပါ။ ၁၉၆၆ လောက်ကို အခြေခံတယ်ဆိုပါတယ်။ Basketball နည်းပြကနေ လုံးဝ နာမည်မရှိတဲ့ Texas Western miners ကျောင်းမှာ ပထမဆုံး လူမဲအားကစား သမားတွေ ထဲ့ကစားတာ။ Basketball အသင်း အောင်မြင်မှုတွေ ရသလောက် လူမဲအားကစား လူဖြူအားကစားသမား ပေါင်းထားတဲ့ အတွက် သူတို.သွားလေရာ ယှဉ်ပြိုင်ခဲ့တဲ့ မြို.တွေ ပွဲတွေမှာ ဘယ်လို ခြိမ်းခြောက်တာ အနိုင်ကျင့်တာ ခံခဲ့ရတာ၊ ဒါတွေအားလုံးကို ကြံ့ကြံ့ခံ ကျော်လွှားပြီး ဘယ်လို အောင်မြင်မှုတွေ ရအောင်လုပ်ခဲ့ရတာ ဆိုတာတွေကို ပြထားတာပါ။ 





The Express
ဒါကလဲ ဖြစ်ရပ်မှန် အမေရိကန်ဘောလုံး (Rugby) အားကစာသမား၊ ပထမဆုံး Heisman ဆုကိုရသွားတဲ့ လူမဲလူမျိုး တယောက် အကြောင်းကိုရိုက်ပြထားတာပါ။ 


ဒီကားလေးတွေကတော့ ဒီရက်ပိုင်း ကျမ ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကားတွေထဲက အားကစားနဲ. ပက်သက်တဲ့ ကားတချို.ပါ။ ကျမအတွက်တော့ ပျင်းလို. အသုံးချလိုက်တဲ့ ဒီအချိန်လေးတွေကနေပဲ စိတ်ခွန်အား ပြန်ပြည့်စေပါတယ်။ သူတို. ဘဝရဲ့ အခက်အခဲတွေနဲ.၊ ဘဝကို ဘယ်လို အနိုင်မခံ အရှုံးမပေး ကျိုးစား ရုန်းကန်ပြီး အောင်မြင်မှုတွေရသွား ကြတာလေးတွေကို ကြည့်ပြီးတော့ အားကျမိ၊ မိမိကိုယ် ပြန်သုံးသပ်မိပါတယ်။ ကိုယ်စိတ်ညစ်စရာ အဆင်မပြေတာဟာ တကယ်တော့ ဘာမှ မဟုတ်ပါလား ပြန်သုံးသပ်မိပါတယ်။ 

နောက်ထပ် အချိန်ရရင် ကြည့်ဖူးတဲ့ Disney ရုပ်ရှင်လေးတွေ ပြန်ရှယ်ပါဦးမယ်။ အခုတော့ အလွန် ချမ်းချမ်းနဲ. အိပ်ရာထဲ ကွေးပါတော့မယ် ........ ။