ဒီဘလော့ဂ်ကလေးကို လှဲ.မကြည့်ဖြစ်သွားတာ တော်တော်ကြီးကို ကြာပြီပေါ့။ ဘာကြောင့်လဲ မေးရင်တော့ အလုပ်ရှုပ်တာကို အကြောင်းပြရမလားလို. ကျမ တွေးကြည့်မိပါသေးတယ်။ ဒါပေမယ့် အကြောင်းပြ excuse တွေ ပေးတယ် ဆိုတာ အပျင်းထူသူ တကယ် မကြိုးစားသူတွေပဲ လုပ်တဲ့ အလုပ်တခုလို.ပဲ ကျမ မြင်မိပါတယ်။
အဲဒီတော့ အမှန်ကို တဲတိုးပြောရင်တော့ ဘဝရဲ့ ပိုအရေးကြီးတဲ့ အရာတွေ အရင် ပြီးအောင် လုပ်နေရတာနဲ. စာရေးဖို.လဲ ပျင်းနေတာနဲ. စိတ်မပါတာနဲ.ပဲ ဘလော့ဂ်မသုံးဖြစ်တာပါလို. ပြောပါရစေ။ စာရေးဆရာမ ဂျူးရေးထားတာ ဖတ်ဖူးပါတယ်။ သူမကတော့ စာမရေးရ မဖတ်ရဘူး ပြောရင် သူမနေနိုင်ဘူးတဲ့။ ကျမကတော့ စာရေးတာ အဲလောက် ဝါသနာ မပါသူဆိုတော့လဲ အဟဲ ...
အဲဒီတော့ ကျမ ဒီရက်ပိုင်းတွေ ဘာလုပ်ဖြစ်လဲ ဆိုတော့ ခရီးသွားတယ်။ စာတွေလဲ ပြန်ဖတ်ဖြစ်တယ်။ အဲစာတွေ ပြန်ဖတ်ရတယ် ဆိုတာ ဆေးစာတွေကို ပြောတာပါ။ ဖတ်ချင်တဲ့ ဝတ္ထုတွေ ရှိပေမယ့် ဒီရက်ပိုင်း မဖတ်နိုင်သေးပါဘူး။ အရင် ကျောင်းတုန်းက ဖတ်ထား မှတ်ထားတာတွေ မေ့သွားသမျှတွေပဲ ပြန်ဖတ်ဖြစ်သလို အသစ် အသစ်သော ဆေးပညာတွေ အတွက်လဲ ထပ်ဖတ်ဖြစ် မှတ်ဖြစ် ပါတယ်။ ကျမက ကိုယ့်ကိုယ် ဗဟုသုတနဲ. ပြည့်စုံတဲ့ ဆရာဝန် တယောက်ပဲ ဖြစ်ချင်တယ်လို. ဆုံးဖြတ်ထားတာကိုး။
အဲဒီမှာ ဦးဏှောက်ရဲ့ ထူးဆန်းတာလေးတွေကို ပြန်တွေးကြည့်မိပါတယ်။ ဥပမာ တချို.သော ပညာတွေ ဆိုပါတော့ စက်ဘီးစီးတာမျိုး၊ ရေကူးတာမျိုးတို.ဆို တခါသင်ပြီး တတ်ပြီး ဘယ်တော့မှ မေ့သွားတယ် မရှိပါဘူး။ ဒါပေမယ့် တချိုးအရာတွေ ကတော့ ကျက်သလောက် မှတ်သလောက် ခဏပဲ ဦးဏှောက်ထဲမှာ ခံပါတယ်။ အကုန်မေ့ကုန်ရော။ အဲဒီတော့ စာဖတ်သမျှ ဘယ်လို မမေ့အောင် လုပ်ရမလဲ ဘယ်လို ကြာကြာခံအောင် ဖတ်ရမှတ်ရမလဲ တွေးကြည့်မိပါတယ်။
တချို. အကြောင်းအရာတွေကိုတော့ အကျိုးနဲ. အကြောင်းနဲ့ မှတ်ရင်ပိုမှတ်မိတတ်ပါတယ်။ ဥပမာ အခု ထပ်လေ့လာရသမျှတွေ ဆေးစာတွေကို ကျမ ဆေးကျောင်းမှာ သင်ခဲ့ဘူးတဲ့ basic science လို.ခေါ်တဲ့ Anatomy Physiology Biochemistry Pathology ဆိုတာတွေနဲ. ဆက်စပ်ပြီး အကြိုးအကျောင်း ဆင်ခြင်ကြည့်ပြီး မှတ်ပါတယ်။
တချို.ကတော့ စာဖတ်ရင် ကိုယ်ကိုယ်တိုင် စာအုပ်ထဲက ဖတ်မိမှ မှတ်မိတယ်တဲ့။ ကျမကတော့ သူများပြောပြတာတွေကို ပိုလို. မှတ်မိတတ်ပါတယ်။ ဥပမာ ဆေးကျောင်းတုန်းက ဆရာမ မငြီမ်း သင်ပေးခဲ့တဲ Inflammatory Process, wound healing စတာတွေ အခုထိ နားထဲမှာ ကြားရောင်ပြီး မှတ်မိနေသလို၊ ဆရာကြီး ဦးတင်ဆွေလတ် ပြောပြတတ်တဲ့ 5 causes of Massive Splenomegaly ဆိုတာမျိုးဆိုလဲ တရေးနိုး ထမေးတောင် ဖြေနိုင်တုန်းပါ။
အခု အသက်ကြီး ကျောင်းပြီးသွားပြီ ဆိုတော့ ဘယ်သူကမှ အဲလို မသင်တော့ပါ။ ဒီနိုင်ငံမှာတော့ ကျမ Conference လို၊ Teaching ဆိုတာတွေကို ရသမျှ လိုက်တက်ပြီး စာတွေ ဆက်လေ့လာရပါတယ်။ Conference ဆိုတာတွေကလဲ ဒီမှာ အလွန်ဈေးကြီးပါတယ်။ Conference တခုသွားမယ်ဆို ပျမ်းမျှ ပေါင် ၅၀၀ - ၁၀၀၀ လောက် ကုန်တတ်ပါတယ်။ အဲဒီတော့ ကျမ အနေနဲ. ဒီမှာ အင်တာနက်က အလကား ရတဲ့ Podcast ဆိုတာတွေကို အားရင်အားသလို ဥပမာ ကားမောင်းနေရင်း ဟင်းချက်ရင်း နားထောင်ရသလို၊ အင်တာနက်က ပညာရေးနဲ.ဆိုင်တဲ့ video clips တွေကို လျှောက်ကြည့်ပြီး လေ့လာ သင်ယူ ဖြစ်ပါတယ်။
တချို.ကလဲ ကိုယ့်လက်ရေးနဲ. ကိုယ် note ထုတ်ရင် ပိုမှတ်မိတယ်တဲ့။ ကျမလဲ အဲဒီ အုပ်စုထဲမှာ ပါပါတယ်။ ဆေးကျောင်းတုန်းကတော့ အင်တနက် ကွန်ပြူတာ အဲလောက် ခောတ်မစားသေးတော့ စာရွက်ကြမ်းတွေမှာ လက်နဲ. မှတ်စုရေးပြီး မှတ်ဖြစ် ကျက်ဖြစ်ပါတယ်။ အခုက ကွန်ပြူတာခေတ်ဆိုတော့ မှတ်စုထုတ်ချင်ရင် ကွန်ပြူတာပေါ်ရိုက်တင်ရုံ၊ ပြီးတော့ ipad တို. phone တို.ထဲ ထဲ့ပြီး သွားလေရာ ယူသွားလို.ရတော့ အားရင် အားသလို ပိုပြီး ပြန်ဖတ်ဖြစ်ပါရော။ ခေတ်သစ်နည်းပညာရဲ့ အကျိုး အမြတ်တခုလို.ပဲ ဆိုရပါမယ်။
ကိုယ်ကိုယ်တိုင် စာဖတ်နေကျက်နေတာနဲ. စာရင် သူများကို ပြန်သင်ပေးရရင် ကိုယ်လဲ စာပိုတတ်၊ ပိုမှတ်မိတတ်တယ်တဲ့။ ကျမက စာသင်ကလဲ အလွန် ဝါသနာပါပြီးသား ဆိုတော့ လာသမျှ medical students နဲ. Junior doctors တွေကို ကြုံရင် ကြုံသလို ဆေးရုံမှာ စာဆွဲသင်ပေးတတ်သလို၊ အလုပ်နဲ. တွဲထားတဲ့ University မှာလဲ Honory Lecturer တာဝန်ယူထားတော့ စာတွေ တော်တော်များများသင်ဖြစ် ကိုယ့်အတွက်လဲ ပြန်ဖတ်မှတ်ဖြစ်နေပါတယ်။
ကဲ အဲဒီတော့ ကျောင်းပြီးပြီး ကျမ ဘယ်လို စာတွေ ဆက်ဖတ်ဖြစ်နေလဲ ဆိုတာလဲ ပြောပြပြီးသွားပါပြီ။ ဘာကြောင့် ဒီရက်ပိုင်း လပိုင်း ဘလော့ဂ် မရေးနိုင်သလဲ ဆိုတာလဲ အခုဆို အားလုံး သိလောက်ပါပြီလို.။