Menu bar

3 February 2013

Twitter Addiction

ဒီရက်ပိုင်း ကျမ Twitter Addiction ရနေပါတယ်။ 

အခုခေတ်ကလဲ များလိုက်တဲ့ Social Media တွေ ဆိုတာနော်။ အရင်ကတော့ Friendster, Facebook လောက်ပဲ ကျမသိပါတယ်။ အဲဒီကနေ အခုနောက်ပိုင်းမှာတော့ Twitter, Instagram, LinkedIn, Flickr, Stumblr, Google Plus ... အောင်မြတ်လေး၊ ရေတွက်လို. မှ မဆုံးနိုင်ပါလားနော်။

Twitter တွေ နာမည်စကြီးလာတုန်း ၂၀၁၀ လောက်တုန်းကတော့ ကျမနဲနဲ သုံးကြည့်ဖူးပါတယ်။ ဒါပေမယ့် သူငယ်ချင်း အချင်းချင်း စကားပြောတာ နှုတ်ဆက်တာ ဘာကြောင့် လူအများသိအောင် Public လုပ်ပြောရသလဲ ကျမ နားမလည်ခဲ့။ သူများကို Follow လုပ်တော့ သူများ အချင်းချင်း လူသိရှင်ကြား ရန်ဖြစ်ကြတာ၊ အတင်းတုတ်ကြတာ၊ မမြင်ချင်မှ အဆုံး မြင်နေရ သိနေရ။ တချို.ကလဲ “ငါဒီနေ. ချော်လဲလာတယ်” “ဗိုက်ဆာလိုက်တာ စားစရာမရှိဘူး” ဆိုတာတွေ ကမ္ဘာပေါ်ရှိသမျှ လူတွေ သူတို.အကြောင်း သိရအောင်လား တွိထားကြသေး။ ကျမ အနေနဲ.လဲ Twitter Account ရှိလာပြီဆိုတော့ တွိ (tweet) ရမယ် ဝတ္တရားက ရှိလာတော့ ဘာကို တွိရမှန်းလဲ မသိ။ အဲဒါနဲ. မသုံးဖြစ်ပဲ twitter account လေး ပြစ်ထားဖြစ်ပါတယ်။ 

ဒီလိုနဲ. ကျမ Great Britain School Games အဖွဲ.ရဲ့ ဆရာဝန်အဖြစ် ဘရာဇီးမှာ သူတို. သွားပြိုင်တော့ လိုက်သွားရပါတယ်။ အဲဒီမှာ ကျောင်းသား၊ ကျောင်းသူ အားကစား သမားတွေအားလုံးက Twitter ကိုယ်စီနဲ. အလွန်.အလွန်ကို Tweet ကြပါတယ်။ ဒီမှာ ကျမတို.လို လူကြီးတွေ အတွက် (အဟမ်း အဟမ်း လူအိုကြီးများ အတွက် ဆိုပါတော့) တာဝန် တခုပိုလာပါတယ်။ Social Media Policy ဆိုတာနဲ. ဒီ ဆယ်ကျော်သက်ကလေးတွေ မဟုတ်တာ မကောင်းတာတွေ မပြောအောင်၊ လူအထင်သေးစရာ ဖြစ်မယ့်ကိစ္စတွေ အင်တာနက်ပေါ် မတင်မိအောင် ကျမတို.က စောင့်ကြည့်ရပါတယ်။ အဲဒီတော့မှ ကျမလဲ twitter ပြန်သုံးဖြစ်တယ်ဆိုပါတော့။ ဒီကလေးတွေ အိပ်ချိန် မအိပ်ပဲ အင်တာနက်ပေါ်မှာ Twitter သုံးနေသေးသလား။ ဟို ရေကူးအသင်းက ကောင်မလေးနဲ. ဘော်လီဘောက ကောင်လေးတော့ twitter မှာ ဟိုလိုလို ဒီလိုလို ပါလား၊ ဒင်းတို နှစ်ကောင်ကို သေသေချာချာ စောင့်ကြည့်မှ ဆိုတာမျိုးတွေနဲ.။ ကျမတို.မှာ သူတို.ရဲ့ twitter account activity တွေကို စောင့်ကြည့်ရပါတော့တယ်။ သတိပေးတန်ရာပေး ဆူတန်ရာဆူ ဆိုတာလဲ လုပ်ရသပေါ့။

အဲဒီမှာ twitter ရဲ့ အသုံးဝင်မှုကို ကျမတွေ.လာရတာပါဘဲ။ ဥပမာ၊ သူများအကြောင်းကို သူတို မသိအောင် စပ်စုချင်ရင် twitter သုံးပါပေါ့။ အဲဒါကြောင့် တချို. သတင်း မီဒီယာ သမားတွေက twitter ကို အဆက်မပြတ် စောင့်ကြည့်ပြီး ရုပ်ရှင်မင်းသား မင်းသမီး၊ Celebrity အများစုရဲ့ သတင်းကို ယူကြတာ။ ဥပမာ Justin Bieber ရည်းစားနဲ. အဆင်မပြေတာ၊ Miley Cyrus ရဲ. ခွေးလေးသေသွားတာ (အဟမ်း ဒါ အလွန် အရေးပါတဲ့ သတင်းနော်)  Taylor Swift နဲ. Harry Styles (One direction) ရည်းစားပြတ်သွားတာ ဆိုတဲ့ အတင်း အဖြင်း မျိုးတွေပေါ့။ 

အဲ ကျမ အတွက်ကော ...?? ။ ကျမကတော့ ဒီရုပ်ရှင်မင်းသား မင်းသမီးတွေ အကြောင်း သိပ်စိတ်မဝင်စားပါ။ ဒါပေမယ့် အရေးပေါ်ဋ္ဌာနမှာ လုပ်ဖူးတဲ့ ဆရာဝန်တိုင်း ကျမပြောတာ သဘောပေါက်မှာပါ။ တချို.လူနာတွေ ကျမကြည့်ပြီး ဆေးရုံတင်ရမလား အိမ်ပြန်ခိုင်းရမလား မသေချာ။ လူနာကိုတော့ ပြန်ခိုင်လိုက်ပြီး စိတ်ထဲက တထင့်ထင့်။ ဒီလူနာ အိမ်မှာ နေမှ ကောင်းရဲ.လား။ တခုခုများ ဖြစ်နေမလား၊ ငါ့ ဆုံးဖြစ်ချက်များ မှားသွားလား။ ဆေးရုံမှာ တင်ထားမိလိုက် အကောင်းသား ဆိုတာမျိုး စိတ်ထဲ တထင့်ထင့် ဖြစ်ခဲ့ရတာတွေ အမြောက်အများပါ။ ဒီလူနာတွေတော့ Tweet လား မတွိလား ကျမမသိ။ အဲဒီလို အတွေ.အကြုံမျိုး အားကစား သမား အများစုနဲ.လဲ ကျမ ကြုံတွေ.ရပါတယ်။ အကွဲကွဲ အပြဲပြဲတွေ ကျမ ချုပ်ပေးလိုက်ရတာ အဆင်မှ ပြေရဲ.လား။ ဒီ အားကစားသမား ဒါဏ်ရာရပြီး ပြန်သွားတာ ဘာများ ဖြစ်နေပလဲ၊ ဆိုတဲ စိတ် တထင့်ထင့်တွေ။ အနာကြီးက ရောင်ကိုင်းပြီး ပြန်လွှတ်လိုက်ရတာ သက်မှ သက်သာရဲ.လား ဆိုတာတွေ။

အိမ်ပြန်ရောက်ပြီး စိတ်တထင့်ထင့် ဖြစ်နေရင် ဒီအားကစား သမားတွေရဲ့ twitter အကောင့်တွေ ကျမ တိတ်တိတ် ခိုးကြည့် သတင်းယူရတာပေါ့နော်။ တချို.ကျတော့လဲ တွိနေကြသေးတယ်ဆိုတော့ ကျမမှာတော့ “သြ သူမသေဘူး တွိနေသေးတယ်ပေါ့”

တချိုကျတော့လဲ တွိထားတာ “doc put 5 stitches on my knee, its f***ing hurt”  ... ဟင်း (ကျမ သက်ပြင်းချသံ)

တချို.လဲ ရေးထားတယ် “we lost the game, but never mind, doc told me I had Concussion”   အင်း သူငါပြောတဲ့ ရောဂါ အကြောင်းတော့ သဘောပေါက်ပုံပဲ ဆိုတာမျိုးပေါ့။

နောက် twitter ရဲ. Facebook နဲ.ကွာပြီး၊  ကောင်းတဲ့ အချက်က သူက Facebook လို သူငယ်ချင်း ဖြစ်စရာ မလိုပါ။ Friend request တောင်းစရာမလိုပါ။ ကိုယ်စပ်စု ချင်သလို သူများမသိအောင် ဝင်စပ်စုလို.ရသကိုး။ Facebook မှာတော့ ကျမရဲ. လူနာ၊ အားကစား သမားတွေနဲ. မပက်သက်မိအောင် ကျမ အထူးဂရုပြုနေရပါတယ်။ 

Twitter မှာ ကျမအတွက် ဒီထက် ပိုကောင်းတဲ့ အချက်ကတော့ ဆေးပညာ ဂျာနယ်တွေ၊ လူသိများတဲ့ ဆရာကြီးတွေ၊ အားကစား အဖွဲ.အစီးတွေကို Follow လုပ်နိုင်တာပါဘဲ။ အဲဒီတော့ ပညာရေး၊ သုတေသန၊ နောက်ဆုံး ဆေးပညာ သတင်းတွေ အမြဲတမ်း အလျှင်အမြန် အရင်ဆုံး ဆိုသလို ရနေသလို၊ ဘယ်မှာ ဘာအားကစားပွဲရှိတယ် ဘယ်သူနိုင်တယ်ဆိုတာတွေ စဉ်ဆက်မပြတ် သိနေရတော့၊ ကျမရဲ့ လူနာ အားကစား သမားတွေနဲ စကား ပြောရတာ ကျမက ခောတ်နောက်ကျန် ဘာမှ မသိတဲ့ သူ မဖြစ်နေတော့ဘူးပေါ့။ 

Twitter မှာ ကျမရဲ့ အဓိက ရည်ရွယ်ချက်က ပညာရေး ဆေးပညာ ဆိုပေမယ့်လဲ သုံးပြီ ဆိုတော့လဲ တချို.သူငယ်ချင်းတွေ ကျမကို Twitter မှာ စကားလာပြော နှုတ်ဆက်ရင်တော့ ကျမလဲ အခုတော့ မရှက်တော့။ လူသိရှင်ကြား “ဟေ့ .. ဟို .. နင်နေကောင်းလား၊ ငါ နေကောင်းတယ်” ဆိုတာမျိုးလဲ ပြန်ဖြေဖြစ်နေပါပြီ။ စိတ်ပါရင်ပါသလို “အားပါးပါး ဗိုက်နာလိုက်တာနော်” ဆိုတာမျိုးကိုလဲ တမ္ဘာလုံး သိရအောင် ကျမ တွိတတ်နေပါပြီလို.။

ကဲ အားလုံးပဲ စပ်စုလိုက စပ်စုနိုင်ကြပါစေ ဟိ။ 

Twitter - @KaiWinDr