Menu bar

19 July 2012

Books I am reading

အလုပ်တွေ များလို. ဘလော့ဂ်မရေးဖြစ်တာ ကြာသွားပြန်ပေါ့။ အိုလန်ပစ်လဲ တပတ်ပဲ လိုတော့တာမို. နောက်ဆုံး အချောသပ် လေ့ကျင့်တာတွေ ဆွေးနွေးပွဲတွေလဲ ပြီးပေါ့။ တကယ့် ဂိမ်းပဲ ချောချောမောမော ပြီးပါစေလို. ဆုတောင်း ရပါတော့မယ်။

အလုပ်တွေများတယ် ဆိုတာထက် ဒီရက်ပိုင်း ခရီးတွေ အလွန်များနေတယ်လို.လဲ ပြောလို.ရပါတယ်။ ရထား ခဏ ခဏ စီးရတော့ iPad လေးနဲ. အပြင်းပြေ ဝတ္တု စဖတ်ဖြစ်ရာကနေ အခု ဝတ္ထုစွဲနေတာနဲ. ဘလော့ဂ် မရေးဖြစ်တာလို.လဲ ပြောလို.ရပါတယ်။ ဖတ်ဖြစ်တာကတော့ Stieg Larsson ရေးတဲ့ “millenium trilogy” ပါ။ Daniel Craig နဲ. The girl with the dragon tatoo ကို ရုပ်ရှင်တောင် ပြန်ရိုက်ထားပါသေးတယ်။ ဝတ္ထုက ရုပ်ရှင်ထက် အဆပေါင်းများစွာ ပိုကောင်းတယ်လို. ပြောလို.ရပါတယ်။ Harry Potter တုန်းကလို ရုပ်ရှင်ဘယ်လောက် ကောင်းတယ် ဆိုဆို စာအုပ်ကိုတော့ လုံးဝမမှီပါ။ အခုတော့ Stieg Larsson ၃အုပ်လုံး မရပ်မနား ဖတ်ပြီးသွားတော့ အားမရနိုင်သေးတာနဲ. အခု Dan Brown ရဲ့ မဖတ်ရသေးတဲ့ စာအုပ်တွေ (အခုလောလောဆယ်တော့ Digital Fortress) နဲ. Robert Patterson ရဲ. "Alex Cross" Series ဆက်ဖတ်ဖြစ်နေပါတယ်။ စာအုပ်ဖတ်ချင်တယ် ဆိုရင်တော့ တကယ် ဖတ်လို.ကောင်းတဲ့ (Thriller/Detective) စာအုပ်တွေပါ။ 

မနေ.က လန်ဒန် ယူစတန် ရထားဘူတာရုံရဲ. ကော်ဖီဆိုင်မှာ ရထားစောင့်နေရင်း Alex Cross - Along came a Spider (စိတ်ဝင်စားစရာ လျှို.ဝှက်သဲဖိုလိုမျိုးပါ) စာအုပ်ဖတ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အင်္ဂလိပ်မတယောက်က “စားစရာမရှိလို. ပိုက်ဆံလေးနဲနဲ ပေးပါနော်” ဆိုပြီး အနောက်ကနေ ကျမပုခုန်းကို လာထိပြီး ပိုက်ဆံ လာတောင်းပါတယ်။ စာအုပ်ထဲ အရမ်းစိတ်နှစ်နေတာနဲ. (ဆေးစာအုပ်တွေ ဖတ်ရရင်တော့ ဒီလို တခါမှ စိတ်မဝင်စားဖူးပါ) ဘေးပတ်ဝန်းကျင်ကို သိပ်သတိမထားမိ။ အနောက်ကနေ သူမက ပုခုန်းတို.စကားလာပြောတော့ ကျမမှာ တော်တော်လန်.သွားပြီး အံမယ်လေး ထအော်မိလို. ဘေးကလူတွေတောင် ပြူးတူးပြာတာ ကျမကို ဝိုင်းကြည့်လာပါသေးတယ်။ အင်္ဂလန်မှာလဲ အဲဒီလို တရားမဝင် တောင်းစားနေတဲ့ သူတောင်းစာတွေ ရှိတတ်တာပါဘဲ။ ရသမျှပိုက်ဆံကိုတော့ အစာစားဖို.ဆိုတာထက် သူ.တို.ရဲ့ အရက်ဖိုးနဲ. ဆေးချဖို.တွေ ဖြစ်သွားမှာပါဘဲ။ ကျမကို ခြိမ်းချောက်ဖူးတဲ့ ဆေးသမားတယောက်ကို ပြန်စဉ်းစားမိပါတယ်။ “ငါ့ကို အခု ဆေးရုံထဲခေါ်တင်ရင်တင်။ မတင်လို.ကတော့ ဟီးရိုးအင်း (ဘိန်း)တွေ အလွန် အကျွန်သုံးပြီး သေးကြောင်းသွားကြံပစ်လိုက်မှာ” တဲ့။ ကျမက “ဟဲ့ ဘယ်က ပိုက်ဆံရလို. အဲလောက် ဘိန်းအများကြီး ဝယ်မှာတုန်း” ဆိုတော့ သွားတောင်းစားမယ်။ မရရင် ခိုးမယ်တဲ့ .. ကဲ။ သူ.ကို ကျမ ဆေးရုံမတင် ထားလိုက်ပါ။ သူနာပြုတွေ ပြောတာက သူက နေစရာအိမ်မရှိတော့ ဆေးရုံကို အဲလိုပဲ လာ ခြိမ်းချောက်နေကျတဲ့။ သွားလုပ်ချင်တာ သွားလုပ်ခြေ ပြောပြီး သူ.ကို ပြန်လွှတ်လိုက်ပါတယ်။ စိတ်ကတော့ နဲနဲ ပူမိသား။ တော်ကြာ တကယ် သေကြောင်းများ သွားကြံနေမလားရယ်လို.ပေါ့။ နောက်နေ. ဒင်း ဆေးရုံကို ထပ်လာပြီး အရင်နေ.ကအတိုင်း ပူညံ ပူညံ လာလုပ်တာ တွေ.တော့မှ သက်ပြင်းခိုးချမိပါတယ်။  

အဲဒီတော့ ဒီ “အောင်မယ်လေး” မအော်တာ တော်တော် ကြာပါပေါ့လားရယ်လို.လဲ တွေးမိပါသေးတယ်။ နောက်ဆုံးတခေါက် အော်မိတာက မှတ်မှတ်ရရ ကာမောင်းပြီး အိမ်အပြန်။ ကားလမ်းက highway/Motorway ပေါ်မှာ။ ကားတွေက အရမ်းပိတ်နေတော့ ကားပေါ်မှာ Oxford ဆရာတော် ဟောထားတဲ့ တရားခွေ ဖွင့်ဖြစ်ပါတယ်။ စိတ်မရှည်တာ စိတ်တိုတာတွေ နဲအောင်လို. ဆိုပြီးတော့ပေါ့။ ဒါနဲ. ဆရာတော်က တရားပြီးတော့ ခဏနားတယ်ထင်ပါတယ်။ ကားကက်ဆက်က ဘာအသံမှ မလာတော့။ ကျမလဲ တရားခွေဖွင့်ထားတာ မေ့သွားပြီး ကားပဲ အာရုံစိုက် ဆက်မောင်းဖြစ်နေပါတယ်။ ကားထဲလဲ တိတ်ဆိတ်လို.၊ ကျမ စိတ်ကလဲ ဟိုလွှင့် ဒီလွှင့်ရှိနေတုန်း ရုတ်တရက် ကားကက်ဆက်ကနေ ဆရာတော်ရဲ့ “အဟမ်း အဟမ်း” ချောင်းဟန်.သံ ထွက်လာပါရော။ ကျမမှာ ရင်ထဲ ဒီန်းခနဲ လန်.ပြီးတော့ ကားထဲမှာ တယောက်ထဲ အော်ထဲ့လိုက်တာ “အောင်မယ်လေး .. တော့” ဆိုပြီးတော့။ ပြန်ပြောပြတော့ ကျမ အမျိုးသားမှာ ကျမကို ရယ်လို. စလို.ကို မဆုံးတော့။

အခုတလော တူလေးက အိမ်မှာ စနေ တနင်္ဂနွေဆို ရောက်လာတတ်ပါတယ်။ အရင်တပတ်က သူနဲ. လေပန်းကြတော့ ဖတ်ကောင်းတဲ့ စာအုပ်တွေအကြောင်း ပြောဖြစ်ပါတယ်။ တူလေးက အင်တာနက်မှာ အခု New York Times best seller ဆရာမ "E L JAMES" ရဲ. "The fifty shades of Grey" စာအုပ်စီးရီး (၃ အုပ်တွဲ) နာမည်ကြီးနေတယ်။ ဖတ်ကြည့်ပါလား ဆိုတာနဲ. စာအုပ်အကြောင်းကို Internet research လုပ်ဖြစ်ပါတယ်။ တခြားဖတ်ပြီးတဲ့ လူတချို.က စာအုပ်ကို ဝေဖန်ထားတာ “baby Pornography” နဲ.တူတယ် ဆိုတော့ တယောက်ထဲ ခစ်ကနဲ ရယ်ဖြစ်ပါသေးတယ်။ ဒီတူလေး ဘုမသိ ဘမသိ baby porn ကို လာဖတ်ခိုင်းနေရသလား ရယ်လို.။ ဇတ်လမ်းအတိုချုပ် ရေးထားတာကတော့ ကောလိပ်ကျောင်းသူလေးက မီလျံနာ လူချော မင်းသားကို သူမ စာစောင်အတွက် အင်တာဗျူးရာကနေ၊ ဖြစ်ပေါ်လာတဲ့ အားလုံးပြည့်စုံတဲ့ ကိုကို ရွှေမင်းသား သဌေးနဲ. စင်ဒရယ်လား ဇတ်လမ်းမျိုးရယ်ပေါ့။ ဒါနဲ. စာအုပ်တော့ မဖတ်ဖြစ်။ (အချစ်ဝတ္ထု ဆိုရင် မကြိုက်တတ်လို.ပါ) စာရေးဆရာမ အကြောင်းတော့ နဲနဲ ဆက်စပ်စုမိပါသေးတယ်။ အားကျစရာပါ။ စာရေးဆရာမက ပုံမှန် လက်လုပ်တန်းစား ဘဝ။ လွန်ခဲ့တဲ့ ၂-၃နှစ်လောက်ကမှ အချစ် ဝတ္ထုလေးစရေးဖြစ်တာ၊ သူမစာအုပ်က ပေါက်သွားတော့ စာအုပ်အတွက် သူမရတာ စာရေးခ အင်္ဂလန်ပေါင် ၃သန်းကျော်၊ ရုပ်ရှင်ရိုက်ဖို. ဟောလိဝဒ် က သူမစာအုပ်ကို ဝယ်သွားတာ ပေါင်၃သန်းခွဲနဲ.တဲ့။ အချစ်ဇာတ်လမ်း စာအုပ်ကလေး ၃အုပ်ထဲရယ်နဲ. မီလျံနာကြီး ဖြစ်လို.သွားပါပြီ။ 

ဟင်း .... ကျမတောင် လိုင်းပြောင်းပြီး စာပဲ ရေးရမလားလို. အခု လေးလေးနက်နက် စဉ်းစားနေပါတယ်။ (ဟိ)


မှတ်စု။    ။စာရေးရန် အချစ်ဇတ်လမ်းကောင်း ကုန်ကြမ်းလေးများရှိက အလိုရှိပါသည်။ ကော်မစ်ရှင် ကောင်းကောင်းပေးပါမည်။ (အဟဲ .. နောက်တာနော်။)