Menu bar

18 January 2013

Lance Armstrong - You broke my heart

Tour de France ဆိုတာ ပြင်သစ်မှာ စခဲ့တဲ့ မိုင်ပေါင်း ၂၀၀၀ ကျော်၊ ရက်ပေါင်း ၂၀ကျော် ပြိုင်ရတဲ့ စက်ဘီးပြိုင်ပွဲပါ။ အလွန်နာမည်ကျော်ကြားသလို အလွန် အပင်ပန်းခံ ကြိုးစားရတဲ့ အားကစား တမျိုးလဲ ဖြစ်ပါတယ်။ ဘောလုံး ပရိသတ်တွေ အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ပေါ်ပြူလာ ဖြစ်သလို စက်ဘီးစီးတာ စိတ်ဝင်စားသူများအတွက်တော့ Tour de France ဆိုတာ အလွန် ပေါ်ပြူလာဖြစ်တဲ့ ဂုဏ်ရှိတဲ့ ပြိုင်ပွဲ တခုဖြစ်ပါတယ်။ Lance Armstrong ဆိုတာ Tour de France စက်ဘီးပြိုင်ပွဲမှာ ၇ ကြိမ်တိုင်တိုင် ချန်ပီယန် ဖြစ်ခဲ့ဘူးသူပါ။ 

ကျမ Lance Armstrong အကြောင်း စ စိတ်ဝင်စားမိတာကတော့ သူ Testicular Cancer (ဂွေးဥ ကင်ဆာ ခေါ်မှာပေါ့နော်) ဖြစ်တော့မှပါ။ ကမ္ဘာ့ ချန်ပီယန် ကင်ဆာဖြစ်ပြီး၊ ဘဝကို အရှုံးမပေး၊ ကင်ဆာကုသမှု ဆေး ဓါတ်ရောင်ခြည်တွေ ခံယူပြီး၊ ဒီကမ္ဘာကျော်အားကစား စက်ဘီးစီး ပြိုင်ပွဲမှာ ဆက်လက် ဝင်ပြိုင်ခဲ့တာ။ ကင်ဆာအကြောင်း လူသိများလာအောင် အားကျိုးမာန်တက် ဆောင်ရွက်တာ ဆိုတာတွေက စပြီး ကျမ သူ.အပေါ် အထင်တွေကြီး စိတ်ဝင်စားလာခဲ့တာပါ။ သူ.ကြောင့်လဲ စက်ဘီး အစီးများရင် Testes Cancer ဖြစ်နိုင်တယ်ဆိုတဲ့ သုတေသနတွေ ထွက်လာတာ။

လူတယောက်ဘယ်လောက် ကျန်းမာတယ် အားကစား လိုက်စားတယ်ဆိုတာ တိုင်းတာလို.ရတဲ့ အချက်တွေ မြောက်များစွာရှိပါတယ်။ ဥပမာ နှလုံးခုန်နှုန်းဆိုပါတော့။ ပုံမှန်ဆိုရင် ပျမ်းမျှ ၈၀ (၆၀ နဲ. ၁၀၀ကြား) လောက်ရှိပါတယ်။ အားကစားလိုက်စားလွန်းသူ အလွန် ကျန်းမာသူများမှာတော့ နှလုံးခုန်သံဟာ ပိုနှေးသွားပါတယ်။ Lance Armstrong ရဲ့ ပုံမှန် နှလုံးခုန်သံဟာ ၂၈တဲ့။ တခြား အားကစားနဲ. ဆိုင်တဲ့ တိုင်းထားတဲ့ အချက်အလက်တွေပါ ပေါင်းရင် သူဟာလူတောင်မှ ဟုတ်ရဲလားလို. တွေးချင်ရလောက်အောင် ဘယ်လောက် အားကစားလုပ် အပင်ပန်းခံ လေ့ကျင့်ထားတယ်ဆိုတာ သက်သေပြနေသလိုပါဘဲ။ ကဲ ကျမ ဘယ်လိုလုပ် မလေးစား အားမကျပဲ နေနိုင်ပါ့မလဲ။ အဲဒီကစပြီး သူဟာ ကျမရဲ့ အားကစား ဟီးရိုး တယောက် ဖြစ်လာခဲ့တာပါဘဲ။ 

အားကစားမှာ အနိုင်ရအောင်၊ လူတယောက်ရဲ့ ပုံမှန် စွမ်းဆောင်ရည်ထက် ပိုစွမ်းဆောင်နိုင်အောင် ဆေးသုံးပြီး ကြိုးစားတာကို Doping လို.ခေါ်ပါတယ်။ မကြာခဏပဲ Lance Armstrong ဟာ Performance Enhancing medications တွေ သုံးတယ်၊ Doping လုပ်တယ်လို စွပ်စွဲတာတွေ ကြားမိပေမယ့် ကျမ မယုံကြည့်ခဲ့ပါဘူး။ ကိုယ်လေးစားတဲ့ ဟီးရိုးကို Perfect ဖြစ်စေချင်တဲ့ စိတ်ကြောင့်လဲ မယုံခဲ့တာဖြစ်နိုင်ပါတယ်။ ဆေးစစ်သမျှလဲ သူတခါမှ မမိဘဲကိုး။ ဟိုးတလောလေးကမှ သူ.နဲ. အတူ လေ့ကျင့် ယှဉ်ပြိုင်ခဲ့တဲ့ သူ.အရင် အဖွဲ.သား အများစုက ”သူတို. Lance  Doping လုပ်တာ ဘယ်လို ကူညီခဲ့ကြောင်း၊ ဆေးစစ်ရင် မမိအောင် သူတို.ဘယ်လိုလုပ်ခဲ့ရကြောင်း” ဆိုတာတွေ ဝန်ခံချက်တွေ ထွက်လာတော့မှ အောက်တိုဘာ ၂၀၁၂ မှာ တရားရုံးက Lance ကို တရားစွဲပြီး၊ Cycling Governace Body ကနေ သူနိုင်ထားတဲ့ ဆုတံဆိပ် "Title" အားလုံးကို ပြန်သိမ်းသွားတာ ခံရပါတယ်။

ပထမတော့ Lance Armstrong (LA) ဆီမှ ဘာမှ ပြန်ငြင်းတာ ဝန်ခံတာ၊ တုန်.ပြန်တာ မကြားရပေမယ့် မနေ.က Oprah Winfrey (OW) နဲ.လုပ်ခဲ့တဲ့ Interview မှာတော့ အားလုံး သူဖြေသွား ဝန်ခံသွားခဲ့ပါပြီ .....

OW: Did you ever take banned substances to enhance your cycling performance?  
LA: YES
OW: Was one of those substances EPO? 
LA:YES
OW: Did you ever Blood dope or use blood transfusion to enhance your cycling performance? 
LA: YES
OW: Did you ever use any other banned substances like Testosterone, Cortisone, human growth hormone?
LA: YES
OW: In all 7 of your tour de france victories, did you ever take any banned substances or blood doping?
LA: YES

ကျမတော့ ယုံလဲ မယုံကြည်နိုင်၊ စိတ်လဲမကောင်း၊ ဒေါသတွေလဲဖြစ်။ နောက်ဆုံး အချိန်အထိ ကျမ သူများ “မဟုတ်ပါဘူး။ ဒါအားလုံးဟာ နားလည်မှုလွဲတာပါ”လို. ပဲပြောဦးမလား ကျမ မျှော်လင့်နေသေးတာပါ။ 

အခုတော့ Lance Armstrong ဆိုတာ ကမ္ဘာကျော် စက်ဘီး ဟီရိုးကြီး မဟုတ်တော့ပါ။ ကမ္ဘာကျော် အချိန်အကြာဆုံး ဖမ်းမမိအောင် ညာနိုင်တဲ့ လူညာကြီး ဖြစ်သွားပါပြီ။ အားလုံးရဲ့ လေးစား အထင်ကြီးခံရတဲ့ ဘဝကနေ၊ သူများ ပြောစရာ၊ မေးငေါ့စရာ၊ အောက်တန်းအကျဆုံး အားကစားသမား တယောက်ပဲ ဖြစ်သွားပါပြီ။ သူကို လေးစားခဲ့တဲ့ မိသားစု၊ သူငယ်ချင်း၊ အသင်းသား၊ ပရိသတ်တွေကလဲ သူ.ရဲ့ သစ္စာဖောက် လိမ်ညာတာ ခံခဲ့ရတဲ့ အတွက် ရင်နာမိ ဒေါသထွက်မိကြရမှာပါ။

သူ.ရဲ့ ဘဝအကြောင်းအရာ အဖြစ်အပျက်မှ ကျမကိုယ် ကျမ ပြန်သုံးသပ် မိတာလေးတွေကတော့
  • ဘဝမှာ မဟုတ်တာလုပ်သမျှ တနေ.မှာ အားလုံး ပြန်ပေါ်လာမှာပဲ
  • ရိုးသားမှုဆိုတာ ဘဝ အောင်မြင်မှု စိတ်ချမ်းသာမှုတို. အတွက် မရှိမဖြစ် အခြေခံ အုတ်မြစ်ပါပဲ။

သူများ အထင်မကြီးချင်နေ၊ အောင်မြင်မှုတွေ မရချင်နေပါစေ .. လိမ်ညာတာ၊ မဟုတ်တာလုပ်တာ၊ ခိုးချတာ မရိုးမသားတာ ဆိုတာတွေကို ကျမ တတ်နိုင်သမျှ လုံးဝ မလုပ်မိအောင် ရှောင်ရမယ်လို.