Menu bar

9 July 2012

Happy career choice?

အလုပ်တွေကရှုပ် အလုပ်အကြွေးတွေ တင်လာတော့ စိတ်ညစ်ညစ်နဲ.ရှိနေတုန်း စာအုပ်တအုပ်ကို အင်တာနက်မှာ အမှတ်တမဲ့ ဖတ်လိုက်မိပါတယ်။ သင့်ရဲ့ အလုပ်မှာ ဘယ်လို အောင်မြင်အောင် နေရမလဲ ဆိုတာရေးထာတာပါ။ စာရေးသူနာမည်ကို မမှတ်မိတော့ပါ။ စာရေးစရာပြောတာက “သူဟာ သူ.ရဲ့ အလုပ်မှာ အလွန်ပျော်တယ်။ ဒါကြောင့် သူ.ရဲ့ အလုပ်မှာ သူဘာလုပ်လုပ် အောင်မြင်တယ်တဲ့” သူအကြံပြုထားတာက မိမိ ဝါသနာပါရာ စိတ်ပါရာ အလုပ်ကိုပဲ အင်တိုက် အားတိုက် စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်သင့်ပါတယ်တဲ့။ မိသားစု ပိုက်ဆံ အောင်မြင်မှု ဆိုတာတွေကို နောက်ထား ကိုယ့်အလုပ်ကိုယ် ပျော်ပိုက်ရင် ဒါတွေအားလုံး နောက်ကလိုက်လာပါလိမ့်တဲ့။ ဘယ်လောက်မှန်သလဲ မမှန်သလဲ ဆိုတာတော့ ကိုယ်တိုင်လုပ်ကြည့်မှပဲ တွေ.ကြရပါလိမ့်မယ်နော်။

တချို.ကလဲ ပြန်မေးထားပါတယ်။ သူဘာသာသူ ဘယ်အလုပ်ကို ဝါသနာပါမှန်းကို မသိဘူးတဲ့။ သြ .. ဒီမေးခွန်းဟာ လူအများစု ကြုံတွေ.တတ်တဲ့ မေးခွန်းပါဘဲ။ အဲဒီတော့ စာရေးသူက ပြန်ပြောထားတာက “မင်း မနက်ထလို. မျက်လုံးဖွင့်ပြီ ဆိုတာနဲ. မင်းရဲ့ အလုပ်အကြောင်းကိုတွေးပြီး စိတ်တက်ကြွ ပျော်ရွှင်တတ်သလား။ သြ အလုပ်သွားရပြန်ဦးမယ် ဆိုပြီး စိတ်ဓါတ်ကျ စိတ်ညစ်တတ်သလား ပြန်မေးကြည့်ပါ” တဲ့။ သုတေသန တခုမှာ ၇၀%လူတွေက သူတို.ရဲ့ အလုပ်ကို သူတို. မနှစ်ခြိုက်ကြဘူးတဲ့။


အင်း ကျမလဲ မျက်စိကိုမှိတ် ကိုယ့်ဘာသာကိုယ် မေးခွန်းလေးမေး၊ ပြန်စဉ်းစားကြည့်မိတော့ “အင်းဟုတ်ပ ငါ့မှာ  မနက်မိုးလင်းပြီ ဆိုတာနဲ. သြဒီနေ. ဘာတွေလုပ်ပြီး ဘယ်လူနာတွေ (ကိုယ့်လာ ဒုက္ခပေးဦးမလဲ? အဟဲ) နဲ. ကြုံရဦးမလဲ အမြဲ ရင်ခုန်တတ်ပါလား” ပြန်တွေးမိပါတယ်။ သြ သူကတော့ ပိုပြန်ရောကော ပြောရင်လဲ “အဟဲ ဘုရားစူး အမီး အမှန်ပြောရတာပါ” လို.ပဲ ပြန်ပြောရမှာပါဘဲ။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆေးရုံမှာ တောင်ပြောမိသေးတယ် “ငါဘဝကြီးက နင်တို. ဘိုတွေ ခေါ်တဲ့ Loser လို.တောင်ပြောရမလား မသိဘူး။ အလုပ်ကိုပဲမျှော်ပြီး ပျော်နေတယ်၊ တခြား အပျော်မရှိသလိုဘဲ” လို.။ သြ လှူဇာ လူဇာလေးရယ်ပေါ့ (Loser)

စာရေးဆရာပြောထားသလို အောင်မြင်မှုတွေ ငွေတွေ နောက်မှာ လိုက်လာမလား မလာလားတော့ မသိပါ။ အခုထိတော့ အဲဒါတွေ မတွေ.ရသေး၊ တခါတလေ ရတတ်တဲ့ လူနာတွေရဲ့ “ကျေးဇူး” ဆိုတာလေးတွေနဲ.တင် ကိုယ်ကိုယ်ရှေ.ဆက်နေရပါသေးတယ်။ ဘဝဆိုတာကလဲ မမျှော်မှန်းတာတွေ အလွန် ဖြစ်တတ်တာကိုး။ ဥပမာ သေင်္ကြာနေ.က ward sister ကြီးကပြောတယ်။ အီတာလီယန် (Italian) လူနာတယောက် ဆေးရုံဝန်ထမ်းတွေနဲ့ ပြဿနာဖြစ်ပြီး အလွန် ဒေါသထွက် သောင်းကျန်းနေတယ်တဲ့။ လာကူပေးပါတဲ့။ sister ကြီးက ပြောသေးတယ်။ အီတလီကဆိုတော့ အာကျယ်ကျယ်နဲ. ရိုင်းမှာပေါ့တဲ့ (အမ် အဲဒါတော့ မှန်သလား မှားသလား မီး မသိ)။ ဒီလိုနဲ. သူ.ရဲ့ ဝါးရင်းတုတ်စာရမလား အော်ဆဲတာ ခံရမလား တွေးပြီး အားမာန် အပြည့်နဲ. သွားလိုက်တာ သူနဲ. စကားနဲနဲပဲ ပြောလိုက်ရတယ်၊ ဒီအီတလီကြီးက ကိုယ့်ကို အလွန်ကျေးဇူးတင်ပါတယ်ဆိုပြီး သူ.ရဲ့ အီတလီ စားသောက်ဆိုင်ကိုတောင် အတင်းလာပါဦး ဆိုပြီး ဖိတ်ခေါ်တာ ခံခဲ့ရပါတယ်။ (ရောက်သွားမှ ဈေး၂ဆချပြီး လက်စားခြေမလားတော့ မပြောတတ်)

တခါတလေတော့ ကိုယ့်ကိုယ် အားမရဖြစ်မိတိုင်း ကိုယ်ရှေ.လေးစားစရာ ဆရာကြီးတွေကို ကြည့်ပြီး တနေ. ငါလဲ အဲဒီလိုဖြစ်အောင် ကြိုးစားရဦးမယ် ဆိုပြီး ဘဝကို အားတင်း ရှေဆက်ရင်း ဆက်ရင်း ဟိုရောက်ဒီရောက် စာကိုတော့ ဒီမှာဘဲ ရပ်လိုက်ပါတော့မယ်။